Monday, March 30, 2015

တိုင်းပြည်ကို အဖွဲ့အစည်းတစ်ခုတည်းက အုပ်ချုပ်၍မရနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


တိုင်းပြည်ကို မည်သည့်အဖွဲ့အစည်း တစ်ခုတည်းက အုပ်ချုပ်၍ မရကြောင်း ပြည်သူလူထု၏ ထောက်ခံ မှု ၊ ပြည်သူလူထု၏ ယုံကြည်မှု ရှိမှ သာလျှင် မှန်မှန်ကန်ကန် အုပ်ချုပ်၍ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာနနှင့် အပတ်စဉ်တွေ့ဆုံခန်းတွင် ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပါက တိုင်းပြည်အုပ်ချုပ်ရန် အဆင်သင့်ဖြစ်ပြီလားဟု RFA သတင်း ဌာန၏ မေးမြန်းမှုကို “တိုင်းပြည်ကို ဘယ်အဖွဲ့တစ်ခုတည်းမှ အုပ်ချုပ်လို့မရဘူး။ ပြည်သူလူထု ရဲ့ ထောက် ခံ မှုနဲ့မှသာရတာ။ အဖွဲ့တစ်ခုကနေပြီးတော့ ဒီလိုပဲ ရွေးကောက်ခံ ရလိုက်တာနဲ့ အစိုးရဖြစ်တာနဲ့ တိုင်းပြည် အုပ်ချုပ်လို့ ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်သူရဲ့ထောက်ခံမှုနဲ့ ပြည်သူရဲ့ ယုံကြည်မှုရှိမှသာလျှင် တကယ့် ကို မှန်မှန်ကန်ကန် အုပ်ချုပ်လို့ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ တိုင်းပြည်အုပ်ချုပ်ရန် ပထမအရေးကြီးဆုံး သည် ပြည်သူ လူထုနှင့် ဖြောင့်ဖြောင့်မတ်မတ် ဆက် ဆံရန်လိုအပ်သည်။ သို့မှသာ ပြည်သူ ၏ ထောက်ခံမှုနှင့် ယုံကြည်မှုကို ရရှိမည်ဖြစ်သည်။ ပြည်သူလူထု ၏ ထောက်ခံမှုနှင့် ယုံကြည်မှုမရရှိပါက မည်သည့်အစိုးရမျှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောဆိုခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၏ ကာတာ ရန်ပုံငွေ လေ့လာရေးအဖွဲ့တို့အား လာရောက် လေ့လာခွင့်ပြုထားပြီး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်ရမည်ဟု အစိုးရခေါင်းဆောင်များက ပြောဆိုထားမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “လွတ်လပ် မျှတတယ်ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖော်လဲတော့ မသိပါဘူး။ တကယ်ပဲ မျှတရမယ် ဆို ရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ရပါလိမ့်မယ်” ဟု ပြောဆို ခဲ့သည်။

ဇော်မင်းထွန်း
The Ladies News Journal


No comments:

Post a Comment

My Blog List