Friday, January 30, 2015

ပြည်ထောင်စုနေ့အခမ်းအနားသို့ သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ခေါင်းဆောင်များအား ဖိတ်ကြားမည်


ဖေဖော်ဝါရီတွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် သမ္မတက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၆ ဖွဲ့မှ တိုင်းရင်းသား ခေါင်းဆောင်များအား ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်း ဆောင်များကို လာမည့်တစ်ပတ်မှစ၍ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း ရုံးမှ ဖိတ်ကြားမည်ဟု သိရှိထား ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေးဦးလှ မောင်ရွှေက ပြောသည်။

‘‘နှုတ်နဲ့ ပြောထားတာပဲ ရှိပါ သေးတယ်။ တက်၊ မတက်တော့ မပြောနိုင်သေးပါဘူး’’ဟု ရှမ်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သော RCSS / SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် လာမည့်ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး စာချုပ်လက် မှတ်ရေးထိုးရန် တိုင်းရင်းသားခေါင်းဆောင်များ အား ကမ်းလှမ်းထားပြီး အချို့ တိုင်းရင်းသားခေါင်းဆောင် များမှာ ထိုနေ့တွင်လက်မှတ်ရေးထိုးနိုင်ရန် လိုက်လံစည်းရုံးလျက်ရှိသည်။

သို့သော် ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးပွဲမပြုလုပ်နိုင်သေးသဖြင့် လာမည့်ဖေဖော် ၀ါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် လက်မှတ်ရေး ထိုးနိုင်တော့မည်မဟုတ်ပေ။

7Day News Journal

No comments:

Post a Comment

My Blog List