Tuesday, January 27, 2015

ကန်အရှေ့မြောက်ပိုင်းမှာ နှင်းမုန်တိုင်းဝင်ဖို့ရှိ အရေးပေါ်ကြေညာထား


အမေရိကန်နိုင်ငံ ​အရှေ့မြောက်ပိုင်းမှာ ​အသက်အန္တာရာယ်ပေးလောက်တဲ့ ​နှင်းမုန်တိုင်း ​ဝင်ရောက်ဖို့ရှိတဲ့ အတွက် ​အိမ်ထဲမှာပဲ ​နေကြဖို့ ​အာဏာပိုင်တွေက ​တိုက်တွန်းထားပါတယ်။ Juno ​လို့ခေါ်တဲ့ ​နှင်းမုန်တိုင်းက ​အမေရိကန် ​အရှေ့မြောက်ပိုင်းကို ​ဝင်ရောက်တဲ့အခါ ​တစ်မီတာလောက်အထိရှိတဲ့ ​နှင်းတွေ ​ထူထပ်နိုင် တာကြောင့် ​လေယာဉ် အစင်းပေါင်း ​၆၀၀၀ ​ကျော်ရဲ့ ​ခရီးစဉ်ကိုလည်း ​ဖျက်သိမ်းထားရပါတယ်။
ဒီမုန်တိုင်းဟာ ​အသက်အန္တရာယ်ကိုပါ ​ထိခိုက်နိုင်တဲ့ ​မုန်တိုင်းဖြစ်ပြီး ​အပိုပြော နေတာ ​မဟုတ်ဘူးလို့ ​နယူးယောက်မြို့တော်ဝန် ​Andrew ​Cuomo ​က ​သတင်းထောက်တွေကို ​ပြောပါတယ်။

လမ်းတွေလည်း ​ဖြတ်သန်းသွားလာလို့ ​မရတဲ့ ​အခြေအနေထိ ​ရောက်သွားမှာ ​ဖြစ်တဲ့အတွက် ​Connecticut ​နဲ့ ​နယူးယောက်မှာ ​အရေးပေါ်ကားတွေကလွဲပြီး ​တခြားကားတွေ ​သွားလာမှုမလုပ်ဖို့ ​ညွန်ကြားထားပါတယ်။

အခုကတည်းက ​နှင်းတွေ ​ထူးထပ်စွာ ​ကျဆင်းနေပြီး ​မုန်တိုင်းအဆင့် ​ရောက်တဲ့အခါ ​ပိုဆိုးဝါးမယ်လို့ ​ဆိုပါတယ်။ ​နှင်းတွေကြောင့် ​ကားလမ်းတွေ ​တွေ့ဖို့ ​ခက်ခဲသလို၊ ​လေကြမ်းတွေလည်း ​တိုက်နေတဲ့အတွက် ​နယူးယောက်နဲ့ ​နယူးဂျာစီမှာ ​အရေးပေါ်အခြေအနေ ​ကြေညာထားပြီးတော့ ​Connecticut ​မှာတော့ ​သွားလာ ခွင့် ​ပိတ်ပင်ထားပါတယ်။

မုန်တိုင်းကနေတဆင့် ​ရေကြီးမှုတွေ ​ဖြစ်နိုင်သလို ​သစ်ပင်ကျိုးကျမှုတွေနဲ့ ​လျှပ်စစ်မီး ​ပြတ်တောက်မှုတွေ ပါ ​ဖြစ်နိုင်တယ်လို့လည်း ​သတိပေးထားပါတယ်။

ABC

No comments:

Post a Comment

My Blog List