Friday, January 30, 2015

အမေရိကန်သမ္မတစီးသည့် Air Force One လေယာဉ်ကို Boeing 747-8 ဖြင့် အစားထိုးသွားမည်


အမေရိကန်သမ္မတ စီးနင်းသည့် Air Force One လေယာဉ်အား အဲယားဘတ်စ် ကုမ္ပဏီထုတ် လေယာဉ် ကိုအသုံးမပြုတော့ဘဲ ဘိုးရိန်း 747-8 လေယာဉ် အသစ်ဖြင့် အစား ထိုးသွားမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်က ပြောကြား လိုက်ကြောင်း AFP သတင်းက ဖော်ပြခဲ့သည်။
လက်ရှိအမေရိကန်သမ္မတ စီး နေသည့် လေယာဉ်မှာ ထင်ရှားသည့် အပြာရောင်နှင့် အဖြူရောင်ပေါင်းစပ် ထားသည် 747 လေယာဉ်ဖြစ် သော်လည်း နှစ်ပေါင်း ၂ဝခန့် ကြာ ပြီဖြစ်၍ ဟောင်းနွမ်းနေပြီဖြစ်သည် ဟု သိရသည်။

ဤဘိုးရိန်း 747-8 မှာ အမေ ရိကန်ပြည်ထောင်စု၌သာ ထုတ်လုပ် ပြီး သမ္မတစီးရန် အတွက်သာ ထုတ် လုပ်ခြင်းဖြစ်ကြောင်း အမေရိကန်လေ တပ်ရေးရာဝန်ကြီး ဒီဘိုရာဂျိမ်းက သူ၏ကြေညာချက်၌ ဖော်ပြ ခဲ့သည်။

လက်ရှိအသုံးပြုနေသော 747-200 လေယာဉ်မှာလည်း သမ္မတအ သုံးပြုနေပြီး ထူးထူးခြားခြားကောင်း မွန်နေပြီး သုံးနှစ်ကျော်ဆက်လက် အသုံးပြုရဦးမည်ဖြစ် သည်။ သို့ရာတွင် ယခုအချိန်၌ အဆင့်မြှင့်သွား ရမည့် ကာလဖြစ်ကြောင်း ဂျိမ်းစ်က ပြောကြားလိုက်သည်။

ပင်တဂွန်က ဘိုးရိန်းအပြင် ဥရောပလုပ် အဲယားဘတ်စ် A380 ကိုလည်း စဉ်းစားခဲ့ပြီး နောက်ဆုံး ဘိုးရိန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ၏ လေယာဉ် မှာ အမေရိကန်ပြည်ထောင်စု၏ အာဏာကို ဖော်ကျူးခြင်းဖြစ်ကြောင်း၊ သမိုင်းဝင်အစဉ်အလာများရှိခဲ့ကြောင်း ၁၉၆၃ခုနှစ် သမ္မတကနေဒီလုပ်ကြံ ခံရပြီးနောက် နာရီပိုင်းအတွင်း ဒုတိ ယသမ္မတ လင်ဒန်ဂျွန်ဆင်သည် သမ္မ တလေယာဉ်ပေါ်၌ပင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရမှု ရှိခဲ့သည်ဟု ဆိုသည်။

၁၉၉၇ခုနှစ်က ဟောလိဝုဒ်က Air Force One အမည်ဖြင့် ဇာတ်ကားရိုက် ကူးကာ အမေရိကန်သမ္မ တအဖြစ် ဟာရီဆန်ဖို့ဒ်က သရုပ် ဆောင်ပြီး ပြန်ပေးဆွဲခြင်း တိုက်ခိုက်မှုကို ရိုက်ကူးခဲ့ကြောင်း၊ လေယာဉ်တွင် လုံခြုံစိတ် ချရသည့် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထား ကာ Air Force One အား ရွေ့လျား နေသော ဌာနချုပ်အဖြစ်လည်း အ သုံးပြုထားကြောင်း၊ ၉/၁၁ ဖြစ်ပွား ပြီးနောက် ဤလုပ်ငန်းကို ထမ်းဆောင် ခဲ့ကြောင်း၊ စစ်ဦးစီးချုပ်၏ ရုံးခန်းလည်း ဖြစ်ကြောင်း၊ အစည်းအဝေးခန်းမ နှင့် ဆေးဝါးကုသမှုအတွက် ခွဲစိတ် ဆောင်လည်း ပါဝင်သည်ဟု သိရ သည်။

ဝန်ထမ်း ၁ဝဝ စုနိုင်သည့် အခန်းနှင့် အထက်တန်းအရာရှိများ အတွက် အခန်း များ၊ ထောက်လှမ်း ရေးများနှင့် အခြားဝန်ထမ်းများအ တွက်အခန်းများလည်း ပါဝင်သည်ဟု ဆိုသည်။

သမ္မတလေယာဉ်ပေါ်၌ရှိစဉ် အခြားလေယာဉ်က ဆက်သွယ်လာပါက ဘယ်လေယာဉ်ဖြစ်သည်ကို ချက်ချင်း သိစေနိုင်သည်။

လက်ရှိသမ္မတလေယာဉ် အုပ် စုတွင် ဂျမ်ဘိုဂျက် VC-25A နှစ်စင်း လည်း တာဝန်ထမ်းနေသည်။ ၁၉၉၁ ခုနှစ်ကစ၍ဖြစ်သည်။ လေတပ်က ဒီဇိုင်းရေးဆွဲ ထားခြင်းဖြစ်သည်။

ယ ခု Air Force One အသစ်မှာ ၂ဝ၁၈ မှစ၍ တာဝန်ထမ်းဆောင်မည်ဖြစ်ရာ သမ္မတအိုဘားမားစီးခွင့် ရနိုင်တော့မည်မဟုတ်ဟု ဆိုသည်။

AFP
#Democracytoday

No comments:

Post a Comment

My Blog List