Friday, January 30, 2015

ရွှေကျင်ဂိုဏ်း၏ တွဲဖက်သာသနာပိုင်အဖြစ် သီတဂူဆရာတော်ကြီးအား ခန့်အပ်


သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ ရွှေကျင်နိကာယသံဃာ့ ဂိုဏ်း၏ တွဲ ဖက်သာသနာပိုင်အဖြစ် ခန့်အပ် လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် ဒုတိယအင် အားအကြီးဆုံးသံဃာ့ဂိုဏ်းဖြစ် သည့် ရွှေကျင်ဂိုဏ်း အနေဖြင့် လစ်လပ်နေသော တွဲဖက်သာသနာပိုင်သုံးနေ ရာကို အစားထိုးရွေးချယ် တင်မြှောက်ခဲ့ရာ သီတဂူဆရာတော်ကြီးအား ရွေးချယ်တင်မြှောက်ခဲ့ ခြင်းဖြစ် သည်။
ဇန်န၀ါရီ ၂၇ မှ ၂၉ ရက် အထိ သုံးရက်ကြာကျင်းပခဲ့သော ရွှေကျင်ဂိုဏ်း လုံးကျွတ် အစည်း အဝေးကြီး ၏ နောက်ဆုံးနေ့တွင် ခန့်အပ်လိုက်ခြင်းဖြစ် ကာ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးမှဘွဲ့ပုံတော် လက်မှတ်များ ချီးမြှင့်ခဲ့သည်။

‘‘အခွင့်အရေးဆိုတာ အလုပ်ပဲ။ ရာထူးမဟုတ်ဘူး။ အခုလို ဘုန်းကြီးကို တွဲဖက်သာသနာပိုင် ခန့်လိုက်တာ ဟာ အလုပ်လုပ်ဖို့ တာဝန်ပေးတယ်လို့ပဲ ခံယူပါ တယ်။ သက်တော် (၈၀) ကျော် ဆရာတော်ကြီးတွေ အများကြီးရှိ တဲ့ အထဲက အခုလို အသက် (၈၀) တောင် မပြည့်သေးတဲ့ ဘုန်းကြီးကို ဒီရာထူးအပ်လိုက်လို့ အ နေကျုံ့ပြီး ရှက်သလိုတောင်ဖြစ် ရပါတယ်’’ဟု သီတဂူဆရာတော် ကြီးက မိန့်ကြားသည်။

တွဲဖက်သာသနာပိုင် သုံးပါး ခန့်အပ်ခဲ့ရာတွင် သက်တော် (၈၆)နှစ်ရှိ ဘဒ္ဒန္တ ၀ိဇ္ဇောတ၊ သက်တော်(၈၀)ရှိ ဘဒ္ဒန္တမာနိတသိရီဘိဝံသ၊ သက်တော်(၇၉)နှစ်ရှိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရတို့အား သာသနာပိုင်ဝါဆို ဆရာတော်ကြီးအမိန့်ဖြင့် ခန့်အပ် ခဲ့ခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၇ မှ ၂၉ ရက်အ ထိ သုံးရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါအစည်း အဝေးသို့ ပြည်တွင်း၊ ပြည်ပ မှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်အပါး ၁,၀၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များ တင်ပြခြင်း၊ ရှင်းလင်းဆွေးနွေးခြင်း၊ သာသနာတော်သန့်ရှင်းရေးဆိုင်ရာကိစ္စရပ် များ ဆွေးနွေးခြင်း၊ လစ်လပ်လျက်ရှိ သော ရာထူးအသီးသီးများတွင် အစားထိုးခန့်အပ်ခြင်း၊ စာတမ်းများတင်သွင်းခြင်း အစရှိသည် များကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက် ငါးရပ်၊ ခန့်အပ်ခြင်း ငါးရပ်၊ မှတ်တမ်းတင်ခြင်း ၁၃ ရပ်တို့ကို ပြု လုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

ရွှေကျင် နိကာယသံဃာ့ဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော သီတဂူဆရာတော် (ဓာတ်ပုံ − ခင်မောင်ဝင်း / အေပီ)
7Day Daily

No comments:

Post a Comment

My Blog List