Thursday, April 02, 2015

အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာသော ဘဏ္ဍာရေးစနစ် စတင်ပြီဟုဆို


နယ်သာလန်မိဖုရားတိုက်တွန်းသော အားလုံးပါ ၀င်ပြီး ပွင့်လင်းမြင်သာသည့် ဘဏ္ဍာရေးစနစ်ကို မြန်မာနိုင် ငံတွင် စတင် အကောင်အထည်ဖော် ဆောင်တော့မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
မတ်လ ၃၁ ရက်တွင်ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ နယ်သာလန်မိဖုရားက အားလုံးပါ ၀င်ပြီး ပွင့်လင်းမြင်သာသော ဘဏ္ဍာရေးစနစ်ကျင့်သုံးရန် တိုက် တွန်းပြီးနောက်  ဧပြီ ၁ရက်တွင်နေ ပြည်တော် ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပသော မြန်မာနိုင်ငံတွင် အားလုံးပါ ၀င်သော ငွေကြေး ဘဏ္ဍတည်ဆောက်ရေးလမ်းပြ မြေပုံ စတင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး နယ်သာလန် မိဖုရားကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

‘‘ငွေကြေးဆိုင်ရာ   ပါဝင် ဆောင်ရွက်နိုင်မှုသည် ဘဏ်နှင့် တရားဝင်ငွေကြေးဝန်ဆောင်မှုမှ ကင်း လွတ်နေသာ ၀င်ငွေနည်း အိမ်ထောင်စုများအသေးစား၊ အ လတ်စားစီးပွားရေးလုပ်ငန်းများ အား ငွေကြေး ၀န်ဆောင်မှုလက်ခံ  ရေးတိုးတက်စေပါတယ်’’ဟု ဦး ၀င်းရှိန်ကဆိုသည်။

မြန်မာနိုင်ငံတွင် အားလုံးပါ ၀င်သော ငွေကြေးကဏ္ဍတည် ဆောက်ရေး အတွက် ၂၀၁၄ခုနှစ် မှ ၂၀၂၀ အထိ စီမံကိန်းကာလ သတ်မှတ်ထားပြီး အဆိုပါခြောက် နှစ်တာ ကာလအတွင်း နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်ဝသော ငွေကြေးဝန်ဆောင်မှု ကို မြန်မာနိုင်ငံလူဦးရေ ၃၀ ရာခိုင်နှုန်းအ ထိ တိုးမြှင့်သုံးစွဲနိုင်ရန် သတ်မှတ်ထားသည်ဟုဆိုသည်။

 ‘‘ငွေကြေးကဏ္ဍ    တည် ဆောက်ရေးဟာ အထူးအရေးကြီး တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ သက် ဆိုင်ရာဌာ နတွေအနေနဲ့လည်းမှန် မှန်ကန်ကန်တိကျစွာဆောင်ရွက် မယ်ဆိုရင် အောင်မြင်မှာပါ။ဆင်း ရဲသားပြည် သူတွေအတွက်လည်း အကျိုးရှိစေပါတယ်’’ဟု နယ်သာ လန်မိဖုရားမက္ကဆီမာက ပြော ကြားသွားသည် ။ ငွေကြေးကဏ္ဍ   တည် ဆောက်ရေး လမ်းပြမြေပုံ အ ကောင်အထည်ဖော်မည့် ခန့်မှန်း ကုန်ကျငွေမှာ အမေရိကန်ဒေါ် လာသန်းတစ်ရာမှ သန်း ၁၅၀အ တွင်း ခန့်မှန်းထားပြီး UNDP- UNDCF (ကုလသမဂ္ဂ ဖွံ့ဖြိုးရေး ရန်ပုံငွေ)နှင့် အခြားအလှူရှင်များ ၏ ထောက်ပံ့ငွေနှင့် ပုဂ္ဂလိကရင်း နှီးမြှုပ်နှံငွေများ ထည့်ဝင် ရင်းနှီးငွေ များဖြင့် ကျခံအကောင်အထည် ဖော်သွားမည်ဖြစ်သည်။

အဆိုပါငွေကြေး  တည် ဆောက်ရေးကဏ္ဍတွင် အဖွဲ့အ စည်းဆိုင် ရာနှင့်ဈေးကွက်တည် ဆောက်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ အငယ်စား အသေးစားနှင့်အလတ် စားစီးပွားရေး လုပ်ငန်းများအား ငွေကြေးဝန်ဆောင်မှုပေးခြင်း၊၀င် ငွေနည်းပြည်သူများဝန်ဆောင်မှု ပေးခြင်းတို့ကို ဦးစားပေးဆောင် ရွက်သွားမည်ဟု ဘဏ္ဍာရေးဒုဝန် ကြီးဒေါက်တာမောင်မောင်သိမ်း က ဆိုသည်။

နယ်သာလန် မိဖုရားသည် ယင်းအခမ်းအနားတွင် မိန့်ခွန်း ပြောကြား ခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ် မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ညနေ ၄ နာရီဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံရန် လွှတ်တော်သို့ သွားရောက်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List