Friday, January 30, 2015

လာမည့်ဘဏ္ဍာနှစ်တွင် လူတစ်ဦးလျှင် ကျန်းမာရေးအသုံးစရိတ် ကျပ်တစ်သောင်းကျော်သုံးစွဲရန် လျာထား


လာမည့်ဘဏ္ဍာနှစ်တွင် ပြည်သူတစ်ဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ် ကျပ်တစ်သောင်းကျော် အစိုးရကကျခံ သုံးစွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင် က ပြောသည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ သန်းအတွက် ပြည်သူတစ်ဦးချင်း အပေါ် အစိုးရက ကျန်းမာရေး အသုံးစရိတ် အဖြစ် ၁၄,၈၅၁ ကျပ် (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅)ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်း အောင်က ဇန်နဝါရီ ၂၉ ရက်တွင်ကျင်းပသည့် ပြည်ထောင် စု လွှတ် တော် အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတစ်ဦးချင်းစီ အပေါ် တွင် ကျခံသုံးစွဲပေးမည့် ၁၄,၈၅၁ ကျပ်တွင် ကျန်းမာရေးဝန်ထမ်း များ၏ လစာနှင့် စရိတ် ၃,၂၅၇ ကျပ် (အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၈)၊ ဆေးဝါးနှင့် ဆေး ပစ္စည်းများထောက်ပံ့ရန် ၄,၇၃၃ ကျပ် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၆)၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် ၆,၈၈၁ ကျပ် (အမေရိကန်ဒေါ် လာ ၆ ဒသမ ၇) တို့ကို သုံးစွဲရန် စီမံထားသည်ဟု ဝန်ကြီး က ပြောသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၅ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေကြမ်းတို့နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ စီမံကိန်းများနှင့် သုံးစွဲမည့် ငွေကြေး ပမာဏတို့ကို ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ကျန်းမာရေးဝန်ကြီးက လာရောက်ရှင်းလင်းတင် ပြခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက သာမန် အသုံးစရိတ် ကျပ် ၄၀၇  ဒသမ ၅ ဘီလီယံနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ၃၄၉ ဒသမ ၉ ဘီလီယံ စုစုပေါင်း ကျပ် ၇၅၇ ဒသမ ၄ ဘီလီယံ သုံးစွဲရန် ခန့်မှန်းထားသည်။

ယင်းအသုံးစရိတ်များအနက် ရောဂါနှိမ်နင်းရေးအတွက် ၂၅ ရာခိုင်နှုန်း၊ အနာရောဂါတစ်ရပ်လုံး ကုသပေး မည့် ဆေးရုံ၊ ဆေးပေးခန်းများစုစည်းထားသည့် ကုသရေးဦးစီးဌာန အဖြစ် ဖွဲ့စည်း၍သုံးစွဲရန် ၆၆ ရာခိုင်နှုန်း၊ ဆရာဝန်၊ ဆရာမများ၊ ဆေးဘက်ပညာ ရှင်များ မွေးထုတ်ပေးရန် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ အုပ်ချုပ်မှုနှင့် အထောက်အကူပြု ဌာနများအတွက် ၄ ရာခိုင်နှုန်း အသုံးပြုသွားမည်ဟု ဝန်ကြီးက ပြောသည်။

လက်ရှိ အစိုးရလက်ထက် တွင် ကျန်းမာရေးကဏ္ဍအတွက် နှစ်အလိုက် ငွေကြေး သုံးစွဲမှုများ အနေဖြင့် ၂၀၁၁-၁၂ တွင် ကျပ် ၈၆ ဒသမ ၅၈၁ ဘီလီယံ၊ ၂၀၁၂-၁၃ တွင် ကျပ် ၃၈၁ ဒသမ ၂၅၄ ဘီလီယံ၊ ၂၀၁၃-၁၄ တွင် ၄၈၅ ဒသမ ၃၇၁ ဘီလီယံ၊ ၂၀၁၄ -၁၅တွင် ကျပ် ၇၀၈ ဒသမ ၉၄၉ ဘီလီယံ တို့ကို အသီးသီး သုံးစွဲခဲ့ပြီး၂၀၁၅-၁၆ တွင် ကျပ် ၇၅၇ ဒသမ၄၃၇ ဘီလီယံကို သုံးစွဲရန် အဆိုပြု ထား ကြောင်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ အရအသုံး ခန့်မှန်းခြေ အဆိုပြုတင်ပြချက်အရ သိရသည်။


7Day News Journal

No comments:

Post a Comment

My Blog List