Thursday, April 02, 2015

မန္တလေးသင်္ကြန်လမ်းညွှန်ထုတ်ဝေရန်စီစဉ်


မန္တလေးသင်္ကြန်လည်ပတ်လိုသူများအတွက် မန္တလေးသင်္ကြန်လမ်းညွှန် ထုတ်ဝေရန်စီစဉ်နေကြောင်း သ တင်း ရရှိသည်။ မန္တလေးကျုံးပတ်လည်၊ ကန်တော်ကြီးနှင့် မြို့တွင်းမဏ္ဍပ် တည်နေရာများ၊ ဖျော်ဖြေမည့် အနုပညာရှင်၊ တေးသံရှင်အမည်များ၊ အစရှိသည့် အချက်အလက်များပါဝင်သော သင်္ကြန်လမ်းညွှန် စာအုပ်ထုတ်ဝေရန် စီစဉ်နေ ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ ရာဖြတ်ဌာနခွဲမှ ဦးစိုးလင်းကပြောသည်။
‘‘သင်္ကြန်မှာ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာသိချင်နေကြ မယ်ထင်လို့ ပါ။ ဖြစ်အောင်တော့ စီစဉ်နေ တယ်။ ခုချိန်အထိ မဏ္ဍပ် တွေကမငြိမ်သေးတော့ လုပ်ရ တာခက်နေတယ်’’ဟု ဦးစိုးလင်း ကပြောသည်။

မန္တလေးသင်္ကြန်လမ်းညွှန် တွင် မဏ္ဍပ်တာဝန်ခံနှင့် လုံခြုံရေး တာဝန်ခံတို့၏ အမည်နှင့်ဆက် သွယ်ရန်လိပ် စာများ ပါဝင်မည် ဖြစ်သည်။ ယခင်ကဌာနတွင်းအသုံးပြုရန်သာ  ရည်ရွယ်ခဲ့သော်လည်း အများပြည်သူ စိတ်ဝင်စားပါက ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးသင်္ကြန်တွင် ကျုံးပတ်လည်၌ မဏ္ဍပ်များမှာ လမ်း ၈၀ တွင်သုံးခု၊ ၂၆ လမ်းနှင့် ၆၆ လမ်းတွင်ဆယ်ခု စီ ၊ မြို့တွင်း ရှစ်ခုနှင့် ကန်တော်ကြီးတွင် ငါးခု တည်ဆောက်ရန်   ခွင့်ပြုထား ကြောင်းသတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List