Monday, March 30, 2015

လီကွမ်ယုဈာပနသို့ သမ္မတဦးသိန်းစိန် နေ့ချင်းပြန်တက်ရောက်


စင်ကာပူနိုင်ငံတည် ထောင်ခဲ့သူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ဈာပနအခမ်းအနားကို မတ်လ ၂၉ ရက် တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့ရာ သမ္မတဦးသိန်းစိန်နေ့ချင်းပြန် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၂၉ ရက်တွင် သမ္မ တဦးသိန်းစိန်သည် စင်ကာပူဝန် ကြီးချုပ်ဟောင်း မစ္စတာ လီကွမ်ယု၏ ဈာပန အခမ်းအနားကျင်းပသည့် စင်ကာပူ အမျိုးသားတက္က သိုလ်ယဉ်ကျေးမှုစင်တာသို့ နေ့ ချင်းပြန်သွားရောက်ပြီး ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

စင်ကာပူနိုင်ငံကို တည် ထောင်ခဲ့ပြီး ပထမဆုံးဝန်ကြီးချုပ် အဖြစ် တာဝန်ယူ ခဲ့သော မစ္စတာ လီကွမ်ယုသည် မတ်လ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၈ မိနစ်တွင် စင်ကာပူနိုင်ငံ အ ထွေထွေရောဂါကုဆေး ရုံ၌ အ ဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၁) နှစ်ရှိပြီဖြစ်သည်။

စင်ကာပူဝန်ကြီးချုပ်ဟောင်း  မစ္စတာ လီကွမ်ယု ဈာပနအခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံသမ္မတ၊ အိန္ဒိယနိုင် ငံဝန်ကြီးချုပ်၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့လည်း တက် ရောက်ခဲ့ပြီး စင်ကာ ပူ ပြည်သူများ ကလည်း ၎င်းတို့ ခေါင်းဆောင်၏ နောက်ဆုံးခရီးကို ဂါရ၀ပြုရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ခဲ့ ကြသည်။

မစ္စတာ လီကွမ်းယုသည် စင်ကာပူနိုင်ငံကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ရောက်ရှိအောင် တည်ထောင်ပေးနိုင် ခဲ့သော်လည်း ၎င်းသည် အာဏာရှင် တစ်ဦးဖြစ်ကာ အတိုက်အခံနိုင်ငံရေးသမား များကို နှိပ်ကွပ်မှုများရှိခဲ့ကြောင်း ဝေဖန်မှုအချို့လည်း ရှိခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List