Wednesday, January 28, 2015

မြန်မာ့တပ်မတော်တွင် တပ်မှူးကြီး အဆင့်ရှိ အမျိုးသမီးဗိုလ်မှူးကြီး နှစ်ဦး အပါအ၀င် အမျိုးသမီး အရာရှိပေါင်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်နေ


 မြန်မာ့တပ်မတော်တွင်  တပ်မှူးကြီး အဆင့်ရှိ အမျိုးသမီး ဗိုလ်မှူးကြီး နှစ်ဦး အပါအ၀င် ဗိုလ်မှူးကြီး၊ ဒုတိယ ဗိုလ်မှူးကြီးအဆင့်နှင့် အမျိုးသမီးအရာရှိပေါင်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်နေကြောင်း မြန်မာ့တပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသမီးဦးရေမှာ နိုင်ငံ့လူဦးရေ၏ ထက်ဝက် ၅၀ ရာခိုင်နှုန်းကျော် ရှိနေ၍ တပ်မတော်၏ သင့်လျော်သည့် နေရာ၊ ရာထူးများတွင် အမျိုးသမီးများ ခန့်အပ်တာဝန်ထမ်းဆောင်စေခြင်းဖြင့် အမျိုးသမီး များ၏ စွမ်းရည်ကို ဖော် ထုတ်ပေးနေကြောင်း ကာကွယ်ရေးဦးစီးချုပ်က တပ်တွင်းတွေ့ဆုံပွဲတစ်ခု ၌ ပြော ကြားသည်။

လက်ရှိမြန်မာ့တပ်မတော်၏ လက်ရုံးတပ်တစ်တပ်ဖြစ်သည့် ဆေးတပ်တွင် ဗိုလ်မှူးကြီး ဒေါ် ယဉ်ယဉ်ထွန်း အပါအ၀င် အမျိုးသမီးတပ်မှူးကြီး နှစ်ဦး၊ ဗိုလ်မှူး ကြီး ၁၄ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၆ ဦးနှင့် အခြားအဆင့် အရာရှိများ အပါအ၀င် အမျိုးသမီးအရာရှိ ၅၀၀ ကျော် တာဝန်ထမ်းဆောင်နေကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ တပ်မှာရှိတုန်းက ဆေးတပ်မှာ ဗိုလ်မှူးကြီး ဒေါ်ယဉ်ယဉ်ထွန်း ဆိုတာ တစ်ယောက်ရှိခဲ့တယ်။ အမျိုးသမီးတွေကျတော့ တိုက်ခိုက်ရေးဘက်မှာ မသုံးဘူး။ ဖွဲ့စည်းပုံအရလည်း ဆေးတပ်တို့၊ သူနာပြုတပ်တို့ လို အကူလက်ရုံးတပ်ခွဲတွေက သေးတယ်။ ရာထူးနေရာလွတ်လည်း မရှိရင် ရာထူးတိုးက နှေးတယ်။ တိုက် ခိုက်ရေးတပ်တွေကတော့ ရာထူးတိုး အရမ်းမြန်တယ်။ ကြားမှာ ဆေးတပ်နဲ့ သူနာပြုတပ်က အမျိုးသ မီးတွေ တောက်လျှောက် ခေါ်တယ်။ ကြည်းတပ်ကိုသာအမျိုးသမီးကို နှစ်ပေါင်းခြောက်ဆယ်လောက် မခေါ်တော့ မျိုးဆက် ပြတ်သလိုဖြစ်သွားတာ။ မနှစ်က စပြီးတော့ ကြည်း၊ ရေ၊ လေမှာ  အမျိုးသမီးဗိုလ် ကြီးတွေပြန်ခေါ် နေပြီ’’ ဟု တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦး ကပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ကလည်း နှစ်စဉ်အမျိုးသမီး စစ်မှုထမ်းအရာရှိနှင့် စစ်သည်များခေါ်ယူခန့်ထား တာဝန်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘ကြည်းတပ်က ဟိုးအရင် တုန်းက ခေါ်ခဲ့တဲ့ အမျိုးသမီးကြီး  တွေဆိုရင် ထွက်သွားကြပြီ။ အသက်လည်း ရပြီကိုး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး တပ်ထဲမှာ အမျိုးသမီးအရာရှိမရှိတော့ဘူး။ ဆေးတပ်နဲ့ သူနာပြု တပ်တွေကျ တော့လည်း နောက်တန်းမှာပဲနေ ရတယ်။ တိုက်ခိုက်ရေးအန္တရာယ် နဲ့လည်း မနီးတော့ ဖွဲ့စည်း ပုံအရ ရာထူးတိုးက နေရာလွတ်မရှိရင် မရနိုင်ဘူး။ ပြီးတော့ကြည်းတပ်အင်အားသိန်းချီနေတဲ့အချိန်မှာ ဆေး တပ်က ညွှန်မှူးအဆင့်ဆိုတာ လေး၊ ငါးသောင်းလောက်ပဲရှိ တာ။ ရာထူးတိုးဖို့ သိပ်မလွယ်ဘူး’’ဟု ၎င်းကပြောသည်။

မြန်မာ့တပ်မတော်က ၂၀၁၄ မှစ၍ အမျိုးသမီး ဗိုလ်လောင်းအရာရှိ ၁၁၀ ဦး ခေါ်ယူခဲ့ပြီး ပြည်နယ်၊ တိုင်းဒေ သကြီး အသီးသီးရှိ ကြည်း၊ ရေ၊ လေ တပ်များတွင် တာဝန်များခွဲဝေချထားပေးခဲ့ပြီးဖြစ်သည်။

လက်ရှိ ၂၀၁၅ အတွက် အမျိုးသမီးဗိုလ်လောင်းများ ခေါ်ယူထားပြီး တက္ကသိုလ်ဝင်တန်းအောင်  အမျိုးသမီး တပ်ကြပ်ကြီးစာရေး ရာထူးများကိုလည်း ယမန်နှစ်ကဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများနှင့် မရှေးမနှောင်းက ပင် စတင် ခေါ်ယူခဲ့သည်။

 7Day News Journal

No comments:

Post a Comment

My Blog List