Wednesday, April 01, 2015

အိုဘားမား ပတ်စ်ပို့ ပေါက်ကြားတဲ့ ကိစ္စကို စုံစမ်းမှုလုပ်နေ


အမေရိကန် သမ္မ ဘာရက် အိုဘားမားရဲ့ နိုင်ငံကူး လက်မှတ် အသေးစိတ် အချက်အလက်တွေကို ပေါက် ကြားအောင် လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်နေပြီလို့ အမေရိကန် အိမ်ဖြူတော်က ပြောပါ တယ်။
အရင်နှစ်ကုန်ပိုင်းတုန်းက သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ စက်မှုထိပ်သီး နိုင်ငံများ ၂၀ G-20 အစည်းအဝေး ကို တက်ရောက်နိုင်ဖို့ ပို့ပေးထားတဲ့ အမေရိကန် သမ္မတရဲ့ နိုင်ငံကူး လက်မှတ် အသေးစိတ်ကို သြစတြေး လျ လူဝင်မှုကြီးကြပ်ရေးဌာနက ပေါက်ကြားခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘာရက်အိုဘားမားရဲ့ နိုင်ငံကူးလက်မှတ်သာမက ရုရှားသမ္မတ ဘလာဒီမီယာ ပူတင်၊ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel လို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပတ်စ်ပို့ အချက်အလက်တွေ ပေါက်ကြား သွားတာပါ။

ပတ်စ်ပို့နံပတ်တွေ၊ မွေးသက္ကရာဇ်တွေ၊ ဗီဇာအချက်အလက်တွေကို သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေး ဌာနက အာရှဖလား ဘောလုံးအဖွဲ့ချုပ်ရဲ့ ပွဲဖြစ်မြောက်ရေး ကော်မတီကို ပို့ပေးခဲ့တာပါ။

လူဝင်မှုကြီးကြပ်ရေးဌာနက အမှုထမ်းက မှားယွင်းစွာ ပို့ခဲ့မိတာဖြစ်ပြီး အဲဒီ အချက်အလက်တွေ မှားပို့ မိပြီဆိုတာကို လက်ခံတဲ့လူက သိရှိတဲ့အတွက် တခြားလူတွေရဲ့ လက်ထဲ ထပ်မံ ဖြန့်ချီတာမျိုးတွေ မလုပ်ပဲ လက်ခံသူက ဖျက်လိုက်ပြီလို့ လူဝင်မှုကြီးကြပ်ရေးက ဖြေရှင်းထား ပါတယ်။

နေရပ်လိပ်စာတွေ၊ ဘဏ်စာရင်း အချက်အလက်တွေ မပါတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေအတွက် အသက်အန္တရာယ် မဖြစ်လောက်ဘူးလို့ သြစတြေးလျက ယူဆခဲ့ပါတယ်။

နောက်နောင်ကျရင် အဲဒီလို အမှားမျိုး ထပ်မဖြစ်ရအောင် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းပါဝင်တဲ့ အီးမေးလ်တွေကို ပို့မယ့် ကိစ္စမှာ အပြောင်းအလဲ လုပ်လိုက်ပြီလို့ သြစတြေးလျ နိုင်ငံက အဲဒီအချိန်တုန်းက တုန့်ပြန်ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List