Tuesday, January 27, 2015

ဗြိတိန်တော်ဝင်ကို သူကောင်းဘွဲ့ပေးတဲ့ သြစီဝန်ကြီးချုပ် ဝေဖန်ခံရ


ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ သြစတြေးလျ အမျိုးသားနေ့ Australia Day နေ့အတွင်း ဗြိတိန်တော်ဝင်မင်းသား Prince Philip ကို သူကောင်းဘွဲ့ Knighthood ဆုချီးမြှင့်လိုက်တဲ့အတွက် သြစတြေးလျ ဝန်ကြီးချုပ်ကို ဝေဖန်နေကြပါ တယ်။
သြစတြေးလျ နိုင်ငံအကျိုး သယ်ပိုးခဲ့သူတွေကို သြစတြေးလျ အမျိုးသားနေ့ အတွင်း ဆုတွေ ချီးမြှင့်လေ့ရှိပြီး ဒီနှစ်မှာ သြစတြေးလျနိုင်ငံသား မဟုတ်တဲ့ ဗြိတိန်တော်ဝင် မင်းသားကို ဆုချီးမြှင့်တဲ့အပေါ် ဝန်ကြီးချုပ် တိုနီအာဘော့တ်က ဝေဖန် ခံနေရတာပါ။

ဝန်ကြီးချုပ် တိုနီအာဘော့တ်ရဲ့ ပါတီတွင်းက လူတွေကပါ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ကို ဝေဖန်ကြပြီး တချို့ကလည်း ဗြိတိန်တော် ဝင် မင်းသား ဖိလစ်ထက် သြစတြေးလျ အကျိုးကို သယ်ပိုးတဲ့ တခြားလူတွေ အများအပြား ရှိတယ်လို့ ဝေဖန်လိုက်ကြပါ တယ်။

တချို့ လူနည်းစုကလည်း ဗြိတိန်တော်ဝင်မင်းသား ဖိလစ်ဟာ သြစတြေးလျ နိုင်ငံအတွက် ကောင်းကျိုးတွေကို လုပ်ဆောင်ပေး ခဲ့ဖူးတာကြောင့် သူကောင်းဘွဲ့ ဆုချီးမြှင့်ခံရတာ ထိုက်တန်ပါတယ်လို့ ပြောဆိုနေကြပါတယ်။ 

မင်းသားဖိလစ်က ချမှတ်ပေးထားတဲ့ Duke of Edinburgh ဆုကြောင့် သြစတြေးလျနိုင်ငံက လူငယ်ပေါင်းများစွာ အကျိုး ရရှိစေတယ်လို့လည်း ထောက်ပြကြပါတယ်။

ABC

No comments:

Post a Comment

My Blog List