Monday, March 30, 2015

ခက်ခဲမယ့် အလုပ် အရင်လုပ်ပြီးမှ အလွယ်သွားချင်တဲ့ ယုသန္တာတင်


ပရိသတ် လက်ခံမှု ရရှိထားသော သရုပ်ဆောင်တစ်ဦး ဖြစ်သည့် ယုသန္တာတင် က ကာရိုက်တာ ရွေးချယ်မှု အပိုင်းတွင် သူမ အတွက် ခက်ခဲသည်ဟု ထင်ရသော ကာရိုက်တာများကို ရွေးချယ် သရုပ်ဆောင် သွား မည် ဖြစ်ကြောင်း ပြောသည်။
ဗီဒီယိုကားတွေ ကျတော့ ညီမတို့ ကျောင်းတက်သလိုပဲ တဖြည်းဖြည်း သင်ယူနေရတယ်။

ဇာတ်ကားကြီး တွေမှာ ကျတော့ ကိုယ်မလုပ်ဘူးသေးတဲ့ ကာရိုက်တာမျိုးတွေကို လုပ်ကွက်ကျန်မယ် ဆိုရင် လက်ခံရိုက်ကူး ဖြစ်ပါတယ်။

ဇာတ်ကားကြီးတွေ ကျတော့ ညီမတို့ အတွက် စာမေးပွဲ စစ်သလိုပါပဲ။ညီမ အနေနဲ့ ကာရိုက်တာ တစ်ခုကို သရုပ်ဆောင်ရတာ အဆင်ပြေရုံနဲ့ ဒီကာရိုက်တာနဲ့ လိုက်ဖက်တယ်လို့ သတ်မှတ်လို့ မရပါဘူး။

ညီမ သရုပ်ဆောင်တဲ့ ဇာတ်ကားကို ပရိသတ်တွေဆီ ချပြလိုက်တဲ့ အခါမှသာ ပရိသတ်က ဒီကာရိုက်တာနဲ့ လိုက်မလိုက် ဆိုတာ ဆုံးဖြတ်ပေး တာပါ။ တစ်ခါတလေ ကျတော့ သူများအတွက် လွယ်တဲ့  ဇာတ်ရုပ်က ကိုယ့်အတွက် ခက်ချင်ခက်နေတယ်။ ဒါကြောင့် ညီမက ကိုယ်မလုပ်နိုင်တဲ့ ဇာတ်ရုပ်တွေ ဆိုရင် အကုန်လုံး နီးပါးကို လုပ်ကြည့်ချင်တယ်။

ညီမရဲ့ အကျင့်ကလည်း ကိုယ့်အတွက် ခက်ခဲမယ်ဆိုတဲ့ အလုပ်ကို အရင်လုပ် ပြီးတော့မှ အခြား လွယ်မယ့် အလုပ်တွေကို လုပ်လေ့ရှိတယ်ဟု သရုပ်ဆောင် ယုသန္တာတင်က ပြောသည်။

ယုသန္တာတင်သည် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးသည့် လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့ လူညံ့ ဆိုသည့် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment

My Blog List