Monday, January 26, 2015

ဆရာမကိုပဲ.. အသည်းစွဲအောင်ချစ်မိပြီ



အောင်ဆန်းစုကြည်၏ မိခင်မှာ ဖခင် ဖြစ်သူ ဗိုလ်ချုပ်အောင် ဆန်းလောက် မထင်ရှားမကျော် ကြား။ သို့သော် လည်း ဒေါ်အောင် ဆန်းစုကြည်၏ဘဝမှာ မိခင်၏ ဩဇာလွှမ်းမိုးမှုကိုတော့ အမှတ် မထားဘဲနေလို့မရ ပါ။ ဒေါ်အောင် ဆန်းစုကြည်က သူနှင့်ရုပ်အတော်ဆင်သလို ဖခင်ဗိုလ်ချုပ်အောင် ဆန်း၏ ဉာဏ်ပညာကြီး မှုနှင့် စိတ်ဓာတ်ကိုရခဲ့ခြင်းမှာ သူ့ကိုပြု စုပျိုးထောင်သူ မိခင်ဒေါ်ခင်ကြည် ၏ ပဲ့ပြင်ထိန်းသိမ်းမှုကောင်း ခဲ့ ခြင်းကြောင့်ဖြစ်ပါသည်။
သူ့အမေဒေါ်ခင်ကြည်က သူ့အဖေလိုသတ္တိရှိအောင် သွန်သင်ပြသခဲ့တာတွေကို မကြာခဏ ဒေါ်စုက ထုတ်ဖော် ချီးကျူးခဲ့ ပါသည်။

‘‘မေမေက ကြောက်စိတ်ဆို တာ ဘယ်တော့မှ မမွေးသင့်ဘူး လို့ သေချာဆုံးမတယ်။ ကျွန်မက ကြောက် တယ်ဆိုရင် မေမေက သိပ်စိတ်ဆိုးတယ်။ သူရဲဘော ကြောင်တာကို သူမကြိုက်ဘူး။ ကျွန်မက အမှောင် ကိုကြောက် တာကိုလည်း သူအရမ်းစိတ်ဆိုး တယ်။ အဲဒီလိုမျိုးကြောက်တတ်တာကို သူကအားမပေးဘူး။

သူက သတ္တိရှိတယ်။ တာဝန် ကျေပွန်တယ်။ ပြီးတော့ စိတ်ထား ကောင်းတယ်။ ဂရုစိုက်တတ်တဲ့ သူမျိုး။ ကျွန်မအမေက တကယ့်ကို လေးစားစရာကောင်း တဲ့၊ ဖြောင့်မတ်တဲ့အမျိုးသမီးတစ်ဦးပါ’’

ထို့ကြောင့် ကလေးဘဝက ညဘက်မှာ အိမ်အောက်ကို ဆင်း ကြည့်ခြင်းဖြင့် ဒေါ်အောင်ဆန်းစု ကြည်က အမှောင်ကြောက်စိတ်ကို အနိုင်ယူခဲ့သည်။ မိခင် ဒေါ်ခင်ကြည်က ဒေါ်စုကို သူ့ဖခင်ကဲ့သို့ သတ္တိရှိသော စစ်သားလေး ဖြစ်စေချင်သည်။

‘‘မေမေက ကိုယ့်မှာရှိတာကို မျှဝေဖို့ အမြဲတမ်းပြောတတ်တယ်။ သူ့အမြင် မှာတော့ တစ် ကိုယ်ကောင်းဆန် တာဟာ အဆိုး ဆုံးလုပ်ရပ်ပဲ။ မေမေ့ဆီက ကျွန်မ အများကြီးသင်ယူခဲ့တယ်လို့ ပြော လို့ရပါတယ်။ မေမေက သူများ တွေ ကို ပြုစုစောင့်ရှောက်ပေးပြီး ကျေနပ်အောင်လုပ်ပေးတာရယ်။ သူများဆီကရယူ တာထက်ပေး ဆပ်ရတာကရတဲ့ ပျော်ရွှင်မှုကို ယုံကြည်ကျင့်သုံးသူပါ’’

ဗိုလ်ချုပ်အောင်ဆန်းကွယ် လွန်ချိန်က သားသမီးများမှာ အလွန်ငယ်လွန်းသေး၍ မိခင် ဒေါ်ခင်ကြည်က ကလေးတွေကိုဖခင်အား အမြဲအမှတ်ရသိရှိနေအောင် လုပ်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ဖော်ကိုင်ဖက် မိသားစုတွေကနေ  ဖခင်အကြောင်းကို ကလေးများအား အမြဲပြန်ပြောပြသည်။

‘‘ကျွန်မ ဖေဖေ့ကို သေချာ မမီလိုက်ပေမယ့် လူတွေက သူ့ကို ဘယ်လောက် ချစ်တယ်၊ လေးစား ကြည်ညိုကြ တယ်ဆိုတာကို အမြဲ တမ်းပြောပြတာခံ ခဲ့ရတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ခဲ့သည်။

၁၉၉၅ ခုနှစ်မှာ နယူး ယောက်တိုင်းမ် သတင်းစာဆရာ ကလော် ဒီယာဒယ်ရီဖက်စ်အား ဒေါ်စုက သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတွင်လည်း မိခင်ဒေါ်ခင်ကြည်၏ ပံ့ပိုးပါရမီဖြည့်မှုတွေ အများကြီးရှိခဲ့သည်ဟု ဆိုပါသည်။

‘‘ဖေဖေက သည်လိုလေး စားစရာပုဂ္ဂိုလ်မျိုးဖြစ်လာရတာ က မေမေက အရမ်းမာလို့ပဲ။ မေမေက အလုပ်လုပ် တဲ့အမျိုး သမီးတစ်ယောက်ဖြစ်ပြီး လက်မထပ်မီအချိန်ထိ မြန်မာပြည်တွင်းက တခြားသူတွေနဲ့ မတူ ဘူး။ ဖေဖေ့ ရဲ့ ဖြောင့်မတ်တိကျမှုတွေ က မေမေ့ကို လုံးဝအနိုင်ယူသွား ခဲ့တယ်။

နောက်လူတွေသိပ်မသိတဲ့ ဖေဖေ့ရဲ့ ချစ်စရာကောင်းမှုပေါ့။ သူ့ကိုကြမ်းတမ်းတဲ့ စစ်သားကြီး၊ နိုင်ငံရေးသမား လို့ထင်ကြပေမယ့် ဖေဖေက နှလုံးသားနူးညံ့နွေးထွေး ပြီးချစ်တတ်တဲ့သူပါ’’

ဒေါ်ခင်ကြည်က ဆန်စပါး စိုက်ပျိုးသည့် သားငါးပေါကြွယ်ဝ သော ဧရာဝတီမြစ်ဝကျွန်းပေါ် မြောင်းမြမြို့ က ဖြစ်သည်။ မွေးချင်း ဆယ်ယောက်မှာ ရှစ်ယောက်မြောက်ဖြစ်၏။ အရွယ်ရလာသောအခါ မိဘများက သူ့ကို ရန်ကုန် ကြည့်မြင်တိုင် မိန်းကလေးကျောင်းသို့ ပို့သည်။ ထိုကျောင်းက ခရစ်ယာန်မစ်ရှင်ကျောင်း တစ်ကျောင်း ဖြစ်သည်။ ထိုကနေ  မော်လမြိုင် ဆရာဖြစ်သင်ကျောင်းကိုတက်ကာ မြောင်းမြမှာ ဆရာပြန် လုပ်သည်။

သို့သော် သူ၏အစ်မနှစ် ယောက်က သူနာပြုဆရာမများ ဖြစ်သည်။ ထို့ကြောင့် သူကအား ကျပြီး  ရန်ကုန်ဆေးရုံကြီးမှာ သူနာ ပြုဆရာသင်တန်းတက်ခဲ့ သည်။ ဒေါ်ခင်ကြည်က အလျင်အမြန် လေ့လာသင်ယူ ခဲ့ပြီး ကျွမ်းကျင် သော သူနာပြုဆရာမတစ်ဦး အဖြစ် နာမည်ရလာခဲ့သည်။ လူနာတွေကို ဘယ်သူဘယ်ဝါဆို သည်ထက် အားလုံးကို အယုတ်အလတ် အမြတ်မရွေး ကုသပြုစုသူဆရာမ တစ်ဦးဖြစ်သည်။

၁၉၄၁ ခုနှစ် ကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ ရန်ကုန်ဆေး ရုံကြီးခွဲစိတ်ခန်းမှာ အလုပ်လုပ် ရန် ဒေါ်ခင်ကြည် တာဝန်ပေးခံ ရသည်။ ထိုအချိန်က ရန်ကုန် ဆေးရုံကြီးမှာ ဒဏ်ရာရလူနာတွေ လည်း အရမ်းများရာ ဒေါ်ခင် ကြည်တို့ အတော်ပင်ပန်းစွာ အလုပ်လုပ်ကြရသည်။

တစ်နေ့ဆေးရုံမှာ သူတို့တွေ အလုပ်များနေတုန်း အလွန်ဇီဇာ ကြောင်သော လူနာဟုနာမည် တပ်ခံရသူ ဗိုလ်ချုပ်အောင်ဆန်း ဆေးရုံလာတက်ခဲ့သည်။ ဗိုလ်ချုပ် က ဂျပန်စစ်တပ် မြန်မာပြည်ကိုသိမ်းနိုင်အောင် ကူညီရင်း စစ် မြေပြင်မှရလာခဲ့သော ငှက်ဖျား ရောဂါကြောင့် စိတ်တို့ပင်ပန်းနေ လေသည်။ သူ့အသက်က (၂၇) နှစ်သာရှိသေးသော်လည်း သူက တိုင်းပြည်၏ သူရဲကောင်းဖြစ်နေ လေပြီ။ သူက တိုင်းပြည်၏ စစ်ဦး စီးချုပ်လည်းဖြစ်၏။ ထို့ကြောင့် ဆေးရုံမှ တာဝန်ရှိသူများက သည်လိုလူမျိုးကိုပြုစုရန် အလုပ်သင် သူနာပြု များထက် ကျွမ်းကျင်သော သူနာပြုဆရာမတစ်ဦးကို တာဝန်ချထားပေးရန်ဆုံးဖြတ်၏။

ထို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်ရှုရန် အလုပ်မှာ နာမည်ကောင်းရသော ဆရာမ ဒေါ်ခင်ကြည်ကို တာဝန်ပေးခဲ့သည်။

ဆရာမဒေါ်ခင်ကြည်က နေ့ တိုင်းခေါင်းမှာ ပန်းတွေပန်ပြီး ခေါင်းမာလှသော ဗိုလ်ချုပ်ကို ဆေးရုံက ဆရာဝန် စကားနား ထောင်မှသာ သူ့တာဝန်ကိုပြန် လည်ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း ဖျောင်းဖျသည်။ သည် အရာက ဗိုလ်ချုပ်အောင်ဆန်း ဘဝမှာ လိုအပ်နေသော ကြင်နာ မှုချစ်ခြင်းမေတ္တာဖြစ်သည်။ ဗိုလ်ချုပ် ရောဂါ မှ ပြန်လည်နာလန် ထူလာရုံတင်မက ဆရာမကိုလည်း မေတ္တာသက်ဝင်သွားသည်။

ဗိုလ်ချုပ်အောင်ဆန်း အ ကြောင်း စာအုပ်ထဲက သူ၏ မိဘ နှစ်ပါးဆေးရုံပေါ် မှာ မေတ္တာသက်ဝင်ခဲ့ပုံ ကို ဒေါ်အောင်ဆန်းစုကြည်က ‘‘မေမေ့ရဲ့ ခိုင်မာတဲ့စိတ်၊ အကြင်နာကရုဏာနဲ့ ရယ်ရယ်မောမောဟာသတွေ နဲ့ ဖေဖေ့ကို ထိန်းထားနိုင် ခဲ့တယ်။ ခေါင်းမာလွန်းတဲ့ စစ်ဗိုလ်ချုပ်ကြီးလည်း လုံးဝကျရှုံးသွားရတော့တာပါပဲ’’

ဗိုလ်ချုပ်အောင်ဆန်းက တော့ ဆရာမဒေါ်ခင်ကြည်ကို အသည်းစွဲအောင် ချစ်နေမိပြီဖြစ် သည်။ သူတို့နှစ်ဦး က သိပ်တော့ မလိုက်ဖက်လှ။ ဗိုလ်ချုပ်က အသက် (၂၇)နှစ်သာရှိသေးသော် လည်း ဆရာမဒေါ်ခင်ကြည်က အသက် (၃၀)ကျော်ပြီး လက်ထပ်ရမယ့်အချိန်ကို ကျော်နေပြီဖြစ်သည်။ 

သူက ပညာတတ်၊ တက္ကသိုလ်ကျောင်း သားတစ်ဦးဖြစ် သော်လည်း ဒေါ်ခင်ကြည်က မစ် ရှင်ကျောင်းထွက် သူနာပြုဆရာမ တစ်ဦးသာဖြစ်သည်။ သူက ဗုဒ္ဓ ဘာသာဝင်ဖြစ်သည်။ ဒေါ်ခင် ကြည်က ဗုဒ္ဓဘာသာနှင့် ခရစ် ယာန်နှစ်ဘာသာ မိဘကြားက ဆင်းသက်လာသူဖြစ်၏။

သို့သော် ငယ်ရွယ်သော နှလုံးသားများကို ကျန်တာတွေက မတားဆီးနိုင် ပါ။ ဒေါ်ခင်ကြည်က သမီးဖြစ် သူ အောင်ဆန်းစုကြည် လောက်မလှ။ ဓာတ်ပုံမစားသော်လည်း ပြုံးလိုက်လျှင်တော့ တောက်ပနှစ်လိုဖွယ် ရှိသူဖြစ်ပါ သည်။

ဗိုလ်ချုပ်အောင်ဆန်းက ချက်ချင်းလက်ထပ်ချင်၏။ သို့ သော် ဒေါ်ခင်ကြည်က လူနာစစ် သားတွေကို သည် အတိုင်းစောင့် ရှောက်သူမရှိဘဲထားခဲ့ရမှာကို စိတ်ပူသည်။ ဗိုလ်ချုပ်အောင်ဆန်းက အရှုံးမပေး။ ဒေါ်ခင်ကြည် ကိုယ်တိုင်မကျွေးမချင်း အစား မစား။ ဆေးရုံမှ ဆင်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်ခင် ကြည်ကို အင်းလျားကန်သို့ လှေ စီးရအောင်ခေါ်သွားသည်။

သူတို့ တွေ့အပြီး လေးလအကြာမှာ တော့ ဒေါ်ခင်ကြည်က ဗိုလ်ချုပ် အောင်ဆန်းကို လက်ထပ်ရန် သဘော တူ ခဲ့သည်။

သို့သော် သူတို့မင်္ဂလာ ဆောင်ခါနီးကျမှ ပွဲပျက်မလိုဖြစ် သွားခဲ့သေးသည်။ အဘယ် ကြောင့်ဆိုသော် ဗိုလ်ချုပ်အောင် ဆန်းကိုဂျပန်အရာရှိများက မင်္ဂ လာဆောင်ခါနီးဆိုပြီး အရက်များ တိုက်လွှတ်လိုက်ကြသည်။ အရက်သောက်တာကို ဒေါ်ခင်ကြည်က လုံးဝလက်ခံဘဲ မင်္ဂလာဆောင် ကိုဖျက်သိမ်းမည်ဟု ပြောသည်။ ထိုအခါ ဗိုလ်ချုပ်က နောက်ထပ် ဘယ်တော့မှ အရက်မသောက် တော့ပါဟု ကတိကိုတောင်းပန် ပြီးပေးခဲ့ ရသည်။ ဒေါ်ခင်ကြည် က လက်ခံပြီး ခွင့်လွှတ်ခဲ့သည်။ ၁၉၄၂ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် သူတို့နှစ်ဦး လက်ထပ်ခဲ့ ကြပါသည်။

(မကြာသေးမီက ဖြန့်ချိခဲ့သော နယူးယောက်တိုင်းမ်သတင်းစာ ဆရာမ Rena Pederson ၏ The Burma Spring စာအုပ်မှ ဒေါ်ခင် ကြည်အမည်ရသော အခန်းကို ထားထားမြင့် ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။ ထိုစာအုပ်ကို အမေရိကန်နိုင်ငံမှာ စတင် လက်မှတ်ထိုးရောင်းချနေပြီဖြစ် သကဲ့သို့ အမေဇုန်အင်တာနက်စာ မျက်နှာတွင်လည်း Ebook အဖြစ် ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။)
7Day News Journal

No comments:

Post a Comment

My Blog List