Tuesday, March 31, 2015

အိုင်အက်စ်တို့ကို အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုများက အရာမရောက်ဟု ဆီးရီးယားသမ္မတ ဝေဖန်


ဆီးရီးယားတွင် အမေရိကန် ဦးဆောင်သည့် လေကြောင်းထိုးစစ်များ ပြု လုပ်နေသော်လည်း အစ္စလာမ် မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များ၏ အင်အားကို မဖြိုဖျက်နိုင်ကြောင်း ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်က ဝေဖန် ပြောကြားလိုက်သည်။
အာဆက်ဒ်သည် အိုင်အက်စ် အပါအဝင် စစ်သွေးကြွ အဖွဲ့အစည်း အများအပြား၏ တော်လှန်ခြားနားမှုကို ကြုံနေရသူ ဖြစ်သည်။ အမေရိကန်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အိုင်အက်စ် စစ်သွေးကြွများကို အီရတ်နှင့် ဆီးရီးယားပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အာဆက်ဒ်နှင့် ပူးပေါင်း လက်တွဲမှု မရှိချေ။

CBS၏ 60 Miniutes အင်တာဗျူး အစီအစဉ်တွင် အာဆက်ဒ်က ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလက စတင် ခဲ့သော အမေရိကန် ဦးဆောင်သည့် ပူးပေါင်းလေတပ်၏ တိုက်ခိုက်မှုသည် အိုင်အက်စ်တို့၏ အင်အားကို ဖြိုခွဲရာတွင် အရာမရောက်ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။

“ဒေသတွင်း ထောက်ခံမှုတော့ မြင့်တက်လာမှာပဲလို့ တစ်ခါတစ်လေ ခင်ဗျားတို့ တွေးမိချင် တွေးမိမယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ အိုင်အက်စ် ပြဿနာက ကွဲလွဲမှုတွေ ရှိတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ စကတည်းက အိုင်အက်စ်ဟာ သူတို့ရဲ့ ဩဇာသက်ရောက်မှုကို ဖြန့်ကျက်နိုင် ခဲ့တယ်”ဟု အာဆက်ဒ်က ဆိုသည်။ ၎င်းက အိုင်အက်စ် တပ်ဖွဲ့သည် တစ်လအတွင်း ဆီးရီးယားတွင် လူသစ်တစ်ထောင်ကျော်မျှ စုဆောင်းနိုင် ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

“အီရတ်ဘက်ကို ကြည့်ဦး။ သူတို့ ဩဇာက ဆက်ပြီး ဖြန့်ကျက်နေတုန်းပဲ။ လစ်ဗျားမှာဆိုလည်း တူတူပဲ။ အရင်က အယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်း တော်တော်များများက သူတို့ဟာ အိုင်အက်စ်ရဲ့ မဟာမိတ်ဖြစ်ကြောင်း ကြေညာလာကြတယ်။ ဒီကိစ္စက တကယ်တမ်း အလေးထားသင့်တဲ့ အခြေအနေ တစ်ရပ်ပါပဲ”ဟုလည်း အာဆက်ဒ် က ထောက်ပြခဲ့သည်။

ပြည်တွင်းစစ် ဖြစ်ပွားနေသည့် အခြေအနေတွင် ဆီးရီးယားသမ္မတ ရာထူးကို စွန့်ခွာရန် စိတ်ကူးရှိ၊ မရှိ မေးမြန်းသည့် အခါ၌ အာဆက်ဒ်က “ပြည်သူ လူထုက ကျွန်တော့်ကို မထောက်ခံတော့ရင်၊ ဒါမှမဟုတ် ကျွန်တော်က ဆီးရီးယားရဲ့ တန်ဖိုးနဲ့ အမွေအနှစ် ပြယုဂ်တွေကို ကိုယ်စား မပြုနိုင်တော့ ဘူးဆိုရင် ဒီကိစ္စကို စဉ်းစားပါမယ်”ဟု ဖြေကြားသွားသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List