အောင်တံခွန် (၃) သ င်္ဘောမှာ သက်ဆိုင်ရာဝန်ထမ်းများ၏ စီမံခန့်ခွဲမှုအား နည်းခြင်း ကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး တာဝန် ရှိသူများကို လိုအပ်သလိုအ ရေးယူသင့်သည်ဟု ရခိုင်ပြည် နယ်အစိုးရအဖွဲ့ စုံစမ်းစစ်ဆေးရေးအစီရင် ခံစာတွင် ဖော်ပြ ထားကြောင်း သတင်းရရှိသည်။
အောင်တံခွန် (၃) နစ်မြုပ်ခဲ့ ခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ရေးအဖွဲ့က လေ့လာတွေ့ရှိချက် များ ဖော်ပြရာတွင် သင်္ဘော သက်တမ်းကြာမြင့် သောကြောင့် ဟောင်းနွမ်းနေခြင်း၊ သတ်မှတ်ချက်ထက် ခရီးသည်နှင့် ၀န်အဆမတန် ပိုမိုတင်ဆောင်ခြင်း၊ ရေကြောင်းပို့ဆောင်ရေးဝန်ထမ်းများ၏ စီမံခန့်ခွဲမှုနှင့် တာဝန်ယူမှုအားနည်းခြင်းတို့ကြောင့် နစ်မြုပ်ခဲ့ ရခြင်း ဖြစ်သည်ဟု ပါဝင်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
‘‘အဓိကပြဿနာက ရေ ကြောင်းဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲ မှုညံ့ဖျင်းလို့ပါ’’ဟု ဦးအောင်ဝင်း က ဆိုသည်။ထို့အပြင် သင်္ဘော ၀န်ထမ်း များမှာ အရက်သေစာသောက်စားထားပြီး ကြိုတင်သတိပေးခြင်းများ မပြုလုပ်နိုင်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြ ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။ အောင်တံခွန် (၃) နစ်မြုပ်မှုတွင် သေဆုံးနှင့်ပျောက်ဆုံးသူဦးရေမှာ အစိုးရ ထုတ်ပြန်ချက်များထက်ပိုမို များပြားနိုင်ကြောင်း ဒေသခံများက ဆိုသည်။
သင်္ဘောနစ်မြုပ်မှုနှင့် ပတ် သက်၍ တာဝန်ရှိဝန်ထမ်းများကို စစ်ဆေးမှု များပြုလုပ်နေကြောင်း သတင်းရရှိသည်။ ‘‘အခု ကတော့ ရေယာဉ်ဝန် ထမ်းတွေကို ခေါ်ယူစစ်ဆေးနေ ပါတယ်’’ဟု ဦးအောင်ဝင်းက ပြောသည်။အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ရခိုင် ပြည်နယ်လွှတ်တော်မှလည်း စုံ စမ်းစစ်ဆေးရေးအဖွဲ့ လေးဖွဲ့ဖွဲ့ ၍ ကွင်းဆင်းလေ့ လာမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသော အောင်တံ ခွန် (၃) နှစ်ထပ်သင်္ဘောမှာ မတ် လ ၁၃ ရက်ညက မြေပုံ မြို့နယ်ငပသုန်ကျေးရွာ အနီးတွင် နစ်မြုပ် ခဲ့ခြင်း ဖြစ်သည်။ သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၆၂ ဦးသေဆုံးပြီး ၁၇၂ ဦး ကယ်ဆယ်နိုင် ခဲ့ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်ဟု ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်များကပြောသည်။
‘‘အသက်ရှင်တာ ၁၆၉ ဦး ပြီးတော့ အမျိုးသမီး သုံးဦးက ငါး ဖမ်းလှေနဲ့ တွေ့ပြီး ကမ်းထောင့် ကြီးဘက်ပါသွားတယ်လို့ သိရ တယ်။ ဘယ်ဇာတိလဲ ဆိုတာ စုံ စမ်းဆဲပါ’’ဟု ဦးအောင်ဝင်းက ဆို သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို တာဝန်ရှိသူ များက လွှတ်တော်အ စည်းအဝေးတွင် လာရောက်ဖတ် ကြားခဲ့ပြီး တာဝန်ရှိဝန်ထမ်းများ ကို အရေးယူသင့်ကြောင်း ဖော်ပြ ထားသည်ဟု ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးအောင်မြ ကျော်က ပြောသည်။
အစီရင်ခံစာတွင် ဖော်ပြထားသော လိုက်ပါလာသည့် ခရီးသည် စာရင်းတွင် ၁၂ နှစ်အောက်က လေးများစာရင်းမပါ ၀င်ကြောင်း လည်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
7Day News Journal
No comments:
Post a Comment