Friday, January 30, 2015

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးဘက်မှ ခုခံထွက်ဆိုပေးမည့် သက်သေများကို ဘန်ကောက်တရားရုံး၌ စစ်ဆေးပေးရန်လျှောက်ထားမှုကို ကော့စမွေခရိုင် တရားသူကြီး ငြင်းပယ်


လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ ခုခံထွက်ဆိုပေးမည့် သက်သေများကို ဘန်ကောက် ရှိတရား ရုံး၌ စစ်ဆေးပေးရန် ကော့စမွေခရိုင် တရားရုံးသို့ လျှောက်ထားမှုကို တရား သူကြီးမှငြင်းပယ် ခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ သိရသည်။
မြန်မာနှစ်ဦးရှေ့နေများမှ တရား ရုံးပြောင်းရွှေ့စစ်ဆေးပေးရန် အဆိုပါ အမှုကို စွဲချက်တင်ပြီးနောက် စစ်ဆေး သည့် ပထမအကြိမ်ရုံးချိန်းတွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တစ်လ အကြာတွင် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

(MWRN)ဥက္ကဋ္ဌဦးစိန်ဌေးက ''ဒီဇင်ဘာရုံးချိန်းမှာ ခုခံထွက်ဆိုပေး မယ့်သူတွေရဲ့လုံခြုံရေးနဲ့ စရိတ်စက ကြီးမြင့်မှုတွေကြောင့် တရားရုံး ပြောင်းလဲစစ်ဆေးပေးဖို့ တင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ တရားသူကြီးက လက်မခံဘူး''လို့ လိပ်ကျွန်းအမှုလိုက် ရှေ့နေကတစ်ဆင့်သိရတယ်။

ဒါပေမဲ့ သက်သေ အချို့ကိုတော့ ဗွီဒီယို ကွန်ဖရင့်နဲ့ ဘန်ကောက်တရားရုံးမှာ သက်သေထွက်
ဆိုချက်ပေးနိုင်ဖို့ ကိုတော့ စဉ်းစားပေးမယ်လို့တရားသူ ကြီးက ပြောတယ်လို့တော့ ရှေ့နေ ကတစ်ဆင့် သိရတယ်''ဟုပြောသည်။

တရားရုံးပြောင်းရန်လျှောက် ထားရခြင်းသည်လည်း ယခုစစ် ဆေးလျက်ရှိသည့် ကော့စမွေခရိုင် တရားရုံးသို့ သုံးလအတွင်းအနည်းဆုံး ၁၈ ရက် ရုံးချိန်းလာရမည်ဖြစ်ပြီး အမှုခုခံမည့်ရှေ့နေများသည် ဘန် ကောက် တွင် နေထိုင်ကြသူများဖြစ်ကြောင်း၊ ကော့စမွေကျွန်း (လိပ် ကျွန်း)သည် ကမ္ဘာလှည့် ခရီးသွားအများဆုံး လာရောက် သည့် ကျွန်းဖြစ်ပြီး ကုန်ကျစရိတ်မြင့်မားသည့် နေရာတစ် ခုဖြစ်သည့်အပြင် အမှုကြားနာစီရင် ရာတွင် ဘာသာစကား(၃)မျိုးကို ကျွမ်းကျင်စွာပြောဆိုနိုင်မည့် ဘာသာ ပြန်လည်းလိုအပ်ကြောင်း၊ အဓိက လိုအပ်ချက်မှာခုခံသူဘက်မှထွက်ဆို ပေးမည့် သက်သေများ၏လုံခြုံရေးစီ စဉ်ပေးနိုင်မှုဖြစ်ကြောင်း၊ အဆိုပါ အချက်များကြောင့် လုံလောက်သောရန် ပုံငွေမရှိပါက အမှုအတွက်ကောင်း မွန်စွာလုပ်ဆောင်နိုင်ရန်ခက်ခဲ မည် ဖြစ်ပြီးတရားမျှတမှုအားနည်းသွား နိုင်သည့်အတွက် ပြောင်းလဲစစ်ဆေး ပေးရန် လျှောက်ထားခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၈ရက်တွင် ထုတ်ပြန်သည့် MWRN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမှုတွင်ထိုင်းနိုင်ငံအ တွက်လည်းကောင်း၊ သေဆုံးသူမိသား စုများ အတွက်လည်းကောင်း၊ စွပ်စွဲခံ ရသူများနှင့် မိသားစုအတွက်လည်း ကောင်း၊ ဘက်ပေါင်းစုံတရားမျှတ မှုရှိရန်လိုအပ်ကြောင်း၊ တရားခံအဖြစ် စွပ်စွဲခံရသူများ အနေဖြင့် ကောင်းမွန် စွာခုခံလျှောက်လဲပိုင်ခွင့်ရှိရန် လိုအပ် ပြီး ၄င်းအခွင့်အရေးကို ကောင်း မွန် စွာအသုံးချနိုင်ရမည်ဖြစ်ကြောင်းအ ဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

အဓိကအခက်အခဲတစ်ခုအနေ ဖြင့်စွဲချက်တင်ထားသူများဘက်မှ သက်သေ ၁ဝဝဦး၏ထွက်ဆိုချက်များ၊ စာမျက်နှာ ၁ဝဝဝကျော်သည့်သက် သေခံ အချက်များကို ပြန်လည်ခုခံချေ ဖျက်ရမည်ဖြစ်ပြီး ယင်းထဲတွင် လည်း သိပ္ပံနည်းပညာဆိုင်ရာနှင့်ပတ်သက် သောစွဲချက်များကို ခုခံရဦးမည်ဖြစ် ကြောင်းလည်း သိရသည်။

ZCH
Yangon Media Group

No comments:

Post a Comment

My Blog List