ဒီမိုကရေစီအစိုးရသစ် သက်တမ်း လေးနှစ်ကျော်ရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ မြန်မာနိုင်ငံတွင် နိုင် ငံရေးအခန်းကဏ္ဍ၌ အမျိုးသမီးများ ပါဝင်ခွင့် အခွင့်အလမ်းများ နည်းပါးနေသေးကြောင်း အရပ်ဖက်လူမှု အဖွဲ့အစည်းများထံမှ သိရှိရသည်။
“နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့အတွက် လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာ ခိုင်နှုန်း တောင်းထားပါတယ်။ အခုက အမျိုးသမီးပါဝင်မှုနှုန်း အရမ်းနည်းတယ်။ ယဉ်ကျေးမှုအရ၊ အခွင့် အရေး၊ အခွင့်အလမ်းတွေ အရမ်းကွာတယ်၊ ဒါတွေက အမြစ်စွဲနေပြီလေ။ ဒါကြောင့် အမျိုးသမီး အဖွဲ့တွေ က တောင်းဆိုတယ်။ နိုင်ငံရေးမှာ ပိုမိုပါဝင်သင့်တယ်။ နေရာပေးရမယ်။”ဟု ကရင် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၏ ဒါရိုက်တာ နော်ဆူဇန်နာလှလှစိုးက ပြောသည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး ၉၆ ဦးရှိသည့်အနက် ပြည်ထောင်စု အဆင့် အမျိုးသမီး ၀န်ကြီး နှစ်ဦးနှင့် ဒုတိယ၀န်ကြီး (၆)ဦး စုစုပေါင်း(၈)ဦးသာ ပါဝင်ခဲ့ပြီး လွတ်လပ် ရေးရပြီးနောက် အမျိုးသမီးဝန်ကြီးအများဆုံးမှာ သမ္မတဦးသိန်းစိန် လက်ထက်၌သာ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့တွင် အမျိုးသမီးများ ပါဝင်နိုင်မှုမှာ ၁၀ ရာခိုင်နှုန်းပင် ပါဝင်နိုင်ခြင်းမရှိ၍ တန်းတူအခွင့်အရေးမရရှိခြင်းဟု ဆိုရခြင်းဖြစ်ကြောင်း အရပ်ဖက် လူမှု့အဖွဲ့အစည်းများက ပြောသည်။
“အမျိုးသမီးအခွင့်အရေးအတွက် ၁၉၉၈ ခုနှစ်ကတည်းက စပြောလာတာ ခုထိပါပဲ၊ ဘာမှတော့ ထူးမ လာ သေးဘူး၊ ပြောတဲ့သူတွေကလည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်၊ တကယ်တမ်းလုပ်ရ မှာက အစိုးရပါ။”ဟု Gender and Developemt Inititative မှအမှုဆောင် ဒါရိုက်တာ ဆလိုင်း အိုက်ဇက်ခင် ကပြောသည်။
လွှတ်တော်တွင် နိုင်ငံရေး စီးပွားရေး လူမှုဖူလုံရေး အစီအစဉ်များ ချမှတ်သည့်အခါတွင် အမျိုးသမီးများ၏ အမြင်များလည်းလိုအပ်ကြောင်း လွှတ်တော်တွင်း အမျိုးသမီးများ ပါဝင်မှု အားနည်း ခြင်းကြောင့် မျှမျှတတ ပါဝင်နိုင်မှုမရှိခြင်းနှင့်အမျိုးသမီး အသံများနည်း မပါဝင်ခြင်းများဖြစ်တတ် ကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
ထို့ကြောင့် လွှတ်တော်တွင် အမျိုးသမီးများပါဝင်နိုင်ရန်အတွက် အမျိုးသမီး များကိုယ်တိုင် ကိုယ်စားလှယ် များ အဖြစ် ၀င်ရောက်အရွေးချယ်ခံရန် လိုအပ်သလို မဲပေးသူအမျိုးသမီးများကိုယ်တိုင်ကလည်း အမျိုးသမီး များ အချင်းချင်း မဲထည့်သည့်စနစ်ကို ကျင့်သုံးမည်ဆိုလျှင် အမျိုးသမီး ပါဝင်မှု များလာနိုင် ကြောင်း ဆလိုင်း အိုက်ဇက်ခင်က ဆိုသည်။
တပ်မတော်အစိုးရအနေဖြင့် ၁၉၉၇ခုနှစ်တွင် အမျိုးသမီးများကို နည်းပေါင်းစုံဖြင့် ခွဲခြားထားမှု အားလုံး ဖျက်သိမ်းရေး သဘောတူ စာချုပ်(CEDAW) ကိုလက်မှတ်ရေးထိုးခဲ့သည်။ ထိုကဲ့သို့ရေးထိုးပြီး နောက် ပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာလုပ်ငန်း ကော်မတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးရေးရာ အဖွဲ့ချုပ် စသည့် အမျိုးသမီးများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများကို ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
Shwe Myitmakha Media Group

No comments:
Post a Comment