Friday, January 30, 2015

လက်ဝါးကပ်တိုင်ရွှေ့ဆိုင်းရန် အမိန့် ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ၊ ဟားခါးတွင်လည်းဆန္ဒဖော်ထုတ်မည်


ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်ပေါ်ရှိ လက်ဝါးကပ်တိုင်ရွှေ့ခိုင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၂၉ ရက် ညနေက မြို့ တော်ခန်းမရှေ့၌ ဆုတောင်းပွဲပြု လုပ်ခဲ့ပြီး ဟားခါးမြို့၌လည်း ဖေ ဖော်ဝါရီ လဆန်းတွင် ၂ ရက် ကြာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ချင်းပြည်နယ်အစိုးရက ဇန်န ၀ါရီ ၃၁ ရက်နောက်ဆုံးထားကာ အဆိုပါ လက်ဝါးကပ်တိုင်အား ကိုရွှေ့ခိုင်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ် ရပ်မှာ အခြေခံဥပဒေတွင်ပါဝင် သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို တားဆီး ချိုးဖောက်ခြင်း ဖြစ် ကြောင်း ရန်ကုန်မြို့ဆုတောင်းပွဲ တွင် ပါဝင်ခဲ့ပြီး လက်ဝါးကပ်တိုင် တည်ဆောက် သူ ဂျေဘီဗျက်သင် ဆန်း၏ သမီးအငယ်ဆုံး မရို့စ်သင်သင်ဆန်းက ပြောသည်။

လက်ဝါးကပ်တိုင်အား ဂျေ ဘီဗျက်သင်ဆန်း၏ ဥယျာဉ်ခြံအတွင်း ၂၀၁၂ ခုနှစ် မတ်လက ကွန်ကရစ်လောင်းဆောက်လုပ်ခဲ့ ပြီး တိုင်အမြင့်ပေ ၅၀၊ အလျားပေ၃၀ ရှိကြောင်း ရို့စ်သင်သင်ဆန်း က ရှင်းပြသည်။

‘‘ကျွန်တော်တို့အခုလုပ်တာ က ဆန္ဒပြပွဲမဟုတ်ပါဘူး။ အဖွဲ့ အစည်းတွေ၊ ပါတီတွေက ဦး ဆောင်လုပ်တာ လည်း မဟုတ် ဘူး။ ပြည်နယ်ဝန်ကြီးချုပ် ရွှေ့ခိုင်းတာက ပယ်ဖျက်ခိုင်းတာနဲ့ အတူ တူပဲ။ အဲဒါကို ကျွန်တော် တို့ ခရစ်ယာန်ဘာသာယုံကြည်သူတွေ ငြိမ်းချမ်းစွာ ကန့်ကွက်တယ်။ ဆက်လက်လုပ်ဆောင်ခွင့်ရဖို့ အားလုံးစုပေါင်းပြီး ဆုတောင်းတဲ့ သဘောပါ’’ဟု ရန်ကုန်မြို့တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေ သော ဟားခါးမြို့ဇာတိ ဆလိုင်း ဗန်ကာလီလျံက ပြောသည်။

ပြည်နယ်အစိုးရက ပြောင်း ရွှေ့ရန် အမိန့်စာထုတ်ခြင်းကို ရုပ် သိမ်းပေးရန်နှင့် ဟားခါးမြို့ ခရစ်ယာန်ဘာသာ ၀င်များအနေဖြင့် ဖေဖော်ဝါရီ ၂ နှင့် ၃ ရက်နေ့များ တွင် စုပေါင်းဆန္ဒထုတ်ဖော်သွား မည်ဖြစ်ပြီး ဆန္ဒ ထုတ်ဖော်ရန်အ တွက် ဟားခါး မြို့မရဲစခန်းသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ် သည်။ဆန္ဒထုတ်ဖော်ရာ တွင် ပြည် နယ်အစိုးရမှ အမိန့်ရုပ်သိမ်းပေး ရန် တောင်းဆိုသည့် စာတန်းများ ကိုင်ဆောင်ကာ လမ်းလျှောက် မည်ဖြစ်ပြီး အဆိုပါပြဿနာပြေ လည်နိုင်ရန် စုပေါင်းဆုတောင်းပွဲ များ တစ်ပါတည်းပြုလုပ်မည်ဖြစ် ကာ လူဦးရေ ၅၀၀ ခန့်ပါဝင်မည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဦး စီးဆောင်ရွက်နေသူ ဦးဗန်သင်း လျံက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ ဆုတောင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ− နစ်ကီ)
7Day News Journal

No comments:

Post a Comment

My Blog List