Friday, January 30, 2015

အာဆီယံ ၁၀ နိုင်ငံမှာ စံတော်ချိန်တစ်ခုထဲ ထားဖို့ စဉ်းစားနေ


အရှေ့တောင်အာရှ အာဆီယံ အသင်းဝင်နိုင်ငံခြားရေး ဝန်ကြီးတွေက အာဆီယံအဖွဲ့ဝင် နိုင်ငံမှာ စံတော်ချိန် တစ်ခုထဲ ထားသင့် မသင့်ဆိုတာကို စဉ်းစားနေကြပါတယ်။အခုလောလောဆယ် အာဆီယံ နိုင်ငံ ၁၀ နိုင်ငံအကြား စံတော်ချိန် ၄ မျိုး ကျင့်သုံးနေတာ ဖြစ်ပါတယ်။
မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ တူညီတဲ့ စံတော်ချိန်ကို အသုံးပြုကြပေမယ့် မြန်မာ၊ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံကတော့ မတူညီတဲ့ စံတော်ချိန်ကို အသုံးပြုကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ကျွန်းပေါင်း ထောင်ပေါင်း များစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တာကြောင့် စံတော်ချိန် သုံးမျိုးကို အသုံးပြုလျက်ရှိပါတယ်။

အာဆီယံ ၁၀ နိုင်ငံအတွင်း အသုံးပြုတဲ့ စံတော်ချိန်တွေ မကွာခြားလှတဲ့အတွက် ဆယ်နိုင်ငံစလုံး အသုံးပြုနိုင်မယ့် စံတော်ချိန် တစ်ခုတည်း ထားရှိဖို့ အဆိုကို ၁၉၉၅ ခုနှစ် မှာ တစ်ကြိမ် ၂၀၀၄ ခုနှစ်မှာ တစ်ကြိမ် ဆွေးနွေးခဲ့ကြပြီး အခုအခါမှာ နောက်တစ်ကြိမ် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

စံတော်ချိန် တစ်ခုတည်းထားဖြစ်မယ်ဆိုရင် အာဆီယံအဖွဲ့နိုင်ငံတွေရဲ့ စီးပွားရေး ဆက်နွယ်မှု၊ ဘဏ်လုပ်ငန်းကို ပိုပြီး ထိရောက်အောင် လုပ်ဆောင်နိုင်မှုအပြင် လေကြောင်းပူးပေါင်းမှုတွေမှာလည်း အကျိုးဖြစ်စေနိုင်တယ်လို့ မလေးရှားနိုင် ငံခြားရေး ဝန်ကြီးက ကျိုဒိုးသတင်းကို ပြောသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ တောင်တရုတ်ပင်လယ်ပြင် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံ အသင်းဝင် နိုင်ငံတချို့ အကြား ပြဿနာ ဖြစ်နေတာကြောင့် အားလုံးလိုက်နာနိုင်မယ့် ပင်လယ်ပြင်ဥပဒေကို စောစီး သတ်မှတ်နိုင်ဖို့ လုပ်ဆောင် သွားဖို့လည်း အာဆီယံအသင်းက လိုလားနေပါတယ်။

၂၀၁၅ ခုနှစ် အာဆီယံဥက္ကဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူတာကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို မလေးရှားနိုင်ငံမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List