Thursday, April 02, 2015

ဝှိုက်ကတ်များ သက်တမ်းကုန်၍ စတင်အပ်နှံ ပထမဆုံးရက်တွင် ကတ် ၃၇၀၀ ကျော်လာအပ်


မတ်လ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးသွားပြီဖြစ် သော ယာယီသက်သေခံ လက် မှတ်(၀ှိုက်ကတ်)ပြန် လည်အပ်နှံရမည့် ပထမဆုံးရက် (ဧပြီ ၁ ရက်)၌ ကိုင်ဆောင်ထားသူ ၃,၇၀၀ ကျော် လာရောက် အပ်နှံ ခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါ ၀ှိုက်ကတ်ကိုင် ဆောင်ထားသူများအနေဖြင့် မေ လ ၃၁ ရက် နောက် ဆုံးထား၍ လာရောက် အပ်နှံရန် နှိုးဆော်ထား ပြီး အများစုမှာ ပြန်လည် အပ်နှံရန် စိတ်ဝင်စားမှုများနေသည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင် မောင်အုန်းကပြောသည်။

‘‘ပထမဆုံးတစ်ရက်မှာတင် လာအပ်တဲ့ အရေအတွက်ကို ကြည့်ပြီး သူတို့ပြန်အပ်ဖို့ စိတ်ဝင် စားမှုများ တယ်ဆိုတာမြင်သာပါ တယ်။ နောက်ဆုံးအချိန်အထိ ဘယ်လောက်အတိုင်းအတာလာ အပ်ကြမယ်ဆိုတာ အတိအကျမခန့်မှန်းနိုင်သေးပေမယ့် အများစု လာရောက်မယ်လို့ ယုံကြည် တယ်’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ၀ှိုက်ကတ်   ကိုင်ဆောင်သူအရေအတွက်အ များဆုံးရှိသည့် ရခိုင်ပြည်နယ်၌ ယင်းကတ် လာရောက်အပ်နှံ နိုင်ရန် ဧပြီ ၁ရက်မှစ၍ အပ်နှံရေး  စခန်း ၇၀ ကျော် ဖွင့်လှစ်လက်ခံပေးနေသည်။ ၀ှိုက် ကတ်လာ ရောက်အပ်နှံသူများအား လ၀ကဦးစီးဌာနက ယာယီ သက်သေခံလက်မှတ် အပ်နှံထားကြောင်း အထောက်အထားချလန် ပြန် ထုတ်ပေးနေကြောင်း သတင်းရရှိသည်။ ထိုသို့ အပ်နှံပြီး ချလန်ရရှိ ထားသူ များအနေဖြင့်နောင်တွင် နိုင်ငံသားဖြစ်နိုင်မည့်အခွင့်အရေး များရှိသောကြောင့်အစိုးရအပေါ် သံသယ မမြင်ဘဲ ပူးပေါင်းပါဝင် လုပ်ဆောင်စေလိုကြောင်း ပြည် နယ်ဝန်ကြီးချုပ်ကဆိုသည်။

သတ်မှတ် ကာလအတွင်း ယင်းကတ်လာရောက်အပ်နှံခြင်း မရှိဘဲ ကိုင်ဆောင်ထားပါက မည်သည့်နေရာ တွင်မှ ကိုင်ဆောင်အသုံးပြုနိုင်တော့ မည်မဟုတ်သော်လည်းအချို့မှာ စိုးရိမ်စိတ်ဖြင့် အပ်နှံရန် တွန့်ဆုတ်နေ ကြသေးကြောင်းသိရသည်။

မောင်တောမြို့နယ်စပ်နှင့် ဘူးသီးတောင်မြို့နယ်မှ ယာယီ သက်သေခံကတ် ကိုင်ဆောင် ထားသူအချို့မှာ မိမိတို့ ကိုင် ဆောင်ထားခဲ့သည့်ကတ်များကို မိတ္တူကူး၍ သိမ်းဆည်းထားသည် ဟု မြို့ခံများကပြောသည်။

‘‘၀ှိုက်ကတ်တွေသက်တမ်း ကုန်ဆုံးတာနဲ့ ပြန်သိမ်းဖို့ နိုင်ငံ တော် သမ္မတက ထုတ်ပြန်ထား တာကို အခုဘင်္ဂါလီတွေက ၀ှိုက် ကတ်ကို မိတ္တူပွား ပလတ်စတစ် လောင်းပြီးသိမ်းထားတာတွေ့ရ တယ်။ သူတို့ တက္ကသိုလ် ၀င်ခွင့် ကတ်ကိုတောင် ကာလာပရင်တာ နဲ့ ထုတ်ပြီးသိမ်းထားတတ်ကြ တယ်။ အခုလို ၀ှိုက်ကတ်ကိုသိမ်း ထားတာ ရည်ရွယ်ချက် တစ်ခု တော့ ရှိနိုင်တယ်’’ဟု မောင်တော မြို့နယ်မြောက် ပိုင်း တောင်ပြို လက်ဝဲဘက်ပေါင်းစုံ လူမှုကူညီ ရေးအသင်းမှ ကိုထွန်းထွန်းဝင်း ကဆိုသည်။

ပထမဆုံးအပ်နှံမှု လက်ခံသည့် ဧပြီ ၁ရက်မှာ လဆန်းရက် ဖြစ်နေပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပုံမှန်အစည်းအ ဝေးရှိသည့်အတွက် ၀ှိုက်ကတ်လာရောက်အပ်နှံသူ နည်းနေသေး ခြင်းဖြစ်ကြောင်း မောင်တော ခရိုင် လ၀ကဦးစီးဌာနမှူး၊ ဒုတိယညွှန် ကြားရေးမှူး ဦးစောနိုင်က ဆို သည်။ ယင်းကတ်အပ်နှံရန် မေလ ကုန်အထိ စောင့်ဆိုင်းလက်ခံပေး သွားမည်ဖြစ်ပြီး ယင်းကာလအထိ အပ်နှံခြင်းမရှိသော ကတ်များကို မည်သည့် ပြဿနာမျှ မရှာဘဲ လိုက်လံသိမ်းဆည်းသွားမည်ဟု ပြည်နယ် ၀န်ကြီးချုပ်က ပြော သည်။

ရခိုင်ပြည်နယ်တွင် ၀ှိုက် ကတ်ကိုင်ဆောင်ထားသူဦးရေ သိန်းချီရှိနိုင်သည်ဟု အစိုးရကခန့် မှန်းထားပြီး ၎င်းတို့ထဲမှ အများစု မှာ ၂၀၁၄လူဦးရေသန်းခေါင်စာ ရင်းကောက်ယူစဉ်ကလည်း ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်း စာရင်းဖြည့်ပေး ရန်တောင်းဆိုမှု များရှိခဲ့သဖြင့် ကောက်ယူမှုမှ ချန်လှပ်ခဲ့ရခြင်းများရှိခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List