Wednesday, January 28, 2015

သားဖြစ်သူကို ကယ်တင်ပေးရန် မိခင်ဖြစ်သူ ဂျပန်ဝန်ကြီးချုပ်ထံ အသနားခံ




 
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုက်အက်စ် အကြမ်းဖက်သမားတွေ လက်ထဲမှာ ဓားစားခံအဖြစ် အဖမ်းခံ ထားရတဲ့ ဂျပန် သတင်းထောက် ကန်ဂျီ ဂိုတိုစံရဲ့ မိခင်က သူ့သားအသက်ကို ကယ်တင်ပေးဖို့ ဂျပန် ၀န်ကြီးချုပ်ကို အသနားခံလိုက်ပါတယ်။

ဂျော်ဒန် အစိုးရနဲ့ ညှိနှိုင်းမှုတွေကို အတတ်နိုင် ဆုံး ဆောင်ရွက်ပေးပြီး ကန်ဂျီရဲ့ အသက်ကို ကယ်တင်ပေး ပါလို့ ၀န်ကြီးချုပ်ရှင်ဇိုအာဘေးကို နာမည်တပ်ပြီး ဒီနေ့ မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

အိုက်အက်စ်အဖွဲ့က နောက်ဆုံး ထုတ်လိုက်တဲ့ ဗွီဒီယိုမှာ ဂျော်ဒန်မှာ အဖမ်းခံထားရတဲ့ အသေခံ ဗုံးခွဲသမား ကို မလွှတ်ပေးရင် ၂၄ နာရီအတွင်း အသတ်ခံရနိုင်တယ်လို့ ကန်ဂျီက ပြောထားပါတယ်။

ကန်ဂျီရဲ့ ဗွီဒီယိုထဲမှာ နောက်ထပ် ဓားစားခံ တယောက်ဖြစ်တဲ့  ဂျော်ဒန် လေယာဉ်မှူး မွတ်သ် အယ် ခါစီ ဗက်ကို သိပ်မကြာခင် သတ်ပစ်မယ်လို့လည်း ပြောထားပါတယ်။

ဂျော်ဒန် အစိုးရက သေဒဏ်ချထားတဲ့ အီရတ်အမျိုးသမီး အသေခံ ဗုံးခွဲသမား ဆာဂျီဒါ အယ်ရီရှားဝီ (Sajida al-Rishawi) ကို မပြန်မလွှတ်ရင် ဂျပန်သတင်းထောက်ကို သတ်ပစ်မယ်လို့ ဆိုထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်က အဲဒီ ဗွီဒီယိုဟာ အထင်သေး မုန်းတီးစရာကောင်းတယ်လို့ ပြောပါတယ်။ ကန်ဂျီ လွှတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ ဂျော်ဒန်အစိုးရကိုလည်း ဂျပန်ဝန်ကြီးချုပ်က တောင်းဆို ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List