Monday, March 30, 2015

အာဏာရပါတီက ဒိုင်လူကြီး လုပ်မယ်ဆိုတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ပါ့လား



သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၀င်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိ ပညာပေးသင်တန်းကို မတ်လ ၂၃ ရက်နေ့က တောင်ကြီးမြို့နယ်မှာ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကိုယ်တိုင် ပို့ချေ ပးခဲ့ပါတယ်။ 


သျှမ်းပြည်နယ်တွင်းရှိစာနယ်ဇင်းသတင်းသမားတွေ တက်ေ ရာက်ခဲ့ကြ ပါတယ်။ မတ်ခ်ျလ ၂၄ ရက် NLD ပါတီက ဦးစီးတဲ့ သင်တန်းနဲ့ မတ်ခ်ျလ ၂၅ ရက် MJI ကနေ ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ သင် တန်းမှာလည်း ဦးကိုနီ က သင်တန်းပို့ချပေးခဲ့ပါတယ်။ သင်တန်းပေးရခြင်း ရည်ရွယ်ချက်တဲ့ ရွေးကောက် ပွဲကော် မရှင် အပေါ်အမြင်သဘောထား ဘယ်လို ရှိပါသလဲဆိုတာကို သျှမ်းသံတော်ဆင့်သတင်း ထောက် ယိင်းတိုင်းကနေ ဦးကိုနီကိုတွေ့ဆုံမြေးမြန်းထားပါတယ်။

မေး ။ ။ ဆရာ တောင်ကြီးမြို့ကိုရောက်လာရတဲ့ရည်ရွယ်ချက် ကဘာများဖြစ်မလဲ ။
ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဗဟုသုတတွေ အသိပညာတွေ ကိုဖြန့်ဝေ တဲ့ဟော ပြောပွဲလုပ်ဖို့ ။ နိုင်ငံရေး ပါတီ တွေ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ အတွက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေ တွေကို မသိပဲနဲ့ ၀င်ရောက်ယှဉ်ပြိုင် ဖို့မဖြစ်နိုင်တဲ့အတွက် အနိမ့်ဆုံး အနေနဲ့ ရွေးကောက်ပွဲ နဲ့ဆိုင်တဲ့ဥပဒေတွေ အမတ်လောင်းများ သိသင့် သိထိုက်တဲ့ဥပဒေတွေ ၊မဲဆိုး မဲညစ်တွေ ကြုံလာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်း ရမလဲ ၊ ဘယ်လိုရှောင်ရှား ရမလဲ၊ စတဲ့ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ တွေ ကို ပါတီတွေ အရပ်ဖက်လူမှု အဖွဲ့ အစည်းတွေ ကိုတတ်နိုင်သလောက် ဆရာ့အနေနဲ့ ပို့ချလိုတဲ့ရည် ရွယ်ချက်နဲ့ ရောက်လာရခြင်းဖြစ် တယ် ။
မေး ။ ။ ဘယ်ပါတီတွေ ဘယ်အရပ်ဖက်အဖွဲ့အစည်းတွေကို ဆရာက သင် တန်း ပို့ချပေးမှာလဲ ။ ပြိုင်ဖက် ပါတီ တွေအနေနဲ့ တောင်းဆိုလာခဲ့ရင်လည်း ပို့ချပေးဖို့အစီ အစဉ်ရှိပါသလား ။
ဖြေ ။ ။ NLD ပါတီရဲ့ မဟာမိတ် ပါတီတွေကဖိတ်ကြားရင် ၊ မဟာမိတ်ဖြစ်တဲ့ ပါတီတွေ ဆိုရင်မငြင်းပါဘူး၊ ပြိုင်ဖက် ပါတီ ဆိုရင်တော့ ကျနော်တို့ပါတီရဲ့ မူဝါဒသဘောအရ ပါတီအပေါ်သစ္စာရှိရမယ့် တာဝန်ဝတ္တရား အရ ကျနော့်အနေနဲ့ စဉ်းစားရလိမ့်မယ် ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဖိတ်ရင် ဘယ်အဖွဲ့ကခေါ်ခေါ် ကျနော်ဟောပြော ပေးပါတယ် ။
မေး ။ ။ ပြည်ထောင်စုအဆင့် ကဖွဲ့စည်းထားတဲ့ရွေးကောက်ပွဲေ က်ာမရှင် အပေါ်ဆရာ့ အနေနဲ့ ဘယ်လောက် အတိုင်းအတာ အထိယုံကြည်မှုရှိသလဲ ။
ဖြေ ။ ။ ယုံကြည်တာမယုံကြည်တာတွေကို သိပ်မပြောချင်ဘူး ။ လူတစ်ဦး တစ်ယောက် ချင်းစီရဲ့အတွေး အခေါ်နဲ့ပဲဆိုင်တယ် ။ ကျနော်က ဥပဒေသမားတစ်ယောက်ဆိုတော့ ဥပဒေရှုထောင့်ကနေကြည့်မယ်ဆိုရင် လက်ရှိ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ဟာပုဂ္ဂိုလ်ရေးအရ မပါဘူး ဥပဒေအရဆိုရင် သူ ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်ခွင့်ရှိတဲ့လူမဟုတ်ဘူး ။
မေး ။ ။ ဘာကြောင့်လဲ ။
ဖြေ ။ ။ ဘာ့ကြောင့်လဲ ဆိုတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၉၈)မှာပါတယ် ။ ၂၀၁၂ ပြည်ထောင်စု ရွေး ကောက်ပွဲ ဥပဒေပုဒ်မ ၅ မှာပါတယ်။ ပြည်ထောင်စုအဆင့်မှာ တာဝန် ထမ်းဆောင်ခဲ့ တဲ့ တရားသူကြီးေ တွ၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်အဆင့် မှာ အနည်းဆုံး (၁၀) နှစ် တာဝန် ထမ်းဆောင် ခဲ့ဖူးတဲ့ တရားသူကြီးတွေ ၊ ဥပဒေ အရာရှိတွေဖြစ်ရမယ် ။ နောက်ပြီး ရွေးကောက် ပွဲကော်မရှင်တွေဟာ ဘယ်နိုင်ငံ ရေး ပါတီတွေနဲ့မှ မပတ်သက်သူ ဖြစ် ရမယ် ။ ခုလက်ရှိ ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးနဲ့ ရွေး ကောက် ပွဲ အဖွဲ့ဝင်တွေဟာ ပြည်ခိုင်ဖြိုးပါတီကို ထူထောင်ထားတဲ့ အထဲမှာပါဝင်တဲ့သူတွေ ဖြစ်နေတယ် ။ လာမယ့် ရွေးကောက်ပွဲမှာ အဲ့ဒီအာဏာရပါတီ ပြည်ခိုင်ဖြိုး နဲ့ NLD ပြိုင်မှာကို သူကဒိုင်လူကြီး လုပ်ပေးမယ်ဆို တော့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ ထင်သလား ပြည် သူတွေဖြေပါလိမ့်မယ် ။
မေး ။ ။ ဆရာ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ သတင်းသမားတွေ နဲ့ စောင့်ကြည့် လေ့လာတဲ့အဖွဲ့တွေ အထူး အာရုံစိုက် သင့်တဲ့အချက်တွေက ဘာတွေဖြစ်မယ် လို့ထင်လဲ ။
ဖြေ ။ ။ နံပါတ်(၁) ရွေးကောက်ပွဲမတိုင်မှီ မဲစာရင်းပြုစုတဲ့ကိစ္စမှာပါဝင်သင့်တဲ့ သူ အားလုံး ပါဝင်အောင် ရွေး ကောက် ပွဲကော်မရှင်က လုပ်သလား မလုပ် ဘူးလား။ နံပါတ် (၂) ရွေးကောက်ပွဲကျင်းပ မဲ့နေ့ဝန်း ကျင်မှာ ဆန္ဒ မဲပေးတဲ့ ကိစ္စတွေရှိမယ် ကြိုတင်မဲပေး မဲ့ကိစ္စတွေ ရှိမယ်။ ရွေးကောက်ပွဲကော်မ ရှင်အနေနဲ့ တရားမျှတစွာ လုပ်ပေး သလားဆိုတဲ့ အချက်နဲ့ အထူးသဖြင့် ကြိုတင်မဲကို အာရုံစိုက်စေချင် တယ်။ နံပါတ်(၃) ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ေ နာက်ပိုင်းမှာ အတိုင်အတောပြဿနာတွေ လာလိမ့်မယ် ။ ရွေးကောက်ပွဲကို ကျင်းပပေး မှာ လည်း ဒီကော်မရှင်ကပဲ ဖြစ်လာသမျှ ပြဿနာ ကိုလည်း ဒီကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်တယ် တစ်ခြားလွတ် လပ်တဲ့ တရားရေး ကဆုံးဖြတ်မှာမဟုတ်ဘူး ။SNLD ပါတီက ကျင်းပ တဲ့ ရွေးကောက်ပွဲ နည်းနာသင်တန်းမှာ သျှမ်းပြည်ေ တာင်ပိုင်းရှိ မိုင်းရှူး၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းကိုင်၊ ရပ်စောက်၊ ပင်လောင်း ၊လဲချား ၊ တောင်ကြီးမြို့နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာ အုပ်စုများ နှင့်သျှမ်း ပြည်နယ် (မြောက်ပိုင်း)ရှိ နမ္မတူ၊ ကျောက်မဲ ၊ လားရှိုး စသည့်မြို့နယ်များမှ (SNLD) ပါတီ၏ စည်းရုံး ရေးမှူးများ ၊ အလုပ်အမှုေ ဆာင် အဖွဲ့ဝင်များနှင့် ပါတီဝင် ၁၅၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ ပါတယ်။

ဓါတ်ပုံ- SNLD
Panglong(Burmese)

No comments:

Post a Comment

My Blog List