Friday, April 03, 2015

မှတ်ပုံတင်လျှောက်ထားမှု ငွေကျပ်ငါးသောင်းတောင်းယူသည့်ကိစ္စ ၀န်ကြီးဌာနက စိစစ်အရေးယူမည်


မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်တွင် ဒေသခံအမျိုးသမီးတစ်ဦး မှတ်ပုံတင်ပြုလုပ်ရာ၌ မြို့နယ် လ၀က အရာရှိက ငွေကျပ်ငါးသောင်းတောင်းသည်ဆို သောကိစ္စ ၀န်ကြီးဌာနက စိစစ်အ ရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး က ပြောသည်။
စဥ့်ကိုင်မြို့နယ် လ၀ကရုံးတွင် ဒေသခံအမျိုးသမီးတစ်ဦး မှတ်ပုံတင်ပြုလုပ်ခဲ့ရာ မြို့နယ်ဦး စီးအရာရှိ က ငွေကျပ်ငါးသောင်း တောင်းခံကြောင်း၊ မှတ်ပုံတင် လျှောက်ထားပြုလုပ်သူ အမျိုးသမီးမှာ ဆင်းရဲပြီး အ လုပ် လျှောက်ထားရန် လိုအပ်သည့်အတွက် မှတ်ပုံတင်ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ငွေကျပ် တစ်သောင်းပေး သည်ကို လက်မခံဘဲ စဥ့်ကိုင်လ၀ကရုံးမှ ဦးစီးမှူးဦးမျိုးသွင်ဆိုသူက ငွေကျပ် ငါးသောင်း  တောင်းခံ ခဲ့ ကြောင်း   အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဧပြီ ၁ ရက်က ရေးသားဖော်ပြခဲ့သည်။ ၎င်း၏မိတ်ဆွေမှတစ်ဆင့် ပေးပို့သည်ဟုဆိုကာ မှတ်ပုံတင် နံပါတ်နှင့် ဖုန်းနံပါတ်တို့ကိုပါ ဦးလှဆွေက ဖော်ပြထားခြင်း ဖြစ် သည်။

‘‘ငွေတောင်းတယ်ဆိုတဲ့ကိစ္စ အဖြစ်မှန်ကို စုံစမ်းနေပါ တယ်။ ၀န်ထမ်းကိုလည်း စစ်ဆေး နေတယ်။ ငွေပေး ခဲ့ရတဲ့ ကာယ ကံရှင်ကိုလည်း ကျွန်တော်တို့ခေါ် မေးမယ်။ ငွေပေးရတာ မှန်ကန် တယ်ဆိုရင်တော့ ၀န်ကြီး ဌာနအ နေနဲ့က သက်ဆိုင်ရာဝန်ထမ်းကို ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပါတယ်။ အခုစပြီး စစ်ဆေး နေပါပြီ’’ဟု မန္တလေးတိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အ မျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မှတ်ပုံတင်ကို မတ်လ ၁၁ ရက်က စဥ့်ကိုင်မြို့နယ် လ၀က ရုံးသို့ သွားရောက်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အမှန်တ ကယ် ငွေပေးခဲ့ရသည်ဟု မစန်းစန်းဝင်း၏ ခင်ပွန်း ကိုဝင်းမင်းသန်းက ပြောသည်။

‘‘ကျွန်တော့် အမျိုးသမီးက အသက်(၃၇)နှစ်ရှိပြီ။ အရင်က လည်း မှတ်ပုံတင်တစ်ခါမှ မလုပ်ဖူး တော့ စာရွက်စာတမ်းက ဘာ တွေလိုမှန်း မသိဘူး။ မှတ်ပုံတင်ကလည်း အရေးတကြီးလိုနေ တော့ တောင်း တာပေး လိုက်တာ။ မှတ်ပုံတင်ကတော့ နေ့ချင်းပြီးရ ခဲ့တယ်’’ဟု ကိုဝင်းမင်းသန်း က ပြောသည်။

မန္တလေးတံတားဦးလေဆိပ် မှ သာမန်ဝန်ထမ်း ကိုဝင်းမင်းသန်းက ၎င်းအတွက် ငွေကျပ်ငါးသောင်းမှာ များပြားသော်လည်း မှတ်ပုံတင်ချက်ချင်း ရခဲ့၍ ကျေကျေနပ်နပ် ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ထို့ပြင် ဖေ့စ်ဘွတ် ခ်ပေါ်အထိ မည်သို့ရောက်လာ သည်ကို မသိရှိဘဲ လ၀က ၀န်ထမ်းတစ်ဦး အား ငွေတောင်းသည်ဟု ဆိုကာ ပြင်းပြင်းထန်ထန် အရေးယူမည်ကိုမူ မလိုလားဟု ပြော သည်။

‘‘ကျွန်တော်ကိုယ်ချင်းစာ တယ်။ သူ့ကိုလည်း မထိခိုက်စေ ချင်ဘူး’’ဟု ကိုဝင်းမင်းသန်းက ပြောသည်။

လက်ရှိအချိန်တွင် မှတ်ပုံ တင်များကို မိုးပွင့်စီမံချက်များဖြင့် မြို့နယ်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင် ရွက်ပေးနေပြီး အထောက်အထားပြည့်စုံပါက မှတ်ပုံတင်ပြုလုပ်ရာတွင် ၀န်ကြီးဌာနသို့ ကတ်ဖိုးငွေ ခြောက် ကျပ် သာ ပေးသွင်းရန် လိုအပ်သည်။ လ၀က ၀န်ထမ်းများအနေဖြင့်လည်း ငွေကြေးတောင်းခံခြင်း မပြု ရန်နှင့် ပြည်သူ လူထုအား အ ကောင်းဆုံးဝန်ဆောင်မှုပေးရန် ညွှန်ကြားထားသည်ဟု မန္တလေး တိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ လိုက် နာခြင်းမရှိဘဲ လာဘ်ငွေတောင်းခံခြင်း၊ ပြည်သူ လူထုအား မချေမငံဆက်ဆံခြင်း များ ပြုလုပ်ပါက ကျူးလွန်မှု အ ပေါ်မူတည်ကာ အရေးယူအပြစ် ပေးလျက် ရှိသည်ဟု ဆိုသည်။

၂၀၁၄ အတွင်းကလည်း မန္တလေးတိုင်းဒေသကြီး လ၀က၀န်ထမ်းများ ငွေကြေးတောင်း ခံမှု၊ ဆက်ဆံရေး မပြေပြစ်၍ တိုင်းကြားခံရမှု သုံးမှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သည့် ၀န်ထမ်းအား ရာထူး တိုးရပ်စဲကာ နယ်ဝေး သို့ ပြောင်းရွှေ့ခြင်း၊ ဒဏ်ရိုက်ခြင်းကဲ့သို့ ဌာနတွင်းအရေးယူမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List