Monday, March 30, 2015

ပြပွဲမှအပြန် ရေတပ်သင်္ဘော မလေးရှားရှိ ဖမ်းဆီးခံလုပ်သား ၁၀၂ ဦးကို ခေါ်ဆောင်လာ


မလေးရှားနိုင်ငံသို့ တရားမ၀င်ရောက်ရှိပြီး ဖမ်းဆီးထိန်း သိမ်းခံထားရသည့် မြန်မာလုပ် သား ၁၀၂ ဦး သယ်ဆောင်လာ သော စစ်ရေယာဉ်သည် သီလ၀ါဆိပ်ကမ်းသို့ မတ်လ ၂၉ ရက်က ပြန်လည်ရောက်ရှိလာ ခဲ့ကြောင်း သတင်းရှိသည်။
မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး သဘောတူ ညီချက်အရ အဆိုပါရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြော သည်။

မဟာသီဟသူရစစ်ရေယာဉ်သည် မလေးရှားနိုင်ငံ ရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်း၌ မတ် ၁၇ ရက် မှ ၂၁ ရက်အထိ ကျင်းပသည့် လန်ကာဝီ နိုင်ငံတကာလေကြောင်း၊ ရေကြောင်းပြပွဲ သို့ ပထမဆုံးအ ကြိမ် သွားရောက်ပြသခဲ့ခြင်းဖြစ် သည်။ အပြန်တွင် မလေးရှား၌ ဖမ်းဆီးခံနေရသော မြန် မာအလုပ်သမားများကို ပြန်လည်ခေါ် ဆောင်လာခဲ့ခြင်းဖြစ်သည်။

‘‘အခုပြန်ပါလာတဲ့ အလုပ် သမားတွေက တစ်ယောက်နဲ့တစ် ယောက်ရောက်ရှိပုံခြင်းမတူကြပါဘူး။ အဲဒီ လူတွေ တစုတစည်း တည်း တပ်မတော်က စုစည်းပြီး ပြန်ခေါ်လာတာ။ ကျန်သေးတဲ့သူ တွေ ရှိ၊ မရှိတော့ မသိရသေးဘူး’’ဟု အထက်ပါပုဂ္ဂိုလ်ကပြော သည်။

ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများ ပြည်တွင်း၌ အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ စီစဉ် ပေးသွားရန်ရှိသည်ဟုဆိုသည်။

မြန်မာ့နိုင်ငံ ရွှေ့ပြောင်းအ လုပ်သမားများအနေဖြင့် မလေးရှားနိုင်ငံသို့ တရားမ၀င်သွား ရောက်လုပ်ကိုင် မှုကြောင့် မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံရလေ့ရှိကာ နှစ်နိုင်ငံအစိုးရ ညှိနှိုင်းမှုဖြင့် တရားမ၀င် လုပ်သား များအား လေကြောင်းလိုင်းဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့ သော်လည်း တပ်မတော်(ရေ) သင်္ဘောဖြင့် ပြန်လည်ခေါ်ဆောင် ခြင်းမှာ ပထမဆုံးဖြစ်သည်။

ရေတပ်သင်္ဘောဖြင့် ခေါ်ဆောင်လာသော လုပ်သားများ ပြန်ရောက်လာစဉ် (ဓာတ်ပုံ − MOI)
7Day Daily

No comments:

Post a Comment

My Blog List