Thursday, January 29, 2015

ခိုတောင်လူသတ်မှုတွင် စွပ်စွဲခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအတွက် ရန်ပုံငွေကောက်ခံ


၂၀၁၄ခုနှစ်၊ စက်တင်ဘာလ၌ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိသျှခရီး သည်နှစ်ဦးအသတ်ခံရမှုနှင့်ပတ် သက်၍ မြန်မာရွှေ့ ပြောင်း အလုပ်သမားနှစ်ဦး တရားစွဲ ဆိုခံထားရရာ သူတို့နှစ်ယောက်အ တွက် ခန့်ထားသည့် ရှေ့နေများက ထိရောက်စွာ ခုခံချေပလျှောက်လဲ ချက်ပေးနိုင်ရေးအလို့ငှာ ကူညီပံ့ပိုး ပေးကြ ပါရန် ရွှေ့ပြောင်းအလုပ်သ မားအခွင့်အရေးကွန်ရက်(MWRN) က ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သ မားများကို ကိုယ်စားပြုလျက် ဇန်န ဝါရီ ၂ရရက် ၌ မေတ္တာရပ်ခံလိုက်သည်။
ဗြိတိသျှခရီးသည်နှစ်ဦးတို့ကို သတ်သည်ဟုလည်းကောင်း၊ မုဒိမ်းကျင့်သည်ဟု လည်းကောင်း မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦးတို့ စွပ်စွဲခံရရာ ယင်းမှာ သူတစ်ပါးအတွက် ကြားကဒဏ်ခံ ရခြင်း ဖြစ်သောကြောင့် သူတို့နှစ်ဦးအတွက် စိုးရိမ်မှုများကျယ်ပြန့်စွာဖြစ်ပေါ်လျက် ရှိနေစဉ် သူတို့အား ကူညီပံ့ပိုးပေးရန် ယခုကဲ့သို့ ရန်ပုံငွေကောက်ခံ ရေးအစီအစဉ်ကို ဆောင်ရွက်လာ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးတို့သည် ကရော်ကမည် နိုင်သော သေမှုသေခင်းစစ်ဆေးမှု နှင့် မမှန်မကန်သောအထောက်အ ထားများစုဆောင်းမှုများဖြင့် မတ ရားစွပ်စွဲခံရကြောင်း၊ သူတို့နှစ်ဦး ကို ထိုင်းရဲက ဖမ်းဆီးထိန်းသိမ်းထား ပြီး ညှဉ်းပန်းနှိပ်စက်ကာ စစ်ဆေး သည်ဟူ၍ သူတို့က သက်ဆိုင်ရာ သို့ တင်သွင်းထားသည်။ သူတို့နှစ် ဦးအား ကူညီပံ့ပိုးပေးရန် ရန်ပုံငွေ ကောက်ခံသည့် MWRN ၏ အဓိ ကဦးတည်ချက်မှာ သူတို့နှစ်ဦး၏ အမှုကို မျှတစွာစစ်ဆေးရန်နှင့် သက်ရောက်မှုအားလုံးသည် တရား ဥပဒေနှင့်အညီဖြစ်စေရန်ဖြစ်သည် ဟု MWRN က ဆိုသည်။

''ဇော်လင်းနဲ့ဝေဖြိုးတို့အမှုကို တရားမျှတစွာစစ်ဆေးဖို့နဲ့ တရား ဥပဒေနဲ့အညီဆောင်ရွက်ဖို့၊ လွဲမှား ပြီး အပြစ်မပေးမိဖို့ဟာ အရေးအ ကြီးဆုံးပါပဲ။ ပြီးတော့ တရားဥပဒေ နဲ့အညီ လွတ်လပ်စွာခုခံချေပခွင့် ရှိဖို့လဲလိုပါတယ်။ အမှုစစ်ဆေးမှု မှာ တရားမျှတမှုလဲမရှိ၊ ဥပဒေနဲ့ အညီလွတ်လပ်စွာ ခုခံချေပခွင့်လဲ မရှိဘူးဆိုရင် တကယ်လူသတ်ပြီး အပြစ်ရှိတဲ့လူက လွတ်နေပြီး အပြစ် မရှိတဲ့လူက အပြစ်ပေးခံရမှာဖြစ် ပါတယ်၊ ဇော်လင်းနဲ့ဝေဖြိုးတို့ဟာ တကယ်အပြစ်မရှိဘဲ လွဲမှားပြီး အပြစ်ပေးခံရတာမျိုးကို ဘယ်သူမှ မလိုလားပါဘူး။ အဲဒါကြောင့်ပဲ MWRN ကအခုလို ရန်ပုံငွေကောက် ခံရခြင်းဖြစ်ပါတယ်။ သူတို့အမှုမှာ ထိထိရောက်ရောက်ခုခံချေပနိုင်ဖို့ ဖြစ်ပါတယ်'' ဟု MWRN ဥက္ကဋ္ဌ ကိုစိန်ဌေးက ဆိုသည်။

MWRN ၏ တရားမျှတရေး အစီအစဉ်အရ ခိုတောင်လူသတ်မှု ခုခံချေပရေးရန်ပုံငွေထည့်ဝင်ရေးအ တွက် ဖော်ပြထားရာတွင် http//WWW youcaring-com/nonprofits/justice-koh-tao- murder-case/246839 သို့ ဆက် သွယ်လှူဒါန်းနိုင်ပါသည်။ လှူ ဒါန်းရရှိငွေအားလုံးကို ထိုင်းဘဏ် တွင် ငွေစာရင်းဖွင့်အပ်နှံထားပါ မည်။ အမှုအတွက် သုံးစွဲငွေစာရင်းရှင်း တမ်းကို သုံးသပ်ချက်နှင့်တကွ ထုတ်ပြန်ကြေညာပေးပါမည်။ You Caring's မှ ထုတ်ပြန်ပေးပါမည်။

အလှူငွေထည့်ဝင်လိုလျှင် သော်လည်းကောင်း၊ တခြားသတင်း တစ်စုံတစ်ရာပေးဖို့လိုလျှင်သော် လည်းကောင်း
၁။ ရန်ပုံငွေအုပ်ချုပ်ရေးမှူး ကိုစိန်ဌေး (MWRN President mwrnorg a gmail. com+95(0) 949278500)

၂။ အကြံပေးပုဂ္ဂိုလ် အန်ဒီဟောလ်(MWRN Interna- tional Affairs Advisojandyj hall 1979 a gmail -com+66 (0) 846 -119209) ၃။ အကြံပေး ပုဂ္ဂိုလ် နာခွန်ချွမ်ပူချတ် (Head Defense Team Lawyer nakhoneta gmail. com+66(0) 818473086) တို့အပြင် ဆက်သွယ်စုံစမ်းမှုများ ပြုလုပ်လို ပါလျှင် 93 / 206 Moo 7 Tambon Thasai, A. Muang, Samut Sa -khon, Thailand 74000+66 86 7555 337 အဆောင် ၁၈ R, အခန်း ၂၄၊ မာတလိလမ်းသွယ်၊ လှိုင်မြင့်မိုရ် အိမ်ရာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ +၉၅(၀) ၉၄၉၂၇၈၅၀၀ +၉၅(၀) ၉၂၅၀၁၄၇၂၉၉ သို့ ဆက်သွယ် နိုင်ကြောင်း MWRN ကမေတ္တာ ရပ်ခံထားသည်။

Ref: MWRN
#Democracytoday

No comments:

Post a Comment

My Blog List