Friday, January 30, 2015

နွားကွဲလျှင် ကျားဆွဲမည်


ပူးတွဲ ကြေညာချက် ထွက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဆွေးနွေးတာတွေ အသေးစိတ် မသိရပေမယ့် အမှတ်စဉ်(ဃ)ကိုတော့ စိုးရိမ်မိပါတယ်။ကျောင်းသားများအနေဖြင့်ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့် နေ့တွင် သပိတ်ရပ်နားသွားမည် ဆိုတဲ့အချက်ပေါ်မှာ ကြောင့်ကြ မိပါတယ်။ 


ညှိနှိုင်းဆွေးနွေးတာ တွေစတာဟာ သဘောတူညီချက် ရတာမဟုတ်သေးဘူးဆိုတဲ့ အ ချက်ကို မျက်ခြည် မပြတ်ဖို့လိုပါ တယ်။ ဆွေးနွေးပွဲကို ဘယ်လိုပုံစံ နဲ့သွားမယ်။ အစီအစဉ်ကဘယ် လိုရှိမယ်။ ဆွေးနွေးပွဲအချိန် ဇယားကဘယ်လိုရှိမယ်။ ဘယ်သူတွေ ဘယ်လိုပုံစံနဲ့ ဆွေးနွေးပွဲမှာပါဝင် မယ်ဆိုတာတွေ ဘာမှသဘောတူ ညီထားတာမရှိပါဘူး။ အစိုးရ ဘက်ကဆွေးနွေးပွဲကို ဖေဖော်ဝါ ရီ ၁ ရက်နေ့လုပ်မယ်။ ကျောင်းသားကိုယ် စားလှယ်တွေတင်ပြတဲ့ အချက် ၁၁ ချက်ကိုဆွေးနွေးညှိ နှိုင်းအဖြေရှာမယ်။ အပြုသဘော ဆောင်ဆွေးနွေးပြီး သဘောတူညီ ချက်များဆွေးနွေးရယူဖို့နဲ့ ကျန်တာတွေဆက်ဆွေးနွေးအဖြေရှာ ဖို့ ပူးတွဲကြေညာချက်ထဲမှာ ထုတ် ပြန်ထားတာတွေက မရေရာ၊ မသေချာ ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင် တဲ့အချက်တွေမပါတာကိုတွေ့ရ ပါတယ်။ ယေဘုယျပြောရင် အစိုးရအနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လုပ်ပေး မယ်ဆိုတာထက်ဘာမှရေရေရာရာ ပွင့်ပွင့်လင်းလင်း ပြောမထားတာကို သတိပြုမိပါတယ်။ ကျောင်း သားတွေဘက်ကတော့ ဆွေးနွေးပွဲတွေ စတာနဲ့ ခြေလျင်သပိတ်စစ် ကြောင်းကြီးကို ရပ်နားရမယ်ဆိုတော့ မိတ်ဆွေ၊ ရဲဘော်၊ သူငယ်ချင်းတို့ နဖူးပေါ်လက်တင်စဉ်းစား ကြစမ်းပါဦး။ တရားမျှတရဲ့လား။ ကျောင်း သားတွေအတွက် ရေရာ သေချာတာတွေ ဘာတွေများရ လဲလို့။ နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲတွေ ကိုတောင် လေးပွင့်ဆိုင် ကို ၁၂ ပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် ကို ၄၈ ပွင့်ဆိုင်နဲ့ မြိုင်မြိုင်ဆိုင် ဆိုင်လုပ်ပြီး ဘာမျှအရည်မရ အဖတ်မရအောင်လုပ်တတ်တဲ့ဇရှိတဲ့အစိုးရ ပါ။ ကျွန်တော့်အနေ နဲ့ အတော်လေး ရင်လေးမိပါ တယ်။ အချိုသတ်၊ သပ်လျှို၊ လမ်းလွှဲဖို့များ အားထုတ်လေ ရော့သလားလို့စိုးရိမ်မိပါတယ်။ မှတ်တမ်းဟောင်းတွေအရကြည့် ရင်ကို စိတ်မချရတာအမှန်ပါ။

အရေးကြီးဆုံးကတော့ ခြေလျှင်သပိတ်မှောက်ကျောင်းသားတွေအပါအဝင် တစ်နိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားတွေအကြောင်း သွေးစည်းညီညွတ်မှုကို အမြင့်မားဆုံးမြှင့်တင်ထားနိုင်ဖို့ပါ။ အချင်းချင်း စိတ်ဝမ်း ကွဲလို့ လုံးဝမဖြစ်ပါဘူး။ နွားကွဲ ရင်ကျားဆွဲပါမယ်။ ညီအစ်ကို မသိတသိအခြေအနေ ကိုလည်း ပါးပါးနပ်နပ်လေ့လာနိုင်ဖို့လိုပါ တယ်။ ကိုယ့်လူ၊ သူ့လူ ရောထွေး နေတတ်တဲ့ကာလမျိုးပါ။ အခု တင် ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်း လူမှုကွန်ရက်စာ မျက်နှာက သပိတ်စစ်ကြောင်း များရပ်နားပြီလို့ ပို့စ်တက်လာပါ တယ်။ အဲဒီအချိန်မှာ သပိတ် စစ်ကြောင်းဟာ တောင်သာနယ်၊ ဝဲလောင်အလွန်မှာပါ။ သပိတ်စစ် ကြောင်းက ပြန်ဖြေတဲ့ပို့စ်က သပိတ်မလှန်ပါဘူးတဲ့။ ဆိုက်ဝါး တွေက လူမှုကွန်ရက်စာမျက်နှာ တွေကနေတစ်ဆင့် ကျောင်းသား တွေကိုသွေးထိုး၊ သွေးခွဲတော့မှာ ပါ။ ကျွန်တော် အတော့်ကိုစိုးရိမ် မိပါတယ်။ စိတ်မကောင်းဖြစ်မိ တာက ခြေလျင်သပိတ်မှောက် စစ်ကြောင်းကြီးတွေအပေါ် လူထု ထောက်ခံမှု၊ ကျောင်းသားထု ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု၊ အင်အားကောင်းလာမှု စတာတွေ ကိုလေးပွင့်ဆိုင်ဆွေးနွေးပွဲလုပ် မယ်ဆိုတဲ့ တစ်ချက်တည်းနဲ့ အလဲအလှယ်လုပ်ပစ်ခဲ့တာကိုပါ။ ကျွန်တော် ကျွန်တော့်ညီငယ် ကျောင်းသားခေါင်းဆောင်ရဲ ဘော်တွေကို အပြစ်မတင်လိုပါ ဘူး။ သူတို့ဟာ နုနယ်၊ အတွေ့ အကြုံနည်းပါးသူတွေပါ။ သူတို့ ဟာ ရိုးသားသူတွေပါ။ ရိုးသားစွာ အဖြေရှာလိုသူတွေပါ။ ဒါပေမဲ့ တစ်ဖက်က သူတို့နဲ့ထပ်တူရိုးသား ပါ့မလား၊ အဖြေရှာလိုပါ့မလား ဆိုတာ ကျွန်တော်သံသယဖြစ်မိ ပါတယ်။ နောက်စိတ်မကောင်းတာက အတွေ့အကြုံရှိတဲ့သူတွေ ပါနေလျက်နဲ့ အဲဒီလိုဖြစ်လိုက်တာ ကိုသိလိုက်ရလို့ပါ။

ခြေလျင် သပိတ်မှောက် ကျောင်းသားရဲဘော်အပေါင်းတို့ ကို အလေးအနက်ဂုဏ်ပြုပါ တယ်။ ရဲဘော်တို့ရဲ့ စွန့်လွှတ်၊ စွန့် စားမှုကြောင့် အခုလိုတွေ့ဆုံဆွေး နွေးမှုတွေ၊ လေးပွင့်ဆိုင်တွေဖြစ် လာရတာပါ။ လုံးဝသွေး ကွဲလို့ မဖြစ်ပါ။ အချင်းချင်းအကြား အမြင်မတူတာတွေ၊ သဘောထားမတူတာတွေရှိနိုင်ပေမယ့် သွေးစည်းဖို့ အရေးတကြီးလိုအပ်နေတဲ့အချိန်မှာ ပိုသတိထားကြဖို့ လိုအပ်ပါမယ်။ နွားကွဲရင်ကျားဆွဲပါမယ်။

ရဲဘော်တို့နောက်ပိုင်းကြုံ လာရနိုင်တဲ့ စိန်ခေါ်မှုတွေဟာ ပရိ ယာယ်တွေ၊ မာယာတွေ၊ လှည့် စားမှုတွေနဲ့ ထုံမွှမ်းနေနိုင်ပါတယ်။ ဘုရားပွဲဈေးတွေမှာတွေ့ရတတ် တဲ့ ဖဲသုံးချပ်ဝိုင်းမှာ ရပ်ကြည့်မိတဲ့ အခါ ရှိသင့်ရှိ ထိုက်တဲ့သတိမျိုးရှိ ကြဖို့ တိုက်တွန်းချင်တယ်။ ဖဲသုံး ချပ်ဝိုင်းမှာ ကိုယ့်ဘေးနားကပ် လာတဲ့ အလံရှူးတွေကို သတိထား ရသလို သတိထားကြပါ။ အချင်း ချင်းရှေ့လျှောက် ပိုလက်ချင်း ချိတ်ထားကြရမယ်။ ပိုစည်းလုံးကြ ရမယ်။ ရဲဘော်တို့ဟာ သက်လုံကောင်းအောင် အားမွေးကြရမယ်။

အပြီးသတ်ပြောရရင် ပူးတွဲ ကြေညာချက်ရဲ့အချက်(ဃ)ကို အပေါ်သုံးချက်မှာ ဘာမှရေရေ ရာရာမပါဘဲ သဘောတူလက်မှတ်ရေးထိုးပေးလိုက်ရတာ နာသကွာလို့ပဲပြောချင်ပါတယ်။ ရဲဘော်တို့ ဖဲသုံးချပ်ဝိုင်းကို မမေ့နဲ့။ အလံရှူးတွေကိုသတိပြု။ ညီအစ်ကိုမသိတသိအခြေအနေကို မမေ့နဲ့။

(ဤဆောင်းပါးမှာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

7Day News Journal

No comments:

Post a Comment

My Blog List