Tuesday, March 31, 2015

အီရန်နျူကလီယား ကန့်သတ်ရက်နီးပေမယ့် သဘောတူမှုမရနိုင်သေး


အီရန်နိုင်ငံရဲ့ နျူကလီယား အစီအစဉ်အဆုံးသတ်ရေးအတွက် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံ က စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ တနင်္လာနေ့ နှောင်းပိုင်းအထိ ကြိုးစားဆွေးနွေးခဲ့ကြပေမယ့် သဘောတူ ညီချက်မရနိုင်ဘဲ ဖြစ်နေပါတယ်။
ကျန်နေသေးတဲ့အခက်အခဲတွေ ပြေလည်ရေးအတွက် နီးစပ်လာနေပြီလို့ မပြောနိုင်သေးပေမယ့် သူတို့ အနေနဲ့ မျှော်လင့်ချက်ရှိကြောင်း အီရန် စေ့စပ်ညှိနှိုင်းရေးမှူး Abbas Araghchi က ပြောပါတယ်။ တနင်္လာနေ့မှာ သဘောတူညီချက်ရမယ်လို့ သူ့အနေနဲ့ မထင်ကြောင်း၊ ဒါပေမယ့် အင်္ဂါ ၊ သို့မဟုတ် ဗုဒ္ဓဟူးနေ့မှာလောက်မှာတော့ သဘောတူညီချက်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း Abbas Araghchi က ပြောပါတယ်။

ခက်ခဲတဲ့အကြောင်းအရာတွေ အများအပြား ကျန်သေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြောပါတယ်။ ဒါပေမယ့် စေ့စပ်ညှိနှိုင်းရေးမှူးတွေအနေနဲ့ သူတို့ဟာ သူတို့သတ်မှတ်ထား တဲ့ အင်္ဂါည နောက်ဆုံးအချိန်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ သဘောပေါက်ကြကြောင်း ၀န်ကြီးကယ်ရီက ပြောပါ တယ်။

အီရန်နိုင်ငံအနေနဲ့ နျူကလီယားလက်နက် မတည်ဆောက်အောင်၊ သို့တည်းမဟုတ် အဲဒီလိုလုပ်မယ်ဆိုရင် လည်း နိုင်ငံတကာ အသိုင်းဝိုင်းကို အသိပေးဖို့လိုအပ်မယ့် သဘောတူညီချက်ရနိုင်အောင် ကမ္ဘာ့အင်အား ကြီး ၆ နိုင်ငံဖြစ်တဲ့ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံ တို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအုပ်စုတွေက ချမှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးဖို့ အီရန်ဘက်က ကြိုးစားနေတာ ဖြစ်ပါတယ်။

VOA

No comments:

Post a Comment

My Blog List