Wednesday, April 01, 2015

ကွမ်းလုံမှ ဟင်နရီဒူးနန့်


ကိုယ်ကျိုးစွန့် ပရဟိတလုပ်ငန်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအားပေး အပ်လေ့ရှိသည့် ‘ဟင်နရီဒူးနန့်’ဆု ချီးမြှင့်ရန် အဆိုပြုခံရသူတစ်ဦးပေါ် ထွက်လာသည်။ မြန်မာနိုင်ငံမှ ကြက်ခြေနီတပ်ဖွဲ့ဝင် စိုင်းအောင် လှိုင်မြင့်သည် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်က ချီးမြှင့်သည့် ‘ဟင်နရီဒူးနန့်’ဆုကို ၁၉၇၇ ခုနှစ်ကရရှိခဲ့သည်။ ‘ဟင်နရီဒူးနန့်’ဆုကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
နှစ်ပေါင်း ၅၀ ကျော်ကြာမြင့် ပြီးနောက် ယခုအချိန်တွင်‘ဟင် နရီဒူးနန့်’ဆုချီးမြှင့်ရန် မြန်မာနိုင်ငံ ကြက်ခြေ နီအဖွဲ့ချုပ်က ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ချုပ်ထံအဆိုပြု လွှာတင်သွင်းခြင်းခံရသူတစ်ဦး ထပ်မံပေါ်ထွက် လာ သည်။

ယင်းကဲ့သို့ အဆိုပြုခြင်းခံရ သူမှာ ကွမ်းလုံမြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဒုအရာခံဗိုလ်ကိုမိုးကျော် သန်းဖြစ် သည်။

ကိုမိုးကျော်သန်းမှာ ကိုးကန့် ဒေသတိုက်ပွဲများအတွင်း ကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက် နေစဉ် ပစ်ခတ်ခြင်းခံခဲ့ရပြီး ယင်း သေနတ်ဒဏ်ရာဖြင့် အသက်ဆုံး ရှုံးခဲ့ရသူဖြစ်သည်။

အတိဒုက္ခရောက်နေသည့် စစ်ဘေးရှောင်ပြည်သူများ၏ အပူ မီးကို မျှဝေခံစားရင်း အသက်ဆုံး ရှုံးခဲ့ရသူ ၏ဆောင်ရွက်ချက်များ အတွက် ဟင်နရီဒူးနန့်ဆုချီးမြှင့် ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ကွမ်းလုံပရဟိတ အဖွဲ့အစည်း များက ပြောသည်။

ကိုမိုးကျော်သန်းမှာ စစ်မှု ထမ်းဟောင်းတစ်ဦးဖြစ်သည်။ တပ်မတော်၌တာဝန်ထမ်းဆောင် စဉ် ၁၉၉၀ ဝန်းကျင်က ကရင်ပြည် နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း ခါးဒဏ်ရာရရှိခဲ့ကာ ရှစ်လကြာဆေးဝါး ကုသမှုခံယူခဲ့ရ သည်။

ထို့နောက် တပ်မတော်မှ အ အနားယူခဲ့သည်။ ရာသီအလိုက် အသက်မွေးဝမ်းကျောင်းအလုပ် များလုပ် ကိုင်ရင်း စောင်များရောင်းခဲ့၏။ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်သော ကိုမိုးကျော်သန်းသည် မြို့ပေါ် ပရဟိတလုပ်ငန်းများအတွက် အားကိုးရသူတစ်ဦးဟု ဒေသခံများကပြောသည်။

‘‘လူကသာဆင်းရဲတာ။ ပရဟိတမှာတော့ သူက တကယ့်စံပြပါ’’ဟု ကွမ်းလုံမြို့မိမြို့ဖဦးတာကပြောသည်။

ဖေဖော်ဝါရီ ၈ ရက်မှစ၍ လောက်ကိုင်ဒေသတွင် မြန်မာ့ တပ်မတော်နှင့် ကိုးကန့်တိမ်း ရှောင်အဖွဲ့တို့ ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင် လာသောပြည်သူများကို ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် သူပါဝင်ခဲ့သည်။

စစ်ဘေးရှောင်ပြည်သူများ၊ သတင်းထောက်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပါဝင်သော ကယ် ဆယ်ရေး ယာဉ်တန်းမှာ လောက် ကိုင်နှင့်ချင်းရွှေဟော်ကြား လုံထန် ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်က ကိုးကန့်အဖွဲ့၏ပစ်ခတ် ခြင်းခံခဲ့ရသည်။ ကိုမိုးကျော်သန်း နှင့် အခြားကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ကယ်ဆယ်ရေးယာဉ်တန်း ထိုနေ့က ပစ်ခတ်ခံခဲ့ရ မှုကို ကြုံတွေ့ခဲ့ရသူများက ကိုးကန့်အဖွဲ့ လက်ချက်ဟုယူဆသည်။ ကိုးကန့်အဖွဲ့ကမူ ငြင်းဆိုထားဆဲဖြစ်သည်။

ကိုမိုးကျော်သန်းမှာပြင်းထန် သောဒဏ်ရာနှင့် ဆေးဝါးကုသမှု ခံယူရင်း ရက်ပေါင်း ၄၀ အကြာ တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။

ကိုမိုးကျော်သန်းရရှိခဲ့သည့် ဒဏ်ရာနှင့် ပတ်သက်၍ ကွမ်းလုံ ဆေးရုံအုပ် ဒေါက်တာ သိန်းမြို့က‘‘သေနတ် ဒဏ်ရာက ဗိုက်ကနေ ဖောက်ဝင်ပြီး အူတွေထိတယ်။ အနာရှိန်နဲ့ အစာမစားနိုင်တော့ အစာအိမ်တွေ၊ အသည်းတွေ၊ ကျောက်ကပ်တွေ အကုန်ပျက်စီး တယ်။ သွေးဆိပ်တက်ပြီးနောက်ဆုံး ကွယ်လွန်သွား တာပါ’’ဟု ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် (၇၀)ကျော်မိခင်၊ မှီခိုသူဇနီးနှင့် သားသမီးငါးဦးကျန်ရစ်ခဲ့သည်။

အကြီးဆုံးသားမှာ နဝမတန်း ကျောင်းသားဖြစ်ပြီး အငယ်ဆုံးမှာ (၅)နှစ်သားသာရှိသေးသည်။

ပရဟိတသူရဲကောင်းကို နောက်ဆုံးတွင် ကွမ်းလုံမြို့သို့ ပြန်လည်သယ်ယူ ခဲ့ပြီဖြစ်သည်။ ဒေသခံပြည်သူ များနှင့် အဖွဲ့အစည်းများက နောက်ဆုံး အနေဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

‘‘ကျွန်တော်တို့ဒေသ ပရဟိတလုပ်ငန်းတွေအတွက် လက်ရုံးတစ်ဖက်ပြုတ်သွားတာ’’ဟု ကွမ်းလုံပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးစိုးနိုင်မြင့်ကဆို သည်။

7day

No comments:

Post a Comment

My Blog List