Thursday, January 29, 2015

တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးခေါင်းဆောင်များပါဝင်သော ဆွေးနွေး ပွဲမျိုးသည်သာ အနာဂတ် ပြည်ထောင်စုပြသနာများကို ဖြေရှင်းပေး နိုင်မည်ဖြစ်ကြောင်း FDA ထုတ်ပြန်


ခြောက်ပွင့်ဆိုင်၊ ၁၄ပွင့်ဆိုင်နှင့် ၄၈ပွင့်ဆိုင် ဆွေးနွေးမှုများသည် တွေ့ ဆုံဆွေး နွေးအဖြေရှာရေးကိုဦးတည် သည် ဖြစ်၍ အသိအမှတ်ပြုသော်လည်း တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးခေါင်းဆောင် များပါ ဝင်သော ဆွေး နွေးပွဲမျိုးသည်သာ အနာဂတ်ပြည်ထောင်စုပြသနာများ ကိုဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ (FDA) က အထူးကြေညာချက်ထုတ်ပြန်လိုက်သည်။
တိုင်းရင်းသားပါတီများအပါ အဝင် နိုင်ငံရေးပါတီ ၁၁ပါတီဖြင့် ဖွဲ့စည်းထားသော FDA အဖွဲ့သည် ဇန်နဝါရီ ၂၇ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး ခြောက် ပွင့်ဆိုင်တွေ့ ဆုံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၁၅ရွေးကောက်ပွဲ ပွင့်လင်းမြင်သာရေးစသည်တို့ကို ဆွေးနွေးအပြီး အထူးကြေညာချက်အဖြစ် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

FDA ၏ခြောက်ပွင့်ဆိုင်တွေ့ ဆုံရေးနှင့်ပတ်သက်သည့်သဘောထား တွင် ပြည်ထောင်စုအရေး၊ လူမျိုး အားလုံး၏အရေးကို အဖြေရှာမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးကြီး များစုံညီပါဝင်မှသာ အမျိုးသားညီ ညွတ်ရေးကို အလေးထားရာရောက်ပြီး ပင်လုံကဲ့သို့ပင် အခြားတိုင်းရင်းသားလူမျိုး များ၊ ခေါင်းဆောင်များပါ ပါဝင်သင့်သည်ဟုယုံကြည်ကြောင်း ဖော်ပြထားသည်။

FDA အဖွဲ့ဝင် ဒီမိုကရက်တစ် ပါတီ(မြန်မာ) အထွေထွေအတွင်းရေး မှူးချုပ်ဒေါ်သန်းသန်းနုက''ဆိုလိုတဲ့ သဘောက ခြောက်ပွင့်ဆိုင်ရယ် ဘာ ရယ်လက်မခံဘူးလို့ပြောတာမဟုတ်ပါဘူး။ အားလုံးပါဝင်ပတ်သက်မှု ရှိ အောင်လို့ပါ။ ပြည်သူ့လွှတ်တော် ကလဲ ခြောက်ပွင့်ဆိုင်ကိုအသိအ မှတ်ပြုထားတယ်လေ။ တိုင်းရင်း သားခေါင်းဆောင်တွေအားလုံးပေါင်းတော့ တစ်ချိန်တည်းနဲ့ပြီးပြတ်သွားအောင်လို့ပါ။၊ အားလုံးကလဲကျေ နပ်မယ်။တိုင်းရင်းသားတွေလဲပါဝင်ဖို့လိုတယ် လေ''ဟု ပြောကြားခဲ့သည်။

ထို့ပြင်ပြည်တွင်းငြိမ်းချမ်းရေး နှင့်ပတ်သက်၍လည်း UPWC နှင့် NCCT ဆွေးနွေးပွဲများတွင်ညှိနှိုင်း ရန် ကျန်ရှိနေသေးသည့်အချက်အ နည်းငယ်ကို အမြန်ဆုံးပြေလည် အောင် ဆောင်ရွက်ပေးသင့်ပြီး ဧပြီ လနောက်ဆုံးပတ်မှစတင်၍ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေး နွေးပွဲများစတင်နိုင်ကြရန် တိုက်တွန်းထားသည်။

ဖက်ဒရယ်ဒီမိုကရေစီမဟာ မိတ်အဖွဲ့ (FDA) တွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုက ရေစီနှင့်ငြိမ်း ချမ်းရေးပါတီ၊ ဒီမိုက ရက်တစ်ပါတီ( မြန်မာ)၊ ကရင်ပြည် သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ညီ ညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ကရင်ဒီမို ကရက်တစ်ပါတီ၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီစသည့်ပါတီ ၁၁ပါ တီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

SYMZ
#Democracytoday

No comments:

Post a Comment

My Blog List