Friday, January 30, 2015

ကမ္ဘာ့အလှဆုံး အလှမယ်စာရင်းဝင် ဟန်သီ


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်The Ideal Beauty မှ ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှ မယ်ပြိုင်ပွဲများမှ အလှဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational Myanmarဟန်သီပါဝင်နေသည်။အလှမယ် ၂၅ ဦးမှ ဆန်ခါ တင် ၁၃ ဦးစာရင်းတွင် ပါနိုင်ရန် ယနေ့မှစ၍ ဖေ့စ်ဘွတ်ခ်၌ မဲ ပေးနိုင်ပြီး နောက်ဆုံးတွင် အ လှဆုံးတစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုဝက်ဘ်ဆိုက်မှ ရွေးချယ် သည်ကို မသိလိုက်ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း ၂၅ ဦးအထိ ပါဝင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း Miss Supranational Myanmar 2014 ဟန်သီက ဆိုသည်။

‘‘ဒီအဆင့်ထိပါလာတဲ့ အ တွက်လည်း အရမ်းပျော်ပါတယ်။ ပြိုင်ပွဲတွေ အများကြီးထဲကမှ အ ယောက် ၆၀၀ ကို ပြန်ရွေးပြီးတော့ အယောက် ၁၀၀၊ အခု ၂၅ ယောက် အထိတောင် ပါတယ်ဆို တော့ အဲဒီလောက်ထိ မမှန်းထား ပါဘူး။ နောက်ပိုင်း အဆင့်တွေကိုလည်း မမှန်းရဲပါဘူး။ ဒါပေမဲ့ အားပေးစေချင်ပါတယ်’’ ဟု
အလှမယ် ဟန်သီ က ပြောသည်။

လက်ရှိတွင် ဂျာနယ်၊ မဂ္ဂ ဇင်းများအတွက် ဓာတ်ပုံများ ရိုက် ကူးဖြစ်နေပြီး ဖေဖော်ဝါရီလဆန်း ၌ ကြော်ငြာများ ရိုက်ကူးရန်ရှိကာ ဇာတ်ကားရိုက်ကူး မှုများလည်း လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

အလှမယ် ဟန်သီသည် ၂၀၁၄ တွင် ပိုလန်နိုင်ငံ၌ ကျင်းပခဲ့သည့် Miss Supranational ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စား ပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational Asia ဆုနှင့်Miss Internet ဆုတို့ ရရှိထား သူ ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List