Thursday, April 02, 2015

စစ်အတွင်းကျဆုံးခဲ့သည့် ဂျပန်စစ်သားရုပ်ကြွင်းအကျန်များ နှစ် ၇၀ကြာမှ ပြန်တွေ့


ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သား အများအပြားကျဆုံးခဲ့ရသောနေ ရာဖြစ်သည့် မြန်မာနိုင်ငံ၌ ဂျပန်နိုင် ငံမှပုဂ္ဂလိကအဖွဲ့ အစည်းတစ်ခုအပါအဝင် ဂျပန် အဖွဲ့အစည်းများက ဂျပန်စစ်သား၂,၀၀၀ ကျော်မြှုပ်နှံထား ခဲ့သည့်နေရာ ၆၉ နေရာကိုရှာဖွေတွေ့ရှိခဲ့သည်။
ထိုဒေသများ၌ ပြည်တွင်း စစ်ပွဲများကြာရှည်စွာဖြစ်ပွားနေ သော်လည်း မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ် စုများအကြား လတ်တလော အပစ်အခတ်ရပ်စဲရေးများ ကြောင့် အခြေအနေများကောင်း မွန်တိုးတက် လာသည်။ ထို့ ကြောင့် ဂျပန်စစ်သားများ၏ရုပ် အလောင်းအကြွင်းအကျန် များကို ရှာဖွေရန်ဖြစ် လာခဲ့သည်။

အဆိုပါဂျပန်ပုဂ္ဂလိကအဖွဲ့ အစည်းသည် မတ်လ ၃၁ရက်က အစီရင်ခံစာ တစ်စောင် ဂျပန်အစိုးရထံတင်ပြခဲ့ သည်။ ဂျပန်ကျန်းမာ ရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၁၅ အတွင်းစေလွှတ်ရန်စီစဉ်ခဲ့သည်။ အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က‘‘တကယ့်ကို အသုံး ဝင်တဲ့ သတင်းအချက် အလက်တွေပါ’’ ဟုပြောကြား ခဲ့သည်။

ပြီးခဲ့သည့်နှစ်မေလကတည်းက ထိုင်းနိုင်ငံမှ TJEDF ခေါ် ထိုင်း-ဂျပန် ပညာရေးဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း၊ အမေရိကန် အမျိုးသားဖက်ဒရယ်ကောင်စီ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် စုံစမ်းမှုများစတင် ခဲ့သည်။ တိုင်းရင်းသားအဖွဲ့များပါဝင်သည့်အထူးအဖွဲ့သည် ဒေသခံများကို စစ်အတွင်းက ထိုဒေသ၏အခြေ အနေနှင့်ပတ်သက်၍ ၁၀ လကြာအောင် ကွင်းဆင်းကာမေးခွန်းများမေးမြန်းခဲ့သည်။  ဂျပန်စစ်သားတို့၏   အရိုးများမြှုပ်နှံထားရန် အများဆုံးဖြစ်နိုင်သည့် ဂျပန်အင်ပါယာတပ်များ၏ စစ်မြေပြင်ဆေးရုံနှင့် စစ်စခန်း များကိုရှာဖွေခဲ့သည်။ အဆိုပါဒေသများသည် အိန္ဒိယနိုင်ငံနယ်စပ်နှင့် ထိစပ်နေသည့်   ချင်းနှင့်ရခိုင်ပြည်နယ် တို့တွင်   အများစု တည်ရှိကြ သည်။

အဆိုပါအထူးနေရာများ တွင် လူအရိုးများသာမက တင့် ကားအစိတ် အပိုင်းများဟု  ယူဆစရာအပိုင်းအစ များနှင့် ဂျပန်စစ် သားတို့၏ဦးထုပ်များကိုလည်း ပြန်လည်ဖော်ထုတ်တွေ့ရှိခဲ့ သည်။  

အဆိုပါစီမံကိန်းကို ဦးဆောင်ခဲ့သူ TJEDF အဖွဲ့ဝင်အသက် (၅၀) အရွယ်ရှိ ကတ်ဆုယုကီအီမိုတာက ‘‘အဲဒီနေရာတွေကို ရောက် ခဲ့ဖူးတဲ့ ဂျပန်စစ်သား အရေအတွက်ကို ပြန်တွက်ကြည့်ရင် လူနှစ်ထောင်လောက် အဲဒီ နေရာမှာမြှုပ်နှံထားမယ်လို့ ခန့် မှန်းရပါတယ်’’ဟုဆိုသည်။

ဂျပန်အစိုးရ၏အဆိုအရ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန် စစ်သားနှင့်အရပ်သား စုစုပေါင်း ၁၃၇,၀၀၀ ခန့်  မြန်မာစစ်မြေပြင် ၌ ကျဆုံးခဲ့သည်ဟုသိရသည်။

Ref: The Yomiuri Shimbun
7Day News Journal

No comments:

Post a Comment

My Blog List