Thursday, January 29, 2015

ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေး သမ္မတမိသားစုဝင်များ တက်ရောက်လှူဒါန်း

မြန်မာနိုင်ငံတွင် ဒုတိယ အင်အားအကြီးဆုံး သံဃာ့ဂိုဏ်း အဖွဲ့အစည်းကြီးဖြစ်သည့် ရွှေကျင်နိကာယဂိုဏ်း ၏ (၁၉)ကြိမ် မြောက် ဂိုဏ်းလုံးကျွတ် သံဃာ့ အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သမီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
မှော်ဘီမြို့နယ် ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်း တိုက်တွင် သီတဂူဆရာတော်ကြီးနှင့် အရှင်ဆေကိန္ဒတို့ ရယ်မောနေသော ဓာတ်ပုံနှင့်သီတဂူ ဆရာတော်ကြီးအား သမ္မတဦးသိန်းစိန်၏ သမီးများ လှူဒါန်းသော ပစ္စည်းများကို ကပ္ပိယတစ်ဦးက ကိုင်ဆောင်ထားပြီး ဓာတ်ပုံတွင် ပါဝင်သူများက ပီတိဖြစ်နေပုံ ကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဆရာတော်ကြီး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘မှော်ဘီမြို့က ဆရာတော် အရှင်ဆေကိန္ဒကျောင်းတိုက်မှာ သမ္မတကြီးသမီးတွေ လှူဖွယ် တွေ ကပ်တဲ့ပုံပါ။ အရှင်ဆေကိန္ဒ ကျောင်းမှာ ဒီည သီတဂူဆရာ တော်ကြီး တရားပွဲလည်း ရှိပါ တယ်’’ဟု သီတဂူဆရာတော် ကြီး ၏ ကပ္ပိယတစ်ဦးက ရှင်းပြသည်။

ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ဒုတိယ နေ့ကို ဇန်န၀ါရီ ၂၈ ရက် နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး ကိုယ်တိုင် သဘာပတိအဖြစ် ထမ်းဆောင်ခဲ့သည်။

ဆရာတော်ကြီးနှင့် တွဲဖက်သာသနာပိုင် ဆရာတော်ကြီးများက ရှေးဦးစွာ သြ၀ါဒကထာချီးမြှင့်ကြပြီး ထင်ရှားကျော်ကြားသော ရွှေကျင် ဆရာတော်ကြီးများ၏ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ရွှေကျင်ဆရာတော်ကြီးများ အစဉ်အဆက်တို့၏ အဆုံးအမများ ဖတ်ကြားပူဇော် ခြင်းနှင့် ဥရောပသို့ ဗုဒ္ဓဘာသာ စတင်ရောက်လာပုံတို့ကိုလည်း ဖတ်ကြားခြင်းများ ပြုလုပ်တော် မူကြသည်။

အစည်းအဝေးတွင် ရွှေကျင် ဂိုဏ်းသာသနာတော် ကြီးပွားရေး၊ ညီညွတ်ရေး၊ ပြန့်ပွားရေးအပြင် ဂိုဏ်း တွင်းဖြစ်ပေါ်နေသော အခက်အခဲပြဿနာများ အကြောင်းနှင့် ပြည်ပရှိ ရွှေကျင်ဂိုဏ်း သာသနာအကြောင်း ဆွေးနွေးကြသည်။

ဇန်န၀ါရီ ၂၇ မှ ၂၉ ရက်အ ထိ သုံးရက်ကြာပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့ ပြည်တွင်း ပြည်ပမှ ရွှေကျင် ဂိုဏ်းဝင် ဆရာတော်အပါး ၁၀၀၀ ခန့် ကြွရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မိသားစုဝင်များ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း) ၏ဇနီး ဒေါ်မြမြစန်း၊ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး(ကွယ်လွန်)၏ ဇနီး ဒေါ်ခင်သန်းနွဲ့၊ ဗိုလ်ချုပ်ကြီး စိုးဝင်း(ကွယ်လွန်)၏ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)၏ဇနီး ဒေါက် တာ ဒေါ်တင်လင်းမြင့်တို့လည်း တက် ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သမီးများက ဓမ္မဒူတရွှေကျင်အစည်းအဝေးကြီးတွင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ် (ဓာတ်ပုံ - သီတဂူအောင်သန်းဝင်း)
7Day Daily

No comments:

Post a Comment

My Blog List