Monday, March 30, 2015

နယ်သာလန်ဘုရင်မ ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောမည်


နယ်သာလန် ဘုရင်မ (Queen Maxima) ၏ မိန့်ခွန်းသည် စီးပွားရေးတက္ကသိုလ်တွင် မာစတာပရိုဂရမ် တက်ရောက် နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ဘဏ္ဍာရေးသုံးစွဲမှုဆိုင် ရာအသိပညာဗဟု သုတများ တိုးပွား စေမည်ဟုမျှော်လင့်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦး ကပြောကြားသည်။
ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူး၏ ဘဏ္ဍာရေးဖွံ့ဖြိုးမှုဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မတ် ၃ဝ ရက်တွင် မြန်မာနိုင်ငံသို့အလည်အ ပတ်ရောက်ရှိလာမည့် နယ်သာလန် ဘုရင်မ (Queen Maxima) သည် ရန်ကုန် တက္ကသိုလ်သို့ လာရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ရာ ယင်း မိန့်ခွန်းသည် စီးပွားရေးတက္က သိုလ် မာစတာပရိုဂရမ်မှ ကျောင်းသား၊ ကျောင်းသူများ အတွက် ဘဏ္ဍာရေး သုံးစွဲမှုဆိုင်ရာအသိပညာဗဟု သုတ များကို လက်တွေ့သင်ကြားနေမှုများ နှင့် နှိုင်းယှဉ်လေ့လာနိုင်မည်ဖြစ်ကြောင်း ဒေါက်တာခင်နိုင်ဦး ကပြောကြားလိုက် ခြင်းဖြစ်သည်။

မတ် ၃ဝရက်မှ ဧပြီ ၁ ရက် အထိ မြန်မာနိုင်ငံသို့အလည်အပတ် ရောက်ရှိမည့် နယ်သာလန်ဘုရင်မ သည် မတ် ၃၁ရက်တွင် ရန်ကုန် တက္ကသိုလ်၌ ပြည်သူများ ဖွံ့ဖြိုးတိုး တက်ရန် ဘဏ္ဍာရေးဝန်ဆောင်မှုများ ရရှိရေး အရေးကြီးမှုအကြောင်းအရာများကို မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မာစတာတန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများတက် ရောက်နားထောင်ကြ မည်ဖြစ်ကြောင်း သိရ သည်။

ဒေါက်တာခင်နိုင်ဦးက''ဆရာမ တို့တက္ကသိုလ်က MBA, MPA, M.Com နဲ့ Master of Banking and Finance က ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ကြမယ်။ ဘုရင်မကဘဏ္ဍာရေးဆိုင်ရာအကြောင်း အရာတွေကို ဟောပြောမှာဆိုတော့ ဆရာမတို့ဆီက မာစတာကျောင်း သား၊ ကျောင်းသူတွေအတွက် လက် တွေ့သင်နေတာတွေနဲ့ သူတို့ဆီက ငွေကြေးသုံးစွဲမှုဆိုင်ရာသိသင့်သိထိုက်တဲ့ အသိပညာတွေရရှိ မယ်လို့မျှော် လင့်တယ်''ဟု ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် နယ်သာလန်နိုင်ငံမှ စီးပွားရေးဆိုင်ရာတက္ကသိုလ်များနှင့် MoU ထိုးထားခြင်း မရှိသေးကြောင်း၊ နယ်သာလန်နိုင်ငံ၏ပညာသင်ဆုအစီ အစဉ်များဖြင့် ၁၉၈၅ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်က မြန်မာနိုင်ငံမှပညာ တော်သင်များ စေလွှတ်ခဲ့ဖူးကြောင်း သိရသည်။

- ဒီမိုကရေစီတူဒေး

No comments:

Post a Comment

My Blog List