Monday, March 30, 2015

တနိုင်ငံလုံး အပစ်ရပ် ဆွေးနွေးပွဲ ပြန်စမယ်


တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ ကိုယ်စား လှယ်တွေ အကြား ဆွေးနွေးလက်စ အစည်းအဝေးကို သီတင်း တစ်ပတ်ကြာ ရပ်နားထားရာကဒီနေ့မှာ ပြန် လည် စတင်မှာ ဖြစ်ပါတယ်။
သဘောတူ စာချုပ် မူကြမ်းပါ အခန်း ၇ ခန်း ထဲက ၂ ခန်းပဲ ဆွေးနွေးစရာ ကျန် တော့တယ်လို့ ဆိုပေမယ့် အကြေအလည် ဆွေးနွေးရမယ့် အကြောင်းချင်းရာတွေ အတော်အတန် ရှိသေးတယ် ဆိုပြီး ကရင်နီ အမျိုး သား တိုးတက်ရေး ပါတီက ဒုက္ကဌ ဦးခူးဦးရယ် က ဘီဘီစီကို ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အပစ်ရပ် သဘောတူနိုင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက် လက် ဖြစ်ထွန်းနိုင်အောင် ညှိနှိုင်းနေတဲ့ ကာလမှာပဲ ကချင်ပြည် နဲ့ ရှမ်းပြည် မြောက်ပိုင်းတွေမှာ အစိုးရ စစ်ဘက်က စစ်ရှိန် မြှင့်လာတဲ့အတွက် အခုလို ဆွေးနွေးပွဲတွေဟာ အချည်းနှီး ဖြစ်ရလိမ့်မယ် ဆိုပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက အခု ရက်ပိုင်းကပဲ သတိပေး ကြေညာချက် ထုတ်လာခဲ့ပါတယ်။

ဒီ အချိန်မှာပဲ တနင်္ဂနွေနေ့ မနက် အစောပိုင်းတုန်းက ရခိုင်ပြည် အနောက်ဘက် နယ်စပ် ကျောက်တော်နဲ့ ပလက်ဝ အကြားမှာ ရခိုင်လက်နက်ကိုင တပ်ဖွဲ့တွေ နဲ့ အစိုးရစစ်တပ် အကြားရင်ဆိုင်တိုက်ပွဲ ဖြစ်ပေါ်လာ ပါတယ်။

ဒါဟာ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှာ ၁၀ စုနှစ်ကာလအတွင်း ပထမဆုံးအကြိမ် ရခိုင် တိုင်းရင်း သား လက်နက်ကိုင်တပ်နဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲ ဖြစ်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

အစိုးရ စစ်ကြောင်း လှုပ်ရှား မှုတွေကို တတ်နိုင်သလောက် ရှောင်ရှား ခဲ့ပေမယ့် အခုတော့ မလွှဲရှောင်သာပဲ တိုက်ပွဲ ဖြစ်ခဲ့ရတယ် ဆိုပြီး ရခိုင် တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဘီဘီစီကို ပြော ပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List