Tuesday, March 31, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းသူများကို ကျေးဇူးတင်ကြောင်း သူရဦးရွှေမန်း သဝဏ်လွှာပို့





နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ဝိုင်းဝန်းကြိုး ပမ်းနေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သဝဏ် လွှာ ပေးပို့လိုက်သည်။

ယင်းအပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် အဓိက ကြိုးပမ်းနေသော ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဖွဲ့စည်းထားသော NCCT အဖွဲ့တို့ကို ဂုဏ်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သဝဏ်လွှာ ပေးပို့ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာငြိမ်း ချမ်းရေးစင်တာတွင် ကျင်းပပြုလုပ်လျက် ရှိသော NCCT နှင့် အစိုးရတို့၏ (၇) ကြိမ်မြောက် ဆွေးနွေးပွဲသို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် လွှတ်တော်အနေနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အထောက်အကူ ဖြစ်စေမည့် ဒီမိုကရေစီ ပီပြင်စွာ ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားများ တန်းတူညီမျှသော အခွင့်အရေး ရရှိရန် ကိုယ်ပိုင်အုပ် ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒများနှင့် အညီ ဖြစ်ပေါ်စေရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှု ဘဝ မြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ၊ ပဋိပက္ခ ဖြေလျှော့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီတို့က ပါဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သူရဦးရွှေမန်းက ၎င်း၏ သဝဏ်လွှာတွင် ရေးသားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List