Wednesday, April 01, 2015

နိုင်ဂျီးရီးယား ရွေးကောက်ပွဲမှာ စစ်အရာရှိဟောင်း အနိုင်ရ


နိုင်ဂျီးရီးယား နိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲအတွင်း ၁၉၈၀ ပြည့်နှစ်တွေတုန်းက အာဏာကို သိမ်းပိုက်ပြီး အုပ်ချုပ်ခဲ့ဖူးသူ စစ်အရာရှိဟောင်း Muhammadu Buhari က အနိုင်ရရှိသွားပြီး သမ္မတ Goodluck Jonathan က ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။
အသက် ၇၂ နှစ်အရွယ် ဗိုလ်ချုပ်ဟောင်းက သမ္မတ Goodluck Jonathan ထက် မဲပြား အခုပေါင်း ၃ သန်းလောက်နီးပါး အသာရပြီး အနိုင်ရရှိသွားတာပါ။

ပြည်နယ် ၃၆ ခုက မဲပြားတွေကို ရေတွက်ရာမှာ ဗိုလ်ချုပ်ဟောင်း Buhari က ၁၅.၄ သန်း ရရှိပြီး မစ္စတာ ဂျွန်နယ်သန်က ၁၂.၉ သန်း ရရှိတာ ဖြစ်ပါတယ်။

အဲဒီလို အနိုင်ရသွားတဲ့အပေါ် မစ္စတာ Goodluck Johnathan က ဗိုလ်ချုပ်ဟောင်း Buhari ကို ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ Goodluck Johnathan ဦးဆောင်တဲ့ အစိုးရဟာ စစ်အစိုးရ စနစ်အပြီး ၁၉၉၉ ခုနှစ်ကတည်းက အာဏာရလာတာ ဖြစ်ပါတယ်။ သမ္မတ သက်တမ်း လေးကြိမ် ရရှိဖို့ ကြိုးစားခဲ့ပေမယ့်လည်း အစိုးရအတွင်း အဂတိလိုက်စားမှုသတင်းတွေ၊ ဘိုကိုဟာရမ် အကြမ်းဖက် အဖွဲ့ သောင်းကျန်းမှုတွေ ပိုများလာပြီးနောက် အစိုးရအပေါ် စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲအတွင်း လက်ရှိ သမ္မတက ရှုံးနိမ့်ခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ ပထမဆုံးအကြိမ် ဒီမိုကရေစီ နည်းကျကျ ကျင်းပတဲ့ ရွေးကောက်ပွဲလို့လည်း ပြောဆို ကြပါတယ်။

ဒီလို ဆုံးဖြတ်ချက်တွေ မပေါ်လာခင်တုန်းကတော့ ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက်မှုတွေ လုပ် တယ်ဆိုပြီး အစိုးရဖြစ်နေတဲ့ People's Democratic Party PDP က စွပ်စွဲခဲ့ပါတယ်။ ဒီရွေးကောက်ပွဲ ကို ဖေဖော်ဝါရီလ ၁၄ ရက် ကတည်းက ကျင်းပဖို့ ရှိပေမယ့် လုံခြုံရေး အန္တရာယ်ကြောင့် နှောင့်နှေးပြီး အခုမှ ဆုံးဖြတ်နိုင်တာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၁၇၃ သန်း ရှိတယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ်ဟောင်း Buhari အနိုင်ရတဲ့ သတင်းကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ တံမြက်စည်းတွေကိုင် လမ်းပေါ် ထွက်ပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြပါတယ်။

တံမြက်စည်းကိုင်ရတဲ့ အကြောင်းရင်းကတော့ တံမြက်စည်းဟာ ဗိုလ်ချုပ်ဟောင်း Buhari ပါတီရဲ့ အမှတ် တံဆိပ်ဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံကို အဂတိမှုတွေ ကင်းရှင်းသွားအောင် ရှင်းလင်းပစ်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List