Friday, January 30, 2015

ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့တွင်းလှည့်လည်စည်းရုံး






ဧရာဝတီတိုင်းက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်း သူကျောင်းသားတွေ ဒီကနေ့ မနက်ကစပြီး ပုသိမ်မြို့ပေါ်က ကျောင်းတွေကို လှည့်လည်ဆန္ဒထုတ်ဖော်နေကြပါတယ်။

ပညာပါရမီကျောင်းတိုက်ကနေပြီး ပုသိမ်မြို့တော်ခန်းမဆီကို ချီတက်ပြီး အဲဒီကနေဆင့်မြို့တွင်း က ကျောင်းတွေ ကို လှည့်လည်စည်းရုံးမယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်း သားများသမဂ္ဂ အတွင်းရေးမှူး ကိုတေဇာက ပြောပါတယ်။

“သွားမှာက ကျနော်တို့ ပထမဦးဆုံး မြို့ကို ပတ်မယ်။  ပတ်ပြီးတော့ ကျနော်တို့ ကျောင်းကို သွား မယ်ပေါ့နော်။ ကျောင်းတွေရှေ့မှာ တရားဟောမယ်၊ မြို့တော်ခန်းမရှေ့မှာ တရားဟော မယ်။ ပြီးရင် ဒီနေ့ထွက်တဲ့စစ်ကြောင်းကို နားမယ်။ နောက် ၃၁ ရက်နေ့ ကျနော်တို့ ထပ်ထွက်မယ်။”

ဒီရက်ပိုင်းမှာ မြို့ထဲကနေ မထွက်ဘဲ ကျောင်းတွေကိုပတ်သွားမှာဖြစ်ပြီး လာမယ့် ၁ ရက်နေ့ လေးပွင့် ဆိုင်ဆွေးနွေးပွဲအပေါ်မှာမူတည်ပြီး ထွက်ဖို့အစီစဉ်ရှိ တယ်လို့လည်း ပြောပါတယ်။

ဧရာဝတီ သပိတ်စစ်ကြောင်းနဲ့အတူ မြေလတ်ဒေသ ကျောင်းသားသမဂ္ဂက လာရောက်ပူးပေါင်းသလို ညနေပိုင်းမှာလည်း ပခုက္ကူခရိုင်ကျောင်းသားသမဂ္ဂတွေ၊ မုံရွာနဲ့ ရန်ကုန်က ကျောင်းသားသမဂ္ဂတွေ လာရောက်ပူးပေါင်းမယ်လို့လည်း ကိုတေဇာက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်း အဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့မှာ စတင်ခဲ့ တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသ ပိတ်ခေါင်းဆောင်တွေ ဇန်န၀ါရီ ၂၈ ရက်နေ့က နေပြည်တော်ဆွေးနွေးပွဲမှာ သဘောတူညီကြပြီးနောက် သပိတ်စစ်ကြောင်းအချို့ ခေတ္တရပ်နားခဲ့ပါတယ်။

DVB TV News

No comments:

Post a Comment

My Blog List