Thursday, January 29, 2015

ဂျပန် Yangon Press Successful Woman ဂျာနယ်က သရုပ်ဆောင် နန်းဆုရတီစိုးကို လာရောက်မေးမြန်း


ဂျပန်နိုင်ငံတွင် ထုတ်ဝေလျက်ရှိသည့်Yangon Press Successful Woman ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သည့် Mr. Tomio Kurihara သည် နန်းဆုရတီစိုး၏ အတ္ထုပ္ပတ္တိကို ဂျပန်ဘာသာဖြင့်ဖော်ပြရန် ဇန်နဝါရီ ဒုတိယပတ်တွင်၎င်းကို လာရောက်တွေ့ ဆုံမေးမြန်းခဲ့သည်ဟု နန်းဆုရတီစိုး ကပြောသည်။
''သူတို့က ဂျပန် လည်းရောက် ဖူးရမယ်။ ဂျပန်နဲ့ အဆက် အစပ်ရှိတဲ့ လူမျိုး  ကိုဆွေးနွေး မှုတွေလုပ် ပြီးရွေးချယ် ကြတယ်။ရွေး ပြီးတော့မှ ရက်ချိန်း ပြီးလာမေး တာပေါ့။တော်တော် အံ့သြ သွားတယ်။ သူက အကုန်လုံး စုံစမ်းလေ့ လာပြီးတော့မှ လာမေးတာ။ နန်းဆု ဘာအခွေတွေ ထွက်ထားတယ်၊ ဘယ်ဇာတ် ကားတွေ ထွက်ထား တယ်၊ ဘာကြိုက်တယ်။ အဖေနာမည် ဘယ်သူ၊ အမေနာမည် ဘယ်သူ အကုန်လုံး သိတယ်။ Profile စာ ရွက်ကြီးနဲ့ လာတာ။

''ပရိသတ်ကို တစ်ခုခု မက်ဆေ့ခ်ျပေးနိုင်မယ့် အရာမျိုးတွေကို လာမေး သွားတာ။ ဘယ်လို မျိုးတွေ ဖြတ်သန်း  ခဲ့ရလဲ။ စိတ်ထဲမှာ ဘယ်လိုခံ ယူချက်တွေ ရှိလဲ။ ပထမဦးဆုံး အတွေ့အကြုံတွေက ဘယ်လိုမျိုးလဲ။ ဂျပန် လူမျိုးတွေကို ဘယ်လိုမြင်လဲဆို တဲ့မေးခွန်းတွေမေး သွားတယ်''ဟု ၄င်းက ဇန်နဝါရီ ၂၈ ရက် တွင်ပြော သည်။

ယင်းဂျာနယ်သည် မြန်မာနိုင်ငံအကြောင်းကို ဂျပန်ဘာသာဖြင့် ထုတ်ဝေလျက်ရှိပြီး နန်းဆုရတီစိုး၏ အင်တာ ဗျုးကို ဂျပန်ဘာသာဖြင့် ဖော်ပြပေးမည်ဖြစ်သည်။

''ဂျပန်ဘာသာနဲ့ဖော်ပြမှာဆိုတော့ဂျပန်လူမျိုးတွေဖတ်ကြမှာလေ။နန်းဆုရဲ့Profileကိုယ်ရေးအကျဉ်း၊ခံစားချက်၊ဘဝဖြတ်သန်းမှုပုံစံတွေဖော်ပြပြီးတော့နောက် ဆုံးကျမှ နန်းဆုရဲ့ ဂျပန် လူမျိုးတွေ အပေါ် ထင်မြင်ချက် ကိုဖော်ပြမယ်။

ဂျပန်လူမျိုးတွေက နန်းဆုတို့နိုင်ငံကို အများကြီး ကူညီထားတယ်လေ။ နန်းဆုတို့ နိုင်ငံက ဖွံ့ဖြိုးတိုးတက် ဆဲ နိုင်ငံဖြစ်တဲ့အတွက်၊ အခုလို ကူညီပေး တဲ့အတွက် အများကြီးဝမ်းသာတယ်။ သူတို့နိုင်ငံကိုလည်း တအား အားကျမိတယ်။ နန်းဆုတို့နိုင်ငံကိုလည်း ပိုပြီးကူညီစောင့်ရှောက် ဖို့မျှော်လင့် တဲ့အကြောင်းပြော ခဲ့တယ် ''ဟု နန်းဆုရတီစိုး ကပြောသည်။

ယင်းဂျာနယ်သည် သရုပ်ဆောင်  လူမင်းနှင့်  ထွန်းအိန္ဒြာဗို တို့၏ အကြောင်း များကို ၂ဝ၁၂ ခုနှစ် ကဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ သို့ရောက်ဖူး  သည့်မြန်မာ သရုပ်ဆောင် များကို သာရွေး ချယ်ပြီး အင်တာဗျူးလုပ် ကြခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List