Tuesday, March 31, 2015

ထိုင်းနိုင်ငံတကာ လေကြောင်းပျံသန်းမှု အန္တရာယ်ရှိကြောင်း ကုလသုံးသပ်


ကုလသမဂ္ဂရဲ့နိုင်ငံတကာ အရပ်ဘက်လေကြောင်းပျံသန်းမှုအဖွဲ့အစည်းကြီး ICAO က ထိုင်းနိုင်ငံ ပိုင်လေကြောင်းတွေဟာ နိုင်ငံတကာ လေကြောင်း ပျံသန်းမှု ခရီးစဉ်တွေပိတ်ဆို့မှုကို ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ သိသာတဲ့ ဘေးအန္တရာယ် စိုးရိမ်မကင်းဖြစ်မှုတွေရှိတယ်လို့ တနင်္လာနေ့က ကြေညာ ခဲ့တဲ့အတွက် ဒီကိစ္စကို အလျင်အမြန်ဖြေရှင်းဖို့ ထိုင်းအစိုးရကကြိုးပမ်း ဆောင်ရွက်နေပါတယ်။
ICAO ရဲ့အခုလို အနုတ်လက္ခဏာဆောင်တဲ့သုံးသပ်မှုကြောင့် ဂျပန် နဲ့တောင်ကိုရီးယားတို့က ထိုင်းနိုင်ငံ က နောက်ထပ် လေယာဉ် ပျံသန်း မှုတွေကို ပိတ်ဆို့ဖို့ အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ICAO ကထိုင်းနိုင်ငံရဲ့လေယာဉ်ပျံသန်းမှုကို အဆင့် (၁) ကနေ (၂) ကိုလျှော့ချမယ်ဆိုရင် အမေရိ ကန်ပြည်ထောင်စုအပါအ၀င် အခြား နိုင်ငံတွေကလည်း အလားတူအရေး ယူဆောင်ရွက်ဖို့ အလားအလာ ရှိနေပါတယ်။

ဂျပန်နဲ့တောင်ကိုရီးယားတို့ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ကိုယ်ပိုင်အ ကဲဖြတ်မှုတွေမပြုလုပ်ဘဲ ICAO ရဲ့ တွေ့ရှိချက်တွေပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။

ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ထိုင်းခရီးသည်လေ ယာဉ်ပျံသန်းမှုဌာနကို အထူး သဖြင့် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ အခုလို ICAO ရဲ့အကဲဖြတ်စစ်ဆေးတွေ့ရှိချက်နဲ့ပတ်သက်ပြီး လက်ရှိလေ ယာဉ်ပျံသန်းမှုတွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဧပြီလလယ်ရှိ ထိုင်းသင်္ကြန် ကျချိန်မှာ လေယာဉ်ပျံသန်းမှုတွေကို ရပ်ဆိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရီးသွားအေဂျင်စီ ကြိုတင်ရောင်းချထားတဲ့ လေယာဉ် လက်မှတ်တွေကို ထိခိုက်မှာဖြစ်ပါတယ်။

VOA

No comments:

Post a Comment

My Blog List