Thursday, April 02, 2015

တပ်မတော်မူ ၂ ချက်ကြောင့် အခက်တွေ့နိုင်ကြောင်း NCCT ခေါင်းဆောင်ပြော


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လိုက်ပါ လုပ်ဆောင်ရေးအပါအ၀င် တပ်မတော်ဘက်ကစွဲကိုင်ထား တဲ့ မူဝါဒကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲပြီး နောက်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ အခက်အခဲပြဿနာတွေရှိလာနိုင်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ထဲ က နိုင်ငံတော်က ချမှတ်ထားသည့် တည်ဆဲဥပဒေတွေ ကို လိုက်နာရန်ဆိုတဲ့အချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ လိုက်ပါလုပ်ဆောင်ရန်ဆိုတဲ့ အချက် ၂ ချက်ကို တိုင်းရင်းသားလက်နက်ကိုင် တွေဘက်က လက်မခံတာလို့ ဦးနိုင်ဟံသာ က ပြောပါ တယ်။

"တပ်မတော်ကသူတို့အခြေခံမူ ၆ ချက်ကိုအသေ ကိုင်မယ်ဆိုတော့လည်း အများကြီး ကိုအခက်အခဲရှိနိုင် တယ်လေ၊ တကယ်လို့ တည်ဆဲဥပဒေကို လက်ခံ ရင်တော့ ကျနော်တို့နိုင်ငံရေးက ဘာမှပြောဖို့မလိုတော့ ဘူးလေ၊ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီလဲမရှိ ဘူး၊ နောက်တစ်ဘက်ကပြောမယ် ဆိုရင်တော့ တိုင်းရင်း သားတွေ အခွင့်အရေးမရှိဘူး၊ စစ်မှန်တဲ့ပြည်ထောင်စုလဲမဟုတ်ဘူးဆိုတဲ့အပေါ်မှာ ကျနော်တို့လို လားတောင်းဆိုနေတဲ့ အခွင့်အရေးတွေဘာမှ မရှိဘဲ ကျနော်တို့ဘက်ကလက်ခံလို့မရဘူး"

လာမယ့် ဧပြီလအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုးဖို့ မျှော် လင့်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က စာချုပ် မူကြမ်းလက်မှတ်ရေးထိုးပွဲမှာ ပြောခဲ့ပေမယ့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ အခုရရှိထားတဲ့ စာချုပ်မူကြမ်းပါ သဘောတူညီချက်တွေကို သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးထံ တင်ပြညှိနှိုင်းရဦးမှာဖြစ်တဲ့အတွက် ဧပြီလထဲမှာ လက်မှတ်ထိုး ဖို့ သေချာ တပ်အပ် မပြောနိုင်ဘူးလို့ လည်း နိုင်ဟံသာ က ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကကျင်းပတဲ့ စာချုပ်မူကြမ်း သဘောတူ လက်မှတ်ရေးထိုးပွဲမှာ တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အပြီးသတ် လက်မှတ်ရေးထိုးပြီးနောက် ၃ လအတွင်း နိုင်ငံရေးဆွေးနွေး ပွဲတွေကို ပြုလုပ် သွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List