Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးရန် အစိုးရ သဘောတူ


ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသားတွေက တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလုပ်ဆောင်ပေးဖို့ ကတိပြုတယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သမ္မတရုံးရဲ့ လက်တွေ့ကျသော ပညာရေးမြှင့်တင် မှုကော် မတီတွေနဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ နေပြည်တော် ဆွေးနွေး ပွဲမှာ သဘောတူညီခဲ့တာပါ။
Technical (နည်းပညာ) ပိုင်းကိုတော့ NNER (မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်) နဲ့ ဆက်လက် ဆွေးနွေးသွားမယ့်အကြောင်း ဝန်ကြီးတွေဘက်က သဘောတူထားတယ် လို့ ဆိုပါတယ်။

လေးပွင့်ဆိုင်ထဲမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲကို ကျောင်းသားတွေဘက်က ဗကသများအဖွဲ့ချုပ်၊ ဗကသများ အဖွဲ့ချုပ် (မြေလတ်) နဲ့ တကသ က ကျောင်းသားကျောင်းသူ ၁၀ ဦး တက်ရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။

ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးတွေအကြား ဆွေးနွေးပွဲတွေကို ညနေပိုင်းထိ ဆက်ကျင်းပနေ ပါတယ်။

ဒီတွေ့ဆုံမှုမှာ ကျောင်းသားခေါင်းဆောင်တွေဘက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)နဲ့ မြေလတ် ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၁၀ ဦးတက်ရောက်ပြီး အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးအပါအ၀င် တခြား ၀န်ကြီးတွေလည်း တက်ရောက်ဆွေးနွေးကြပါတယ်။

ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေပြင်ဖို့ သပိတ်မှောက်ချီ တက်နေကြပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ဗဟိုချုပ်ကိုင်မှုလျော့ချပေးဖို့နဲ့ ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ရလိုမှုအပါ အ၀င် တောင်းဆို ချက် ၁၁ ချက်ကို အစိုးရဘက်က လိုက်လျောပေးဖို့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။

DVB

No comments:

Post a Comment

My Blog List