Tuesday, January 27, 2015

မလေးရှားလေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်ကို IS အဖွဲ့အားထောက်ခံ သည်ဆိုသည့် ဟက်ကာအဖွဲ့က တိုက်ခိုက်


IS အဖွဲ့အား ထောက်ခံသည် ဟု ကြေညာထားသည့် ဟက်ကာအဖွဲ့တစ်ခု၏ တိုက်ခိုက်ခြင်းခံရပြီး နောက် မလေးရှားလေကြောင်းလိုင်း တာဝန်ရှိသူများသည် တနင်္လာနေ့တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို နဂို အတိုင်းပြန်ဖြစ်ရန် ကြိုးပမ်းနေသည် ဟု AP သတင်း အရသိရသည်။
ဟက်ကာများကလေကြောင်း လိုင်း၏ ဝက်ဘ်ဆိုက်ကိုပြောင်းလဲ ခဲ့ပြီး ဦးစွာ''အမှတ် ၄၀၄ လေယာဉ်ကို ရှာမတွေ့တော့'' ဟူသော မက် ဆေ့ခ်ျတစ်စောင်ကို ဖော်ပြခဲ့သည်။

ထို့နောက်တွင် ၎င်းတို့ကလေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်သည် ဆိုက်ဘာခါလီဖိတ်(Cyber Caliphate) ၏ တိုက်ခိုက်ခြင်း Hack ကို ခံနေရပြီးဟု ကြေညာကာဝက်ဘ်ဆိုက် ၏ browser tab တွင်လည်း IS အဖွဲ့က အားလုံးကိုလွှမ်းမိုးသွားလိမ့်မည် ဟူသော စာတန်းပေါ်လာ အောင် ဖန်တီးခဲ့သည်။

ထို့နောက်တွင် ဟက်ကာများက ဝက်ဘ်ဆိုက်တွင် အိမ်မြှောင်တစ်ကောင်ပုံ တင်ကာ IS အဖွဲ့နှင့် ပတ်သက် သည့်အရေးအသား များကိုလည်း ဖယ်ရှား ခဲ့သည်။

နောက်ပိုင်းတွင်မှယခုတိုက် ခိုက်မှုကို တရားဝင်ခါလီဖိတ်ဝက်ဘ် ဆိုက် Lizard Squad ကပြုလုပ်သည် ဟု ပြောင်းလဲရေးသား ခဲ့သည်။

မလေးရှားလေကြောင်းလိုင်း ကလည်း ထိုတိုက်ခိုက်မှုနှင့်ပတ်သက် ၍ ကြေညာချက်တစ်စောင်ထုတ်ပြန် ခဲ့ပြီး ၎င်းတို့၏ပင်မ နာမည်စနစ်သည် ဝေဖန်ပြောဆိုခံနေရကာ ထိုဝက်ဘ် ဆိုက်အား အသုံးပြုသူများသည် ဟက် ကာများ၏ဝက်ဘ်ဆိုက်သို့ခေါ်ဆောင် သွားခြင်းခံခဲ့ရသည်ဟုဆိုသည်။

အတိုက်ခိုက်ခံရသော ဝက်ဘ်ဆိုက်ကို ပုံမှန်အတိုင်း ပြန်ဖြစ်စေသည့် ၂၂ နာရီခန့်အချိန်ယူရမည်ဟုလည်း ၎င်း တို့ကပြောသည်။

Lizard Squad ဟက်ကာအ ဖွဲ့သည် နာမည်ကြီးအဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့သည် လွန်ခဲ့သောနှစ်၌ ဖြစ်ပွား ခဲ့သည့် ဆိုနီ၏၊ Play Station မိုက်ခရိုဆော့ဖ်၏ X box တိုက်ခိုက်ခံ ရမှုများတွင်ပါဝင်ကာ ဆိုနီကုမ္ပဏီ အရာရှိတစ်ဦးစီးနင်းလာသော အမေရိ ကန်လေကြောင်းလိုင်းမှ လေယာဉ် တွင် ပေါက်ကွဲရေးပစ္စည်းတစ်ခု
ပါဝင် သည်ဟု တွစ်တာတွင်ရေးသားခဲ့ သော အဖွဲ့လည်းဖြစ်သည်။

Ref : AP
#Democracytoday

No comments:

Post a Comment

My Blog List