Thursday, January 29, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒီပလိုမေစီမဂ္ဂဇင်း ဥက္ကဋ္ဌ DR.THOK-KYU LIM တို့ သီးသန့်တွေ့ဆုံမေးမြန်းခြင်း



ရှေ့သို့ဆက်လျှောက်မယ် နိုင်ငံတိုးတက်ဖို့ဆက်လုပ်မယ်၊ ဒါမှသာ ဒီမိုကရေစီ ရင့်သန်ခိုင်မာနိုင်မယ်

ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး ကျွန်တော့်အနေနဲ့နိုင်ငံတော် ရဲ့ ပန်းတိုင်တွေက ဘာတွေလဲ၊ ဘယ်ဟာတွေ ဦးစားပေးဆောင်ရွက် ရမလဲ စဉ်းစား ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို လေ့လာပါ တယ်။ ပြည်သူ အများစုရဲ့သဘောထားတွေကို သုံးသပ်ပါတယ်။ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ အမျိုးသားမူဝါဒတွေချမှတ်ဖော်ဆောင်ခြင်းက အမှန်ဆုံး နည်းလမ်းပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံတော်သမ္မတကြီးသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလအတွင်းက တောင်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုခရီး စဉ်တွင် (၂၅)ကြိမ်မြောက် တောင်ကိုရီးယား-အာဆီ ယံဆက်ဆံရေး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အလားတူ ဒီဇင်ဘာ ၁၁ ရက်တွင် ဘူဆန်မြို့ရှိ ပါရာဒိုက်စ် ဟိုတယ်တွင် ဒီပလိုမေစီမဂ္ဂဇင်း ထူထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ Dr. Thok- Kyu Lim အား တွေ့ဆုံ ခြဲ့ပီး အမေး-အဖြေ အင်တာဗျူးတစ်ခု ပြုလုပ် ခဲ့သည်။ ယခုအခါ အဆိုပါ ဒီပလိုမေစီ မဂ္ဂ ဇင်း ထွက်ရှိလာခဲ့ပြီဖြစ်ရာ အင်တာဗျူးဖော် ပြချက်များအား ဘာသာပြန်ဆို တင်ပြ လိုက် ရပေသည်။

''ကျွန်တော့်လက်ထက် နိုင်ငံရေးအောင် မြင်မှုတစ်ရပ်ကတော့ တပ်မတော်အစိုးရလက် ထက်ကနေ ဒီမိုကရေစီစနစ် ကို သွေးမြေကျ တာမရှိဘဲ ညင်ညင် သာသာ ချောချော မွေ့မွေ့ ကူးပြောင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်''ဟု နိုင်ငံ တော် သမ္မတဦးသိန်းစိန်က ပြောသည်။ ကိုရီး ယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် ဒီပလိုမေစီ မဂ္ဂဇင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ Thok-kyu Lim နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''အဆုံးမှာ တော့ မြန်မာပြည် သူတွေဟာ ငြိမ်းငြိမ်းချမ်း ချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ တရားဥပဒေစိုးမိုး မှုကို လိုလားတယ်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် တာတွေကို လိုချင်တယ် ဆိုတာကို ကျွန်တော် တွေ့ရှိလိုက်ရပါတယ်''ဟု ဆိုသည်။

မေး။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး ခင်ဗျား။ သမ္မတကြီးနဲ့ ခုလိုတွေ့ဆုံခွင့်ရရှိတာ အရမ်းပဲ ဝမ်းသာဂုဏ်ယူ မိပါတယ်။ တောင်ကိုရီးယားနိုင်ငံကို ဘယ်လို ရည်ရွယ် ချက်နဲ့ လာရောက်ခဲ့တာလဲခင်ဗျား။
ဖြေ။ ။ ပထမဆုံးအချက်ကတော့ အာဆီ ယံ-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု (၂၅)နှစ်ပြည့် ထိပ်သီးအစည်းအဝေး ကို တက် ရောက်ဖို့ တောင်ကိုရီးယား နိုင်ငံ သမ္မတကြီးရဲ့ ဖိတ်ကြား ချက်အရ အခုဒီကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ တောင် ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ် မှာ တောင် ကိုရီးယားသမ္မတကြီး ပတ်ဂွမ်ဟီးနဲ့ တွေ့ဆုံ ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ မြန်မာ- တောင်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရေးကိစ္စရပ် တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒီပလိုမေစီမဂ္ဂဇင်း ဥက္ကဋ္ဌ DR.THOK-KYU LIM တို့ သီးသန့်တွေ့ဆုံမေးမြန်းခြင်း
 
မေး။ ။ သမ္မတကြီးပတ်ဂွမ်ဟီးကို ဘယ်လို ရှုမြင်ပါသလဲ ခင်ဗျား။
ဖြေ။ ။ တောင်ကိုရီးယားသမ္မတကြီးဟာ ဒေ သတွင်းမှာသာမက နိုင်ငံတကာအသိုင်းအဝိုင်း မှာလည်း တက်ကြွ တဲ့ခေါင်းဆောင် တစ်ယောက် အဖြစ် ကျွန်တော့်အနေနဲ့ ရှုမြင်ထားပါတယ်။ အာဆီယံ ဒေသတွင်းမှာရော၊ အာရှ- ပစိဖိတ် ဒေသအတွင်းမှာပါ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကို တက်တက်ကြွကြွဆောင်ရွက်နေတာ တွေ့ရ ပါတယ်။ ကျွန်တော် ဟာ အာဆီယံဥက္ကဋ္ဌ တာ ဝန်ရယူ ထား သူတစ်ယောက်အနေနဲ့ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၊ အေဆမ်ထိပ်သီးအစည်း အဝေး(အာရှ-ဥရောပ ထိပ်သီးအစည်းအ ဝေး)တွေလို ထိပ်သီးအစည်းအဝေးတွေ တက် ရောက်ခဲ့ပါတယ်။ ဒီအစည်း အဝေးတွေမှာ တောင်ကိုရီးယားသမ္မတကြီး ပတ်ဂွမ်ဟီးအနေ နဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံတကာရေးရာကိစ္စ တွေမှာ တက်တက်ကြွကြွဆောင်ရွက်ခဲ့တာကို တွေ့ရှိခဲ့ရ ပါတယ်။
မေး။ ။ နိုင်ငံရေးလောကထဲ ဘာကြောင့် ဝင်ခဲ့ရသလဲ ရှင်းပြပေးပါခင်ဗျား။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ တပ်မတော်မှာ နှစ်ပေါင်း ၄ဝကျော် တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ ကျွန်တော် တို့နိုင်ငံဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရရှိ ခဲ့ပါတယ်။ လွတ်လပ်ရေး ရရှိပြီးတဲ့နောက်မှာ ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျွန်တော်တို့ ကျင့် သုံးခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီကာလဟာ ၁၄ နှစ်လောက်ပဲ ကြာခဲ့ပါတယ်။ အဓိက အား ဖြင့်တော့ လက်နက် ကိုင်ပဋိပက္ခတွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ မရှင်သန် နိုင်ခဲ့ပါဘူး။ ၁၉၆၂ ခုနှစ် ကစပြီး တော့ နှစ်ပေါင်း ၆၀ နီးပါး ပြည်တွင်းသောင်းကျန်းမှုတွေကြောင့် တပ်မတော်ဟာ နိုင်ငံတော်တာဝန်ကို ရယူ ဆောင်ရွက်ခဲ့ရပါတယ်။ အားလုံးသိတဲ့အတိုင်း ပါပဲ၊ နိုင်ငံရေး အရ အစိုးရဆိုတာ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရပါတယ်။ ဒီပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားကို ထမ်း ရွက်ရပါတယ်။ လုံခြုံမှုရှိဖို့၊ တရားဥပဒေစိုးမိုး ဖို့၊ ပြည်သူလူထုရဲ့ လူမှု စီးပွား အခြေအနေ တွေ တိုးတက်လာဖို့ ဆောင်ရွက်ရပါတယ်။ 

ကျွန်တော့် အနေနဲ့ တပ်မတော် မှာ တာ ဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ နိုင်ငံရေး တာဝန်ရယူထမ်းဆောင်ရတဲ့ အတွက် ပြည်သူ တွေရဲ့ နေ့စဉ်လူနေမှုဘဝတွေနဲ့ထိတွေ့ခွင့် ရရှိခဲ့ပါတယ်။ ဒီအခြေအ နေတွေ ကို ဖြေရှင်း ဆောင်ရွက် ခဲ့ရပါတယ်။ တပ်မတော်မှာ တာ ဝန်ထမ်းဆောင်စဉ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ အတွင်း ရေးမှူး (၁)၊ အတွင်းရေး မှူး(၂)နဲ့ ဝန်ကြီးချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ ခုနကပြောခဲ့ တဲ့ အတိုင်းပါပဲ။ အစိုးရ အနေနဲ့အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရပါတယ်။ ဒီပြည်ထောင်စုကြီး ရဲ့ အကျိုးစီးပွားကို ထမ်းရွက် ရပါတယ်။ လုံ ခြုံမှုရှိဖို့၊ တရား ဥပဒေစိုး မိုးဖို့၊ ပြည်သူလူထုရဲ့ လူမှုစီးပွားအခြေအနေတွေ တိုးတက်လာဖို့ ဆောင်ရွက်ရ ပါတယ်။ ကျွန်တော့်အနေနဲ့ပြည် သူလူထုနဲ့ထိ တွေ့ဆက်ဆံရပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ရပါတယ်။ ဒီလို လုပ်ကိုင် ခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ပြည်သူလူထုရဲ့ လို အင်ဆန္ဒတွေ သိမြင်ခွင့်ရရှိခဲ့ ပါတယ်။ ဒါဟာ ကျွန်တော်နိုင်ငံရေးကို ဘာကြောင့်ဝင်ရောက် လာရတယ်ဆိုတဲ့အကြောင်းရင်းပါပဲ။ ခုဆိုရင် ကျွန်တော် တို့နိုင်ငံရဲ့ နိုင်ငံရေးမှာ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိ ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပ ပေးခဲ့ပြီးတဲ့နောက် တပ်မတော်အစိုးရ ကနေ ဒီမိုကရေစီအစိုးရအဖြစ်ကို အသွင်ကူးပြောင်း ခဲ့ပါတယ်။ နိုင်ငံရေး ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထူထောင်ခဲ့ပါတယ်။ ဒီပါတီမှာ ကျွန်တော်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ ဒီနောက်မှာတော့ ကျွန်တော် တို့ဟာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အများစုအနိုင် ရရှိခဲ့ ပါတယ်။ ဒီလို အနိုင်ရရှိခဲ့တာကြောင့် ကျွန်တော်တို့ပါတီ ဟာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ လည်း မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။

မေး။ ။သမ္မတကြီးခင်ဗျား။ သမ္မတကြီးဟာ စစ်ဘက်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပြီး တော့ အရမ်းကိုအောင်မြင်တဲ့ နိုင်ငံရေးခေါင်း ဆောင် တစ်ယောက်ဖြစ် တယ်လို့ သိရပါတယ်။ ပွင့်ပွင့် လင်းလင်းပဲ မေးချင်ပါတယ်။ သမ္မတ ကြီးအနေနဲ့ ဘယ်ဘက်မှာ တာဝန်ထမ်းဆောင် ရတာကို ပိုပြီးနှစ်သက်ပါသလဲ။
ဖြေ။ ။ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ၊ တပ် မတော်မှာ နှစ်ပေါင်း ၄ဝကျော်တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ သမ္မတတာဝန် ယူခဲ့တာက လေးနှစ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော့် ဘဝတစ် လျှောက် တပ်မတော်မှာပဲ ထမ်းဆောင် ခဲ့တာဖြစ်တဲ့ အတွက် အဲဒီတုန်းက တပ်မ တော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလကို ကျွန်တော်တန်ဖိုးထားပါတယ်။
မေး။ ။ သမ္မတကြီးရရှိခဲ့တဲ့ အောင်မြင်မှုတွေ အကြောင်း ရှင်းပြပေးပါ။
ဖြေ။ ။ကျွန်တော်ရဲ့သိသာထင်ရှား တဲ့ အောင် မြင်မှုတစ်ခုကတော့ ကျွန်တော်တို့ဟာ တပ်မ တော်အစိုးရကနေ ဒီမိုကရေစီ စနစ်ကို သွေး ထွက်သံယိုမရှိ၊ ချောချောမွေ့မွေ့ အသွင်ကူး ပြောင်း နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကို စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး ကျွန် တော့်အနေနဲ့ နိုင်ငံတော်ရဲ့ပန်းတိုင် တွေက ဘာတွေလဲ၊ ဘယ်ဟာတွေ ဦးစားပေးဆောင် ရွက်ရမလဲ စဉ်းစားခဲ့ပါ တယ်။ ဒါ့ကြောင့် ပြည် သူတွေရဲ့လိုအင်ဆန္ဒတွေကို လေ့လာပါတယ်။ ပြည်သူ အများစုရဲ့ သဘောထားတွေကို သုံး သပ်ပါတယ်။ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ တွေ၊ လိုအပ်ချက်တွေကို ဖြည့် ဆည်း ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ အမျိုးသား မူဝါဒတွေ ချမှတ်ဖော်ဆောင်ခြင်းက အမှန် ဆုံးနည်းလမ်းပါပဲ။
ဒီမှာပဲ ကျွန်တော်တွေ့ရတာက မြန်မာ ပြည်သူတွေဟာ အေးအေးချမ်းချမ်း၊ တည်တည် ငြိမ်ငြိမ်နေချင်တယ်။ 

တရားဥပဒေစိုးမိုးမှုကို လိုချင်တယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ လူမှု စီးပွား ဘဝ အခြေအနေတွေ တိုးတက်လာ စေ ချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီရည် မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။ ကျွန်တော်တို့ ဟာ နိုင်ငံ ဘက်စုံ တိုးတက် ဖွံ့ဖြိုးလာ အောင် ဆောင်ရွက် နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ တော်တော်ကို အောင်မြင်ခဲ့ ပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကတော့ မပြီးသေးပါဘူး။ အခု အချိန်မှာ ဒီမိုကရေစီ လမ်း ကြောင်းမှန်ပေါ်ကို ရောက်ရှိနေပါပြီ။ ကျွန်တော် တို့နိုင်ငံ တိုးတက်လာအောင် ရှေ့သို့ဆက်ပြီး လျှောက်လှမ်း သွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဒီမိုကရေစီ ရှင်သန် ခိုင်မာနိုင်မှာ ဖြစ်ပါတယ်။

မှူးဇော်
(ဆက်လက်ဖော်ပြပါမည်)
Democracy today

No comments:

Post a Comment

My Blog List