Thursday, January 29, 2015

ထိုင်းရှပ်နီခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ


ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝကို သရေဖျက်တဲ့အတွက် အတိုက်အခံ ရှပ်နီ ခေါင်းဆောင် ကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ၂၀၀၉ အောက်တိုဘာလက ရှပ်နီ ဥက္ကဋ္ဌ ဂျတူပေါင် ပရောင်ပန်ကို ပြောဆိုခဲ့တဲ့ မိန့်ခွန်းပါ ပြောကြားချက်နဲ့ စွဲဆိုပြီး ဇန်န၀ါရီ ၂၈ ရက်က ထောင်ဒဏ် ချမှတ် လိုက်တာလို့ အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။ ဒီအမှုအတွက် အယူခံဝင် သွားမယ်လို့ ဂျတူပေါင် ရှေ့နေ က ပြောပါတယ်။
ပြူထိုင်းပါတီ အမတ်ဟောင်း ဂျတူပေါင်က အမှုတွေအမြောက်အမြား ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၃ သြဂုတ်လ မှာ အဘီဆစ်ကို ပြစ်တင်ပြောကြားတဲ့ အတွက် စွဲဆိုခံရပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ကို နိုင်ငံရေးနဲ့ ၅ နှစ် မပတ်သက်ဖို့နဲ့  အကျင့်ပျက် ခြစားမှုနဲ့ စွဲဆိုခဲ့အပြီး အခုလို ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ထိုင်းမှာ နိုင်ငံရေးအရ စုဝေးတာ၊ မီဒီယာတွေကို ဆင်ဆာတားမြစ်တာ၊ အတိုက်အခံတွေကို ခဏဆင့်ခေါ် တာတွေ လုပ်ဆောင်ပြီးတဲ့နောက် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အသံတွေဟာ တိတ်ဆိတ်သွားပါ တယ်။

DVB

No comments:

Post a Comment

My Blog List