Friday, April 03, 2015

အီရန် နျူ ကလီးယား သဘောတူမှု ရှေ့ရေး Obama အကောင်းမြင်


အီရန်နျူကလီးယားအရေး ကြာသပတေးနေ့ကရလိုက်တဲ့ မူဘောင် သဘောတူညီချက်ဟာ နျူကလီးယား လက်နက် တည်ဆောက်နိုင်မယ့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်မှာဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်။
ကနဦးသဘောတူညီချက်ကနေ နောက်ဆုံးအဆင့် ပြီးပြည့်စုံတဲ့ သဘောတူညီချက်တရပ် ရမယ်ဆိုရင် ကမ္ဘာကြီး ပိုပြီး ဘေးကင်း လုံခြုံလိမ့်မယ်လို့ မစ္စတာအိုဘားမားကပြောပါတယ်။

အီရန်နဲ့ အမေရိကန်အပါအ၀င် ကမ္ဘာ့အင်အားကြီးခြောက်နိုင်ငံအကြား မူဘောင် သဘောတူညီချက်တရပ် ကို ကြာသပတေးနေ့က ဆွစ်ဇာလန်နိုင်ငံ၊ Lausanne မြို့မှာ ရလိုက်တာပါ။ အောင်မြင်မှုရပါ့မလားလို့ မကြာခနဆိုသလို မသေမချာဖြစ်ခဲ့ပြီး လပေါင်းများ စွာ အပြင်းအထန် ဆွေးနွေးပြီးတဲ့နောက် သဘောတူ ညီချက်ရတာပါ။

သဘောတူညီချက်အရ ယူရေနီယမ်သန့်စင်တဲ့ အစီအစဉ်ကို အီရန်က လျှော့ချရမှာဖြစ်ပြီး အပြန်အလှန် အားဖြင့် ဒဏ်ခတ်အရေး ယူထားတာတွေ ကို လျှော့ပေါ့ပေးမှာဖြစ်ပါတယ်။

အထူးသဖြင့် အစ္စရေးလ်အပါအ၀င် ဒီ စေ့စပ်ဆွေးနွေးပွဲကို ဝေဖန်သူတွေက အမေရိကန်နဲ့ ကမ္ဘာ့အင် အားကြီးနိုင်ငံတွေဟာ အီရန် ကို သိပ်ပြီး လိုက်လျောလွန်းသလိုဖြစ်လိမ့်မယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ နျူကလီးယားဆိုင်ရာ နေရာတွေကို အပြင်းထန်ဆုံးနဲ့ အနှောက် အယှက်ဖြစ်စရာအကောင်းဆုံး စစ်ဆေးမှုတွေခံယူဖို့ အီရန်က သဘောတူ ထားတာကြောင့် တကယ်လို့သာ အီရန်က မလိမ့်တပတ်လုပ် မယ်ဆိုရင် ကမ္ဘာကြီးအနေနဲ့ သိရလိမ့်မယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။

VOA

No comments:

Post a Comment

My Blog List