Thursday, January 29, 2015

အိမ်ဖြူတော်ခြံဝင်းအတွင်း ပျက်ကျခဲ့သော လူမဲ့လေယာဉ်ကို ထောက်လှမ်ရေး ဝန်ထမ်းတစ်ဦးက လွှတ်တင်ခဲ့ကြောင်း ဝန်ခံ


အိမ်ဖြူတော်ဝင်းအတွင်း ပျက်ကျခဲ့သောသေးငယ်သည့် လူမဲ့လေယာဉ် ကို မောင်းနှင်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးအေဂျင်စီမှ ဝန်ထမ်း တစ်ဦးက ဝန်ခံခဲ့ကြောင်း အေဂျင်စီ၏ အင်္ဂါနေ့ပြောကြား မှုကို ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
ထိုဖြစ်ရပ်က သမ္မတ၏လုံခြုံ ရေးအတွက် မေးခွန်းများ ဖြစ်ပေါ် လာစေသော အကြောင်းအရာများမှ နောက် ဆုံးဖြစ်စဉ်လည်း ဖြစ် သည်။

အမေရိကန်အမျိုးသား ဂျီအိုစပါတီ ရဲလ်ထောက်လှမ်းရေး အေဂျင်စီ (NGA) မှ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ၎င်းတို့ဌာနမှ တာဝန်ချိန်ပြင် ပဝန်ထမ်းတစ်ဦးက တနင်္လာနေ့တွင် အိမ်ဖြူတော်ခြံဝင်းအတွင်းသို့ ပျက် ကျခဲ့သော ဒလက်လေးခုပါ လူမဲ့ လေ ယာဉ်ငယ်ကို ၎င်းမောင်းနှင်ခဲ့ သည်ဟု ဝန်ခံခဲ့ကြောင်း ပြော သည်။

ထိုဝန်ထမ်းက သမ္မတ၏အိမ်တော် အား စောင့်ရှောက်ရသည့် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့သို့ ဝန်ခံ ခဲ့ ခြင်းဖြစ်သည်။

NGA သည် ကာကွယ်ရေးဌာနလက်အောက်မှ အေဂျင်စီတစ်ခုဖြစ်ပြီး ယင်းက ဂြိုဟ်တုများ၊ လူမဲ့လေယာဉ် များဖြင့် ရိုက်ကူး ရရှိသောဓာတ်ပုံများကို ကြည့်ရှုစစ် ဆေးရသည်။

လျှို့ဝှက်လုံခြုံရေးအေ ဂျင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းတို့ သည် လူမဲ့လေ ယာဉ်ဖြစ်ရပ်ကို စစ် ဆေး ခဲ့ကြောင်းနှင့် လေယာဉ် အား မောင်နှင်သည့်ဝန်ထမ်း သည် တစ် စုံတစ်ရာ အရေးယူခံရနိုင်ခြေမရှိဟု ပြော သည်။

တနင်္လာနေ့တွင် ပျက်ကျခဲ့သည့် လူမဲ့လေယာဉ်ငယ်ကို အပျော်သဘော ဖြင့်သာ အသုံးပြု ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းသည် တစ်စုံတစ်ရာအန္တရာယ်မရှိနိုင်ဟု လည်း သိရသည်။

Ref : Reuters
#Democracytoday

No comments:

Post a Comment

My Blog List