Monday, January 26, 2015

ငြိမ်းအေးမှုဖြင့် မကြုံခဲ့ရသော ပန်းနှစ်ပွင့်


သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် နှစ်လအကြာတွင် တစ်ကျော့ပြန်ဖြစ်ပွားသော ကချင်စစ်ပွဲ များကြောင့်တာလောကြီးကျေးရွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူများထဲတွင် အသက် (၁၇) နှစ်အရွယ် မခေါန် နန်စင်တစ်ယောက်လည်း ပါဝင်သည်။
ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းတွင် စစ်ဘေးတိမ်းရှောင်ရင်း သူမစိတ်ဓာတ်မကျဘဲ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် (KBC) ၏ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအဖြစ် လုပ်အားပေးခဲ့သည်။

စာဖတ်ခြင်းတွင် ပျော်မွေ့ ပြီး အေးအေးဆေးဆေးနေတတ် ကာ မိဘများ စောစောစီးစီးကွယ် လွန်သွား၍ မိဘမဲ့တစ်ဦးအဖြစ် ဆွေမျိုးများ စောင့်ရှောက်မှုကြား ကြီးပြင်းလာသော မရန်လုရာမှာ ပရဟိတအလုပ်တွင် ၀ါသနာပါ သူ ဖြစ်သည်။ ၀ိုင်းမော်မြို့ ဇာတိ ဖြစ်ပြီး အသက် (၂၀) အရွယ်သာ ရှိသေးသော မရန်လုရာ၏ ဘ၀ ရည်မှန်းချက်က အေးချမ်းလှ သော ဓမ္မဆရာမတစ်ဦး ဖြစ်ရန် ဖြစ်ပါသည်။

သို့သော် ကံတရားက ရက် စက်စွာ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏ စေတနာ့ဝန်ထမ်း နှစ်ဦးဖြစ်သော မခေါန်နန်စင်နှင့် မရန်လုရာတို့ကို အဖြစ်ဆိုးဖြင့် ဘ၀ကိုနိဂုံးချုပ်စေခဲ့သည်။ လူသူ အရောက်အပေါက် နည်းသော ဒေသတွင် ကလေးငယ်များ စာ တတ်မြောက်စေရန် လုပ်အားပေး နေသော အသက် (၂၀) ကျော် အရွယ်စီသာရှိသေးသည့် သူမတို့ နှစ်ယောက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်၊ ကောင်း ခါးကျေးရွာ ဘုရား ကျောင်းဝင်းအတွင်းရှိ နေအိမ် တွင် ဇန်န၀ါရီ ၁၉ ရက် ညက အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း ခံခဲ့ ရပါသည်။

သူမတို့နှစ်ဦးစလုံးမှာ လူချစ်လူ ခင်ပေါများပြီး အသက်ငယ်သော် လည်း ပရဟိတလုပ်ငန်းများကို စိတ်အား ထက်သန်စွာ ဆောင် ရွက်နေသူများဖြစ်သည်။

အစိုးရမူလတန်းကျောင်း ပင် မရှိသည်အထိ ပညာရေးချို့တဲ့ လှသည့် ရွာလေးတစ်ရွာသို့ စေ တနာ့ဝန်ထမ်း ဆရာမအဖြစ် က လေးများကို စာသင်ကြားပေးရန် လွန်ခဲ့သည့် ကိုးလခန့်က သူတို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်။

၂၀၁၄ ခုနှစ် မေလမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရွာ လေးတစ်ရွာသို့ စေတနာ့ဝန်ထမ်း ဆရာမအဖြစ် တာဝန်ထမ်း ဆောင်ရန် သူတို့ရောက်ရှိလာခဲ့ ကြသည်။ ယင်းနောက် ရှစ်လခန့် အကြာတွင် မျှော်လင့်မထား သည့် ကံကြမ္မာဆိုးနှင့် သူတို့ကြုံတွေ့ခဲ့ ရသည်။

သေဆုံးခဲ့သူနှစ်ဦးအနက် မခေါန်နန်စင်သည်အသက်(၂၁) ရှိပြီဖြစ်ပြီး ၀ိုင်းမော်မြို့နယ်တာ လောကြီးကျေးရွာ ဇာတိဖြစ် သည်။ သူမတို့ မိသားစုသည် အ စိုးရတပ်နှင့် ကေအိုင်အေအကြား တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ ရပြီး လက်ရှိအချိန်တွင် မြစ်ကြီး နားမြို့ ဂျန်မိုင်ကောင်းနှစ်ခြင်းအ သင်းတော် စစ်ဘေးဒုက္ခသည်စ ခန်း၌ ခိုလှုံနေကြသည်။

မခေါန်နန်စင်သည် မောင်နှ မခြောက်ယောက်တွင် အကြီးဆုံး ဖြစ်ပြီး ဖခင်မှာ သူမငယ်စဉ်ကတည်းက သေ ဆုံးခဲ့သည်။ အကြီးဆုံးဖြစ်၍ မခေါန်နန်စင်သည် မိခင်မုဆိုးမအပေါ် အစစအရာရာကူညီပံ့ပိုးပေးနေသူဖြစ်ပြီး လူမှုဆက်ဆံရေး ပြေပြစ်သူတစ်ဦးလည်းဖြစ်သည်။

‘‘သူ့အတွက်ကြောင့် အိမ်မှာ စိတ်ဒုက္ခရောက်ရတယ်လို့ မရှိ ဘူး။ ကျွန်မကိုလည်းအမြဲစိတ် ချမ်းသာမှုပေးတဲ့ သမီးပါ’’ဟု မ ခေါန်နန်စင်၏ မိခင်ဒေါ်လုဘူက အခန်းနံရံတွင် ချိတ်ဆွဲထားသည့် သမီးဖြစ်သူဓာတ်ပုံ ကိုကြည့်ရင်း ငိုရှိုက်ကာပြောသည်။

မြစ်ကြီးနားမြို့ စီတာပူအမ က၊ ကျောင်းတာလောကြီးအထက (၂၊ စသည့်ကျောင်းများတွင်အဋ္ဌမ တန်း အောင်မြင်ခဲ့သည်အထိပညာဆည်းပူးခဲ့ပြီးနောက် မခေါန်နန်စင်မိသားစုစားဝတ်နေရေး အခက်အခဲအတွက် ပညာရေးခေတ္တရပ်နားခဲ့ရသည်။

‘‘ဒါပေမဲ့ စိတ်ညစ်နေတာ။အိမ်ကိုဒုက္ခပေးတာမရှိဘူး။ သူ့အ ရည်အချင်းနဲ့ တာလောကြီးနှစ် ခြင်း အသင်းတော် Sunday Schoolမှာ စေတနာ့ဝန်ထမ်းဆရာ မအဖြစ် တစ်နှစ်လောက်ဝင်လုပ်ခဲ့တာ’’ ဟု ဒေါ်လုဘူကဆိုသည်။

အစိုးရတပ်နှင့်ကေအိုင်အေ တို့ တစ်ကျော့ပြန်တိုက်ပွဲများပြင်း ထန်ခဲ့သည့် ၂၀၁၁ ဇူလိုင်လမှာတော့ သူမတို့မိသားစုမှာ မြစ် ကြီးနားမြို့ ဂျန်မိုင်ကောင်းနှစ် ခြင်းအသင်းတော်စစ်ဘေးဒုက္ခ သည်စခန်းသို့ တိမ်းရှောင်ခဲ့ကြရ ပြန်သည်။ ထို့နောက် ဂျန်မိုင် ကောင်းနှစ်ခြင်းအသင်းတော်က လေးသူငယ် ဖွံ့ဖြိုးရေးကျောင်းတွင် မခေါန်နန်စင်တစ်ယောက် စေတနာ့ဝန်ထမ်းဆရာမအဖြစ် တစ်နှစ်ဆောင်ရွက်ခဲ့ သည်။

အသက်ငယ်ရွယ်စဉ်ကပင် လောကဓံမျိုးစုံ ရင်ဆိုင်ခဲ့ရသော် လည်း မခေါန်နန်စင်မှာ ယင်းအ ခြေအနေ များကြောင့်အထီးကျန် နေသူတစ်ယောက်တော့မဟုတ်ခဲ့ ပါ။ စိတ်ထားဖြူစင်ပြီး လူမှုဆက် ဆံရေးကောင်း မွန်သောကြောင့် မခေါန်နန်စင်ကို ချစ်ခင်သည့်မိတ် ဆွေအပေါင်းအသင်းအလွန်များ ပြားသည်။ သူမမှာ အ ချက်အပြုတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဟင်းချက်အလွန်တော်သည်ဟုလည်း သူငယ်ချင်းဖြစ်သူ မလွမ်းလမ် ကပြောသည်။

‘‘သူက ငရုတ်သီးထောင်း တာအရမ်းတော်တယ်။အရမ်း လည်းဖော်ရွေတယ်’’ဟု မလွမ်း လမ်ကပြောသည်။

၂၀၁၂တွင် န၀မတန်းကို မြစ်ကြီးနားမြို့ အထက(၅)တွင် မခေါန်နန်စင်ပြန်လည်တက် ရောက်ခွင့်ရပြီးနောက် တက္ကသိုလ် ၀င်တန်း ဆက်လက်ဖြေဆိုခဲ့ သည်။

တက္ကသိုလ်ဝင်တန်းဖြေဆို ပြီး ၂၀၁၄တွင် မခေါန်နန်စင်မှာ ကချင်နှစ်ခြင်း အသင်းတော်(KBC)မှ ခေါ်ယူ သည့် ဝေးလံခေါင်ဖျားဒေသများတွင် ပညာ သင်ကြားပေးရန် စေတနာ့ဝန် ထမ်းဆရာမတာဝန်ဆောင်ရွက် ရန် စိတ်တူကိုယ်တူသူငယ်ချင်း များနှင့်အတူ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

‘‘သူက ဆရာမလုပ်တာ အ ရမ်းဝါသနာပါတယ်လေ။သူ့ဟာ သူစိတ်ဝင်စားလို့ သွားလျှောက် တာ’’ဟု မိခင်ဖြစ်သူကဆိုသည်။

KBCတွင် သင်တန်းတစ်လ တက်ရောက်ခဲ့ပြီး ၂၀၁၄ခုနှစ် မေ လ ၂၅ရက်တွင် မခေါန်နန်စင် ဆရာမတာဝန် ထမ်းဆောင်ရန် ကောင်းခါးကျေးရွာသို့ ထွက်ခွာသွားခဲ့သည်။

‘‘ကောင်းခါး သွားခါနီး နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်မှာ သူလက်ယမ်းပြပြီးနှုတ်ဆက်သွား တာတောင်အရမ်း ခံစားခဲ့ရတယ်။ သူက ခင်ဖို့အရမ်းကောင်းတာ ။အခုတော့ သူမရှိတော့ဘူး။ မပြော ပြနိုင်အောင်ခံစားရတယ်။ အရမ်း လည်းသတိရတယ်’’ဟု မလွမ်း လမ်က မျက်ရည်များကို သုတ်ရင်း ပြောသည်။

ကောင်းခါးကျေးရွာရောက် ကတည်းက ကလေးများကို စာ သင်ရင်း ပျော်မွေ့နေသော သမီး နှင့် တစ်လ တစ်ကြိမ်ဖုန်းအဆက်အသွယ်ရခဲ့ကြောင်းလည်း မိခင်ကဆိုသည်။

‘‘ဒီဇင်ဘာနောက်ဆုံးဖုန်း တွေ့တာ။ အဲဒီတုန်းက မောင် လေးအငယ်ဆုံးနဲ့ပြောတယ်။ သူ ပြန်လာရင် စာအုပ်တွေ၊ မုန့်တွေ လက်ဆောင်ယူခဲ့ပေးမယ်တဲ့’’ဟု ဒေါ်လုဘူက ဆို့နင့်စွာပြောပြ သည်။

ယခုအချိန်မှာတော့ မခေါန် နန်စင်မှာ သူချစ်သော မောင် လေးအတွက် အိမ်အပြန်လက် ဆောင်မ ၀ယ်ပေးနိုင်တော့ဘဲ မိ သားစုနှင့် အဝေးဆုံးသို့ထွက်ခွာ သွားပြီဖြစ်သည်။

ဝိုင်းမော်မြို့ရပ်ကွက် (၁) တွင်နေထိုင်သည့် မရန်လုရာ သည် ပေါင်မပြည့်ဘဲ မွေးဖွားလာ သည့်အတွက် မိသားစုနှင့် သူငယ် ချင်းများက ချစ်စနိုးဖြင့် ‘‘အကီး’’ ဟုခေါ်ဝေါ်ကြသည်။ ကချင်ဘာ သာဖြင့်သေးငယ်ပိန် ပါးသူဟု ဆို လိုခြင်းဖြစ်သည်။

မရန်လုရာသည် စာဖတ် အလွန်ဝါသနာပါပြီး အေးအေး ဆေးဆေးနေတတ်သဖြင့် စကား အလွန်များသူကို မနှစ်သက်ပေ။ သူမ၏ မိဘများမှာ ငယ်စဉ်က တည်းပင် ဆုံးပါးသွားခဲ့မှုကြောင့် မိဘမဲ့ဖြစ်ခဲ့ရသူတစ်ဦး လည်းဖြစ် သည်။ မောင်နှမလေးယောက် တွင် တတိယမြောက်ဖြစ်ပြီး အဘွား၊ အဒေါ်၊ အစ်မများ၏ စောင့်ရှောက် မှုဖြင့် ကြီးပြင်းလာခဲ့ ခြင်းဖြစ်သည်။

ဝိုင်းမော် အထက (၂) တွင် ပညာသင်ကြားခဲ့သော မရန်လုရာမှာ လိမ္မာယဉ်ကျေးပြီး မိသားစု အပေါ် သိတတ်သူတစ်ဦးဖြစ် ကြောင်း ဆွေမျိုးသားချင်းများက ဆိုသည်။

‘‘စိတ်ဆိုးတယ်ဆိုတာလည်း မရှိဘူး။ ခိုင်းတာမလုပ်တာလည်း မရှိဘူး။ ဘာနာမည်ပျက်မှလည်း မရှိဘူး’’ဟု မရန်လုရာ၏ အဒေါ် ဖြစ်သူ ဒေါ်ဒေါင်ညွယ်က ပြန် ပြောင်းပြောပြသည်။

၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးနောက် မရန်လု ရာတစ်ယောက် အဘွားနှင့် အစ်မဖြစ်သူတို့ တိုက်တွန်းချက်အပြင် သူဝါသနာပါသည့် ဘာသာရေး ဆရာမအလုပ်အတွက် အတွေ့ အကြုံရရှိစေရန်ရည် ရွယ်ချက်ဖြင့် KBC စေတနာ့ဝန်ထမ်းဆရာမ အဖြစ်လုပ်အားပေးသည့် ဆွမ်ပ ရာဘွပ်မြို့နယ် ဝေးလံခေါင် ဖျား ဒေသတွင် တစ်နှစ်ကြာ စေတနာ့ ၀န်ထမ်းဆရာမအဖြစ် ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

‘‘အခုကောင်းခါးမှာ သူ့အ တွက် ဒုတိယစာသင်နှစ်ပေါ့’’ဟု အဒေါ်ဖြစ်သူကဆိုသည်။

မရန်လုရာသည် တက္ကသိုလ် ၀င်တန်းအောင်မြင်ခြင်းမရှိသေး သည့်အတွက် ကောင်းခါးကျေးရွာ တစ်နှစ်တာဝန်ထမ်းဆောင်ပြီးပါ က စာမေးပွဲပြန်ဖြေပြီး သူ၏ မူလ ရည်မှန်းချက်ကို အကောင်အ ထည်ဖော်ရန် ရည်ရွယ်ထားခဲ့ သည်။

‘‘ဒီနှစ်ပြီးရင် ဆယ်တန်းပြန် ဖြေမယ်၊ ကျမ်းစာသင်ကျောင်း တက်မယ်လို့ သူပြောထားတာ။ အရမ်းကောင်း တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ သူ့ကိုသတိရနေကြတာ’’ဟု သူငယ်ချင်းဖြစ်သူ မလွမ်းညွမ်က ဆို့နင့် စွာ ပြောပြသည်။

သို့ရာတွင် သူမအရမ်းတက် ချင်သည့် ကျမ်းစာသင်ကျောင်း ကို မရန်လုရာတစ်ယောက်တက် ရောက်နိုင်ခြင်း မရှိတော့ပါ။

မခေါန်နန်စင်ကဲ့သို့ပင် သူမ သည်လည်း ဖြစ်ရပ်ဆိုးနှင့် ကြုံ တွေ့ခဲ့ရပြီး အားလုံးနှင့် ဝေးရာသို့ ထွက်ခွာသွား ခဲ့ပါပြီ။

ကောင်းခါးကျေးရွာတွင် ရက်ရက်စက်စက်အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန် ထမ်းဆရာမ နှစ်ဦး ၏ ရုပ်အ လောင်းကို မြစ်ကြီးနားမြို့ ဂျော် ဘွမ်ခရစ်ယာန်သင်္ချိုင်း၌ ဇန်န၀ါရီ ၂၃ ရက်ကသင်္ဂြိုဟ်ခဲ့ ရာ ထောင် နှင့်ချီသည့် ပြည်သူများလိုက်ပါပို့ ဆောင်၍ ဆုတောင်းပေးခဲ့ကြ သည်။

ထိတ်လန့်တုန်လှုပ်ခဲ့ရသော အဖြစ်ဆိုးကြီး အမှုမှန်ပေါ် ပေါက် စေရန်၊ ကျူးလွန်သူများကို အမြန်ဆုံးဖော် ထုတ်ပြီး ထိရောက်စွာ အ ရေးယူဆောင်ရွက်ရန် မိသားစု များအပါအ၀င် ပြည်သူများက စောင့်ကြည့်နေကြ ပါသည်။

‘‘လက်ခံနိုင်တဲ့၊ မှန်ကန်တဲ့ အဖြေထွက်မလာရင် တစ်သက် လုံးစိတ်ကျေနပ်မှာ မဟုတ်ဘူး’’ ဟု မရန်လုရာ ၏ အဒေါ်က နံရံသို့ စိုက်ကြည့်ရင်း ၀မ်းနည်းသံတစ် ၀က်၊ ဒေါသသံတစ်ဝက်ဖြင့် လေ သံပြတ်ပြတ်ပြော သည်။

7Day News Journal

No comments:

Post a Comment

My Blog List