Thursday, January 29, 2015

မအေးပွင့် မြင့်မြင့်စန်းက ဂျက်မထက်ကောင်းမယ်ဆိုတဲ့ အေးမြတ်သူ


မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်ရုပ်ရှင်သည် ပရိသတ်အားပေးမှုရရှိခဲ့သည့် ဂျက်မဇာတ်ကားထက် ပိုကောင်းမည့် ဇာတ်ကားဟု အာမခံနိုင်ကြောင်း အေးမြတ်သူကပြောသည်။‘‘ဒီကားရိုက်ရတာက ဂျက်မ ထက် လည်းပိုပြီးပင်ပန်းတယ်။ ပရိသတ်တွေလည်း ဂျက်မထက် ပိုပြီးကြိုက်လိမ့်မယ်လို့ ယုံကြည်တယ်။


ဂျက်မမှာ ဖိုက်တင်တွေပါ တယ်ဆိုပေမယ့် မအေးပွင့် မြင့်မြင့်စန်းက ဖိုက်တင်တွေက ပိုပြီးခက်တယ်။ ထဘီ နဲ့ ဖိုက်တင်ချရတာတွေပါတယ်။ တောထဲမှာ ပြေးရတာတွေရှိတယ်’’ဟု အေးမြတ်သူကပြောသည်။

ဖိုက်တင်ဇာတ်ကားရိုက်ကူးရခြင်းသည် ၎င်းအတွက်ခက်ခဲသော်လည်း မအေးပွင့်မြင့်မြင့်စန်း လမ်းသုံး ဆယ်ဇာတ်ကားမှာမူ လိုအပ်သည့်ဖိုက်တင်ကိုသာ သင်ပေးပြီး ဖိုက်တင်သင်ပေးသည့် ဆရာကိုလည်း အနီးကပ် ထားပေးသောကြောင့်   အဆင်ပြေကြောင်း ၎င်းကဆိုသည်။

‘‘အရင်ကားနဲ့မတူတာတွေ လုပ်မယ်လို့ မတွေးမိဘူး။ အရင်ဇာတ်ကား ရဲ့ အောင်မြင်မှုအရှိန်က အရမ်းကြီး တယ်ဆိုတော့ အရှင်းဆုံးပြောရရင်ကိုယ်က အရင်အောင်မြင်ပြီးသားကိုနောက်က ယီးလေးလိုက်ခိုတာ’’ ဟု အေးမြတ်သူ ကပြောသည်။

ထို့အပြင် ၂၀၁၄ အတွင်း ၎င်း၏ ဗီဒီယိုဇာတ်ကားအထွက်နည်းခဲ့သောကြောင့် ပရိသတ်အားပေးမှုကို စိုးရိမ်မှုရှိခဲ့သော်လည်း အချိန်တိုင်းနေရာတိုင်းဇာတ်လမ်း တွဲတွင် ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ရုပ်ကို ပရိသတ်အသိ အမှတ်ပြု ခဲ့သောကြောင့် ၀မ်းသာခဲ့ရသည်ဟုဆိုသည်။

‘‘အဲဒီအချိန်မှာ ပရိသတ်အချစ်တွေကို နားလည်ခဲ့ရတယ်။ ပရိသတ်တွေက သူတို့ချစ်တဲ့လူဆိုရင် ချစ်တဲ့စိတ် နဲ့ ကြည့်ပေးပြီး သနားပေးတယ်’’ ဟု အေးမြတ်သူ ကပြောသည်။

ဇာတ်ကားရိုက်ကူးမှုအနေဖြင့် ၂၀၁၅ နှစ်ဆန်းတွင် ဗီဒီယိုဇာတ်ကားနှစ်ကားရိုက် ကူးထားပြီး မတ်လတွင် လည်း ကိုရီးယားနိုင်ငံ၌ ပြုလုပ်မည့် 7Ladies Show တွင် ပါဝင်ရန် လက်ခံထားကြောင်း ပြောကြားသည်။


7Day News Journal

No comments:

Post a Comment

My Blog List