Tuesday, March 31, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်ဖက်စောင်းနင်းဖြစ်နေပါက ရွေးကောက် ပွဲများမှာ မည်သို့မှ ညီမျှမှုမရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်ဖက်စောင်း နင်းဖြစ်နေပါက ရွေးကောက်ပွဲများမှာ မည်သို့မှညီမျှမှု မရှိနိုင်ကြောင်း ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြု လုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေတ္တအ နားယူချိန်တွင် ကလော၊ ထားဝယ် နှင့် မုဒုံမြို့တို့မှ လာရောက်လေ့လာ ကြသော NLD အဖွဲ့ဝင်များနှင့် အခြားပါတီ အဖွဲ့ဝင်များအား ပြော ကြားခဲ့သည်။
''ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာက လဲ ရွေးကောက်ပွဲဟာ တရားမျှတမှု နဲ့ လွတ်လပ်ဖို့ပဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တစ်ဖက်စောင်းနင်းဖြစ် နေရင် ဘယ်လိုရွေးကောက်ပွဲမှ ညီ ညီမျှမျှမရှိနိုင်ဘူး။ အဲဒီတော့ အဲဒါ ဟာအဓိက၊ ဒါရိုးရိုးလေးပဲ၊ တချို့ တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲနဲ့ ဘာဆိုင်လဲလို့ပြော ကြတယ်။အများကြီးဆိုင်တာပေါ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေက မျှမျှ တတ မရှိရင် ဒီရွေးကောက်ပွဲ မျှမျှတတ မရှိဘူး၊ ရွေးကောက်ပွဲမျှမျှတတမရှိ လို့ရှိရင် ပြည်သူတွေကိုယ်စားပြု မှု ဟာ မစစ်မှန်ဘူး၊ အဲဒီဟာအတွက် ပဲ အားလုံးအတူတူလုပ်ရမယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထပ် လောင်းပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ''အခုဒီမှာရှိနေတဲ့စနစ်က ဟိုမကျဒီမကျ သမ္မတစနစ်လဲမဟုတ် ဘူး။ ပါလီမန်စနစ်လဲမဟုတ်ဘူး၊ ဘာဖြစ်လိုလဲဆိုတော့ အစိုးရအဖွဲ့ ထဲမှာပါတဲ့သူတွေက အားလုံးတစ် ခါတည်း လွှတ်တော်က ထွက်ပစ် လိုက်တယ်၊ ထွက်ပစ်လိုက်တော့ အစိုးရနဲ့ လွှတ်တော်က သတ်သတ် စီဖြစ်နေ တယ်၊ နောက်ပြီး သမ္မတ ဆိုတာလဲ တကယ်တော့ ပြည်သူက နေပြီးတော့ တိုက်ရိုက်ရွေးချယ်တဲ့ ပုဂ္ဂိုလ် မဟုတ်ဘူး၊ သမ္မတကို ပြည် သူတွေက တိုက်ရိုက်ရွေးချယ်ပိုင် ခွင့် မရှိဘူး၊ လွှတ်တော်ကပဲ၊ လွှတ် တော်က ပဲဆိုတော့ တစ်နည်းအား ဖြင့် အများစုရတဲ့ ပါတီကပဲ ရွေးချယ် လိုက်တယ်ဆိုပါတော့၊ အဲဒီတော့ အခု မြန် မာနိုင်ငံဟာ ဒီမိုကရေစီရ ပြီလားဆိုတော့ မရသေးဘူး၊ လမ်းစ မှာပါပဲရှိတယ်၊ ဒါကပြီးပြည့်စုံလား ဆိုတော့ မပြီးပြည့်စုံသေးဘူး၊ တကယ် ပြီးပြည့်စုံဖို့ဆိုရင် အရေးကြီးတာက ၂ဝ၁၅ ရွေးကောက်ပွဲဟာ တရား မျှတ မှန်ကန်ဖို့လိုတယ်၊

အဲဒီတော့မှပဲ တကယ့်ကို ပြည်သူကို ကိုယ်စား ပြုတဲ့ဥပဒေပြုမဏ္ဍိုင်တစ်ခု ပေါ် လာမှာပေါ့၊ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို ပြောင်းလဲချင်တယ်ဆိုတာကလဲ ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်ဖို့ပဲ'' ဟု ထပ်မံပြော ကြားခဲ့သည်။

MP
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List